သူတို့အိမ် အခန်း (၁၇၅)

ဆူးငှက်   ပြည်တစ်ဖက်ကမ်း ဆင်တဲစက်ရုံက ပြန်ခဲ့သူ ———————————————– ၁၉၉၀ ဝန်းကျင်ကာလ တစ်ညခင်းက ဖြစ်လိမ့်မည်။ ဟေမာဇလရပ်ရှိ ကျွန်တော့် စာအုပ်ဆိုင်သို့ စာရေးဆရာ ကိုရိုးကွန့် နှင့်အတူ ကျွန်တော်တို့ မသိသော“ပုဂ္ဂိုလ်”တစ်ယောက် ပါလာ၏။ အရောင်နုနုအကျီလက်တို၊ အကွက်စိပ် ပလေကပ် လုံချည်နှင့် သပ်သပ်ရပ်ရပ် ကြော့ကြော့မော့မော့။ ဆံပင်တိုတို ပိပိရိရိဖီးထားပြီး ထောင်ထောင်မောင်းမောင်း အသားဖြူဖြူ ရုပ်ရည်ကလည်းခံ့ခံ့ချောချော။ အမူအရာကရှူတည်တည်။ စတွေ့ကတည်းက ထူးခြားသည်မှာ ညာဘက် လက်က မေးဖျားအားကိုင်၍ လက်ညှိုးလေးက စေ့ထားသော နှုတ်ခမ်းပေါ်ကန့်လန့်ဖြတ် ထောင်ပြီး လက်ညှိုး ထိပ်ဖျားလေးက လှုပ်ရှားနေသည်။ ကိုရိုးကွန့်ကတော့ ထုံးစံအတိုင်း စာအုပ်စားပွဲနှင့်ယှဉ်ကာ ချထားသော ရသေ့ကျောင်း ခုံရှည်ကြီးပေါ် စုပြုံထိုင်နေကြသော ကျွန်တော် တို့ကို “စားပြီးကြပြီလား၊ ဘယ်သူ မလာဘူးလား၊ ဘယ်ဝါ မလာဘူးလား၊ သည်နေ့ ဘာမဂ်္ဂဇင်း အသစ်…

Read More

လူငယ်နှင့် Social Media

မန္တလာ ဆရာမျိုး ယနေ့ကမ္ဘာကြီးသည် နည်းပညာဖွံ့ဖြိုးတိုးတက်မှု အလွန်မြန်ဆန်သောခေတ်သို့ ရောက်ရှိနေပြီဖြစ်သည်။ အင်တာနက်၊ စမတ်ဖုန်း၊ ကွန်ပျူတာနှင့် Social Media ဟုခေါ်သော လူမှုကွန်ရက်များသည် လူတို့၏ နေ့စဉ်ဘဝအတွင်း မရှိမဖြစ်လိုအပ်သည့် အစိတ်အပိုင်းများဖြစ်လာကြသည်။ ယခင်က သတင်းတစ်ပုဒ်ကို သိရှိရန် သတင်းစာ ထွက်လာသည့် အချိန်ကို စောင့်ရခြင်း၊ ရေဒီယိုနားထောင်ရခြင်း၊ ရုပ်မြင်သံကြားအစီအစဉ်ကို စောင့်ကြည့်ရခြင်းတို့ လိုအပ်ခဲ့သော်လည်း ယနေ့ခေတ်တွင်တော့ လက်ထဲရှိ စမတ်ဖုန်းတစ်လုံးကို ဖွင့်လိုက်ရုံဖြင့် ကမ္ဘာတစ်ဝန်း ဖြစ်ပျက်နေသော သတင်းများ၊ ပညာရေးဆိုင်ရာ အကြောင်းအရာများ၊ ကျန်းမာရေးဗဟုသုတများ၊ အနုပညာဖျော်ဖြေရေးများနှင့် လူမှုရေး အခြေအနေများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ပြီဖြစ်သည်။ ထိုသို့သော နည်းပညာပြောင်းလဲမှု၏ အလယ်ဗဟိုတွင် လူငယ်များသည် အဓိကနေရာမှ ပါဝင်လျက်ရှိကြသည်။ လူငယ်ဘဝဆိုသည်မှာ ပညာသင်ယူရမည့်အချိန်၊ အရည်အချင်းများ တိုးတက်အောင် လေ့ကျင့်ရမည့်အချိန်၊ မိမိ၏ ကိုယ်ပိုင်စရိုက်လက္ခဏာနှင့် အနာဂတ်ဘဝရည်မှန်းချက်ကို ပုံဖော်တည်ဆောက်ရမည့် အရေးကြီးသောကာလ တစ်ခုဖြစ်သည်။…

Read More

ဟိမဝန္တာမှ ပရိုမီးသီးယပ်စ် သို့မဟုတ် စနစ်ဟောင်းကို မီးတင်ရှို့သူ

MT(VOM) ၂၀၀၉ ခုနှစ်က ရုံတင်ခဲ့တဲ့ Three Idiots ဆိုတဲ့ အိန္ဒိယရုပ်ရှင်ကားကို ကြည့်ဖူးသူတိုင်း “ရမ်ချိုဒါးစ် ရှာမားဒါးစ် ချန်ချာ့ဒ်” (Rancho) ဆိုတဲ့ ကောင်လေးကို ပရိသတ်တွေ မေ့နိုင်ကြမည် မဟုတ်ပါ။ စာအုပ်ထဲက စာတွေကို ကြက်တူရွေးလို ကျက်မှတ်တာကို စက်ဆုပ်ပြီး သင်ခန်းစာရဲ့ အနှစ်သာရကိုပဲ လိုက်ရှာတတ်သူ၊ စနစ်ဟောင်းရဲ့ တင်းကျပ်မှုတွေကို ပြုံးပြုံးလေးနဲ့ စိန်ခေါ်ရင်း “အောင်မြင်အောင် မလုပ်နဲ့၊ အတော်ဆုံးဖြစ်အောင်လုပ်၊ အောင်မြင်မှုဆိုတာ နောက်က ထက်ကြပ်မကွာ လိုက်လာလိမ့်မယ်” လို့ ရဲရဲဝံ့ဝံ့ ဟောပြောခဲ့တဲ့ ထူးဆန်းဆန်း ဇာတ်ကောင်။ ဒါပေမဲ့ ဒီဇာတ်ကောင်ဟာ ရုပ်ရှင်ဒါရိုက်တာရဲ့ စိတ်ကူးယဉ် သက်သက် မဟုတ်ခဲ့ပါ။ စိမ်းစိုစို တောင်တန်းတွေ၊ ဆီးနှင်းဖုံးတဲ့ လာဒတ်ခ် (Ladakh) ဒေသရဲ့ လေထုထဲမှာ တကယ်စက်သွင်း လှုပ်ရှားနေတဲ့ “တကယ့်ဘဝက ရမ်ချို” တစ်ယောက်…

Read More

လူနာစောင့် မပါရင် လူနာကို​ဆေးရုံကြီးက လက်မခံလို့ လူမှုကူညီရေးအသင်းအဖွဲ့တွေ စောင့်ပေးရတဲ့ကိစ္စ ဆေးရုံဘက်က ဖြေလျှော့ပေးဖို့လိုအပ်

မန္တလေး၊ ဇူလိုင်- ၂၄- ၂၀၂၆ SA(VOM) ယာဥ်မတော်တဆမှု (accident) ဖြစ်စဥ်တွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေကို ပရဟိတ လူမှုကူညီရေးအသင်းတွေက ဆေးရုံတွေကို ပို့ဆောင်ပေးတဲ့အခါ လူနာရှင်မပါရင် ဆေးရုံက လက်မခံလို့ ကူညီပေးတဲ့အဖွဲ့တွေက လူနာရှင်လာတဲ့အထိ စောင့်ဆိုင်းပေးနေရတဲ့ အခက်အခဲတွေရှိနေတဲ့အကြောင်း မန္တလေးက လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” လူနာစောင့်မပါရင် စောင့်ပေးရတယ်၊ လိုက်ရှာရတယ်၊ အတတ်နိုင်ဆုံး နီးနိုင်တဲ့ အသင်းချင်း အသင်းချင်းချိတ်ဆက်ပြီးတော့ မြို့နယ်ရရင် မြို့နယ်၊ ရပ်ကွက်ရရင် ရပ်ကွက် လိုက်ချိတ်ပြီးတော့ရှာရတယ်၊ ရှာမတွေ့ဘူးဆိုရင် ဒီလူနာကို ကုတင်ပေါ်ရောက်တဲ့အထိစောင့်ပေးရတယ်၊ လူနာစောင့်မပါရင် ပို့ဖို့ကို အတော်လေးကို စဥ်းစားရတယ်ဗျ၊ တခါတလေဆိုရင် နီးစပ်ရာဆေးခန်းနဲ့ အသင်းရုံးတွေမှာ သူ့ကို သတိပြန်လည်လာနိုင်တဲ့အထိ ပြုစုပြီးတော့ ပို့ရတယ်၊ လူနာစောင့်လာမှာ ဆေးရုံကိုပို့ရတယ် မဟုတ်ရင် လူနာနဲ့ဆေးရုံမှာ ရွာလည်နေရင် ဒုက္ခရောက်တယ်လေ၊ လူနာစောင့်မပါရင် ဆေးနဲ့လူမှုဆက်ဆံရေးအဖွဲ့ကနေပြီးတော့ စောင့်ရှောက်ပေးဖို့ပါပဲ…

Read More

မန္တလေးတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ယာဉ်တိုက်မှုဖြစ်ခဲ့တာကို ဖုံးကွယ်လို့ ​ပြောင်း​ရွှေ့စစ်​ဆေးခံ​နေရ

ဇူလိုင် ၂၄-၂၀၂၆ KKA(VOM) မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတခုမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးရဲ့ မော်တော်ယာဉ်နဲ့ သူကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်၊ သူ့ကို ရာထူးကနေ ​ပြောင်း​ရွှေ့ပြီး စစ်​ဆေး​​နေပြီလို့ ဒီနေ့ ဇူလိုင် ၂၄ ရက်မှာ စုံစမ်းသိရှိရပါတယ်။ ဖြစ်စဉ်ကတော့ လွန်ခဲ့တဲ့ ဇူလိုင် ၁၃ ရက် ညပိုင်းကမန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၆၃ လမ်းနဲ့ ၂၄ လမ်းထောင့်မှာ ယာဉ်တိုက်မှုတခု ဖြစ်ပွားခဲ့တယ်။ အဲဒီယာဉ်တိုက်မှုဟာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ကိုယ်တိုင် မောင်းနှင်လာတဲ့ ယာဉ်ဖြစ်တယ်လို့ အခင်းဖြစ်နေရာ အနီးဝန်းကျင်မှာ နေထိုင်သူအချို့က ပြောဆိုကြပေမယ့် အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်လို့တော့ တစုံတရာ အတိအကျ ပြောဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ “ဒီနားမှာ တိုက်တာတော့ ဟုတ်တယ်၊ ဒါပေမယ့် အတိအကျတော့ မပြောရဲဘူး။…

Read More

မီလျံနာရွှေဆိုင်ကို ဓားပြတိုက်တဲ့ ဓားပြ ၆ ​ယောက်ကို ဖမ်းဆီးရမိ

မန္တလေး၊ ဇူလိုင်- ၂၄- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း ၆၂ လမ်းနဲ့ ၆၄ လမ်းကြားမှာရှိတဲ့ မီလျံနာရွှေဆိုင်ကို ဇူလိုင် ၂၀ ရက်နေ့က ဓားပြတိုက်သွားတဲ့ ဓားပြ ၆ ယောက်စလုံးကို ဖမ်းဆီးရမိပြီဖြစ်ပါတယ်။ မီးလျံနာရွှေဆိုင်အား ဓါးပြတိုက်သူတွေဆီက အရည်ကျိုထားတဲ့ရွှေတုံး ၄တုံး၊ ရွှေဟန်းချိန်း ၂ ကုံး (စုစုပေါင်း ၁၅ ကျပ်ခန့်)၊ Redmi ဖုန်း Handset ၂ လုံး၊ နိုင်ငံသားစိစစ်ရေးကတ်၊ ၉/ခမစ(နိုင်) ၀၂၀၆၈၉ ၊ အမည် မျိုးခိုင် ကတ် ၁ ခု၊ နိုင်ငံသားစိစစ်ရေးကတ်၊ ၉/ခမစ(နိုင်) ၀၄၈၂၇၅၊ အမည် ၊ ဝင်းဇော် ကတ် ၁ ခု၊ ယာဥ်မောင်းလိုင်စင် (မျိုးခိုင်အမည်) ၁ ခု၊ ဘေးလွယ်အိတ်…

Read More

စက်သုံးဆီတွေ ဈေးထပ်တက်လာပြီး ဝယ်ယူရ ခက်ခဲနေ

ဇူလိုင် ၂၄ – ၂၀၂၆ SN (VOM) လက်ရှိ စက်သုံးဆီ ဈေးကွက်အတွင်း ဆီဈေးတွေ ထပ်တက်လာတဲ့အပြင် မြို့ကြီးတချို့က ဆီဆိုင်တွေမှာ ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ အရောင်းဆိုင်တွေနဲ့ ယာဉ်မောင်းတွေဆီက စုံစမ်း သိရှိရပါတယ်။ လက်ရှိမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ သထုံ၊ တောင်ကြီး၊ ထားဝယ် အစရှိတဲ့ မြို့ကြီးတွေက စက်သုံးဆီ အရောင်းဆိုင်တချို့မှာ 92, 95 ဓာတ်ဆီအမျိုးအစားတွေ ဝယ်မရတဲ့ အခက်အခဲတွေရှိနေပြီး တန်းစီ ဝယ်ယူရမှုတွေလည်း ပြန်လည် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “ဆီလျှော့တာက ဇူလိုင် လဆန်းပိုင်းကတည်းက၊ တပတ်စာ ခွဲတမ်းနဲ့ရတာဆိုတော့ ဆီဆိုင်တွေက ကြာသပတေးနေ့ မရောက်ခင် ဆီကုန်တာတွေ ဖြစ်လာတာ။ ရန်ကုန်မှာတောင် တချို့ ဆီဆိုင်တွေမှာ 92, 95 နှစ်မျိုးလုံး မရတာ၊ တချို့ဆိုင်တွေဆို တမျိုးလောက်ပဲ ဝယ်လို့ရတာမျိုး…

Read More

မိုးညှင်း-မြစ်ကြီးနား ရထားလမ်းပိုင်း သံလမ်းထိန်းကလစ်‌တွေအခိုးခံရပြီး ရထားလမ်းချော်ခဲ့လို့ ပြန်လည်ပြုပြင်​နေရ

ဇူလိုင်-၂၄-၂၀၂၆ KKA (VOM) ဇူလိုင် ၂၁ ရက်နေ့ကမှ ပြန်စဆွဲခဲ့တဲ့ မိုးညှင်း-မြစ်ကြီးနား ရထားလမ်းပိုင်းမှာ သံလမ်းထိန်းကလစ်တွေ ဖြုတ်ယူအခိုးခံလိုက်ရပါတယ်။ အဲဒီလို ခိုးယူခံရတာကြောင့် ရထားစက်ခေါင်းနဲ့ တွဲဆိုင်း လမ်းချော်တာတွေ ဖြစ်ခဲ့ပြီး ရထားလမ်းကိုလည်း ယာယီပိတ်လိုက်ရတယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းမှာ ဟိုပင်မြို့နယ် နန်းခွင်ဘူတာကနေ ထွက်လာတဲ့ ရထားလမ်းလုံခြုံရေး ကင်းလှည့်ရထားဟာ နန်းခွင်နဲ့ ဟိုပင်ဘူတာကြား ရောက်တဲ့အချိန်မှာ စက်ခေါင်းနဲ့အတူ နောက်ပါတွဲ ဆိုင်း၂ တွဲ လမ်းချော်ကျသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နန်းခွင်-ဟိုပင် လမ်းပိုင်းကို ယာယီပိတ်ထားခဲ့ရတာလည်းဖြစ်ပါတယ်။ ဒီလို လမ်းချော်သွားတဲ့အတွက် မီးရထားတာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့တဲ့အခါမှာ ပေ ၂၄၀ ခန့်ရှိတဲ့ သံလမ်းဧရိယာအတွင်းက သံလမ်းထိန်းကလစ် စုစုပေါင်း ၄၀၈ ခုကို မသမာသူတွေက ဖြုတ်ယူခိုးသွားတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။…

Read More

လူနာလာပို့တဲ့ လူမှုရေးအသင်းတွေ အခက်အခဲမရှိအောင် မန္တလေးဆေးရုံကြီးက ဆောင်ရွက်ပေးမယ်

မန္တလေး၊ ဇူလိုင်- ၂၄- ၂၀၂၆ SA(VOM) လူနာစောင့် မပါရင် လူနာကိုဆေးရုံကြီးကလက်မခံလို့ လူမှုကူညီရေးအသင်းအဖွဲ့တွေ စောင့်ပေးရတဲ့ကိစ္စ ဆေးရုံဘက်က ဖြေ လျှော့ပေးဖို့လိုအပ်ဆိုတဲ့ သတင်းကို ဒီကနေ့ ဇူလိုင် ၂၄ ရက်မနက်မှာ VOM ကနေ သတင်းတင်ဆက်ခဲ့ပါတယ်။ အဲဒီနောက် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရဲ့ ဆေးရုံ အုပ် ဆရာဝန်ကြီး ဒေါက်တာဆန်းလွင်ဦးကို အဆက်သွယ်ရတဲ့အတွက် လူမှုရေးအသင်းတွေရဲ့အခက်အခဲကို ဆေးရုံဘက်က ဘယ်လိုဖြေရှင်းပေးနေလဲ လူနာရှင်တွေအနေနဲ့ ဆေးရုံကြီးအရေးပေါ်ဌာနရောက်ရင် ဘယ်လိုတွေကူညီပေးမလဲဆိုတာ VOM အယ်ဒီတာချုပ် ကိုနေလင်းက မေးမြန်းခွင့်ရခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ လူနာလာပို့တဲ့ လူမှုရေးအသင်းသားတွေမှာ လူနာရှင်မပါရင် အခက်ခဲဖြစ်တယ်ဆိုတဲ့ ကိစ္စ ဆေးရုံဘက်က ဘာတွေဆောင်ရွက်ထားသလဲဆိုတာ စမေးကြည့်တော့ ဆေးရုံ အုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက ခုလိုဖြေကြားပေးပါတယ်။ #voiceofmyanmar #vom #မန္တလေးဆေးရုံကြီး #accident #ယာဥ်တိုက်မှုလူနာ #လူမှုကူညီရေးအသင်းအခက်အခ

Read More

ကလေးခိုးပြီး နှိပ်စက်၊ တောင်းရမ်းခိုင်းစားပြီး မတရားပြုကျင့်သူကို ဖမ်းမိပြီ

ဇူလိုင် ၂၂ – ၂၀၂၆ SS (VOM) ကလေးခိုးပြီး နှိပ်စက်၊ တောင်းရမ်းခိုင်းစားမှု ကျူးလွန်သူကို မနေ့ ဇူလိုင် ၂၁ ရက်၊ ည ၁၂ နာရီဝန်းကျင်က ဧရာဝတီတိုင်းအတွင်းက မော်လမြိုင်ကျွန်းမြို့နယ်မှာ ပြည်သူတွေရဲ့ ကူညီမှုနဲ့ ပြန်လည် ဖမ်းမိပြီဖြစ်ပြီး ပြစ်မှု ကျူးလွန်သူဟာ ကလေးရဲ့ မိခင်နဲ့လူမှု​ရေးဆက်နွယ်သူ ဖြစ်တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။ “မိတာက ကျိန်းသေ မိသွားပါပြီ။ မော်ကျွန်းက ပြည်သူတွေ ဝိုင်းဖမ်းပေးတာပါ။ သူက ကလေးအမေနဲ့ လူမှု​ရေးဇာတ်လမ်းရှိသူလို့ သိရတယ်။ အဲဒါကြောင့် ကလေးအမေက ကလေးပျောက်တာ၊ အဲဒီလူ ခေါ်သွားတာကို သိပေမယ့် လိုက်မရှာ၊ အမှုလည်း မဖွင့်ဘဲ ထားထားတာ” လို့ ဒီဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။ ပြစ်မှုကျူးလွန်သူဟာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ကျီစုအနီးရှိ…

Read More
✕
VOM News

FREE
VIEW