SN (VOM) မြန်မာနိုင်ငံမှာ မုန်တိုင်းရာသီ (၂)ချိန်ရှိပြီး မိုးကြိုကာလဖြစ်တဲ့ ဧပြီလလယ်ကနေ မေလလယ်အထိနဲ့ မိုးလွန်ကာလဖြစ်တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ မုန်တိုင်းတွေ ဖြစ်ပေါ်တတ်တယ်လို့ သိရပါတယ်။ မုန်တိုင်းတွေဟာ ဘင်္ဂလားပင်လယ်အော်အတွင်း စတင်ဖြစ်ပေါ်လေ့ရှိပြီး ကနဦးမှာ အနောက် (သို့မဟုတ်) အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားတတ်ကာ တစ်ခါတရံမှာတော့ မြောက် (သို့မဟုတ်) အရှေ့မြောက်အရပ်ဆီသို့ ပြောင်းလဲ ရွေ့လျားတတ်တယ်လို့ သိရပါတယ်။ အခုလို ရွေ့လျားမှုဟာ မြန်မာနိုင်ငံအတွင်း မုန်တိုင်းဝင်ရောက်မှုကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ မုတ်သုံလေ ရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ မုတ်သုံမုန်တိုင်းငယ်တွေ ဖြစ်ပေါ် တတ်ပြီး မိုးကြိုရာသီနဲ့ မိုးလွန်ရာသီတွေမှာ ဖြစ်တတ်တဲ့ မုန်တိုင်းတွေဟာ အဖျက်စွမ်းအားများပြီး ပျက်စီးဆုံးရှုံးမှု များစွာ ဖြစ်စေတတ်တယ်လို့ သိရပါတယ်။ မုန်တိုင်းတွေရဲ့ အရေးပါလှတဲ့ အဖျက်စွမ်းအား (၃) မျိုးကတော့ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်ခြင်းနဲ့ မုန်တိုင်းဒီရေတက်ခြင်းတို့ ဖြစ်ပါတယ်။…
Read MoreCategory: သုံးသပ်ချက်
အကာအကွယ် မဲ့နေတဲ့ အဖိနှိပ်ခံ မြန်မာအလုပ်သမားများ
SN (VOM) နှစ်စဉ် မေလ ၁ ရက်နေ့ကို အလုပ်သမားအခွင့်အရေးတွေ အာမခံချက် အပြည့်အဝရရှိစေဖို့ ကြိုးပမ်းအားထုတ်ခဲ့မှုတွေအတွက် အသိအမှတ်ပြုတဲ့ အထိမ်းအမှတ်အနေနဲ့ ကမ္ဘာတဝှမ်းရှိ အလုပ်သမားတွေက “မေဒေးနေ့“ အဖြစ် ဂုဏ်ပြုကျင်းပကြပါတယ်။ ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့မှာကျရောက်ခဲ့တဲ့ အလုပ်သမားနေ့ (မေဒေးနေ့)ဟာ နိုင်ငံတကာအတွက် (၁၃၃)ကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ၁၉၃၈ ခုနှစ်၊ မေလ ၁ ရက်နေ့မှသာ ပထမအကြိမ်အဖြစ် စတင် ကျင်းပနိုင်ခဲ့တဲ့အတွက် (၄၈)နှစ်တာ နောက်ကျပြီး ကျင်းပခဲ့ရတာကြောင့် အခုအကြိမ်ဟာ မြန်မာနိုင်ငံအတွက်ဆိုရင်တော့ (၈၅ ) ကြိမ်မြောက် ဖြစ်ပါတယ်။ မေဒေး (ခေါ် ) အလုပ်သမားနေ့ဆိုတာဟာ အလုပ်သမား လူတန်းစားတွေအဖို့ လွန်စွာအရေးပါတဲ့ နေ့ကြီးဖြစ်ပါတယ်။ ရှေးနှစ်ပေါင်းများစွာက အလုပ်သမား ပစ္စည်းမဲ့လူတန်းစားတွေကို ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ အရင်းရှင်စနစ်ကို တော်လှန်ပြီး အလုပ်သမားတွေရဲ့ ဘဝသစ်…
Read Moreသမိုင်းတလျှောက် အမြင့်ဆုံးဖြစ်လာတဲ့ ပြည်တွင်းဆန်ဈေး
SN (VOM) သင်္ကြန်မတိုင်မီ ကာလကတည်းက အမြင့်ဈေးမှာပဲ ရှိခဲ့တဲ့ ပြည်တွင်းဆန်ဈေးနှုန်းဟာ သင်္ကြန်ကာလအလွန်မှာတော့ သမိုင်းတလျှောက် မကြုံဖူးတဲ့ ဈေးတန်းတခုကို ရောက်ရှိလာပါတယ်။ စျေးကွက်ထဲ ဆန်အသစ်တွေ ဝင်ရောက်နေချိန်မှာ ဆန်စျေးကျဆင်းလေ့ရှိပေမယ့် အခု ၂၀၂၃ ခုနှစ်မှာတော့ စပါးစျေးနဲ့ အထွေထွေကုန်ကျစရိတ်တွေ မြင့်တက်နေတာကြောင့် ဆန်စျေးတွေလည်း တောက်လျှောက် လိုက်ပါမြင့်တက်နေတာပါ။ အခုလို ပြည်တွင်းဆန်စျေးကွက်အတွင်း စျေးနှုန်း မတန်တဆမြင့်တက်နေတာဟာ နယ်မြေ မတည်ငြိမ်မှုတွေအရ စပါးစိုက်ပျိုးနိုင်ခြင်းမရှိဘဲ စိုက်ဧကလျော့ကျလာတာ၊ လျှပ်စစ်မီးမရတာကြောင့် စပါးကြိတ်ခွဲမှုလုပ်ငန်းတွေ နှောင့်နှေးပြီး ကုန်ကျစရိတ် ပိုလာတာ၊ သယ်ယူစရိတ်တွေ မြင့်တက်လာတာ၊ လှောင်လက်တွေရဲ့ စျေးကစားမှုတွေရှိနေတာ စတဲ့အချက်တွေကြောင့် ဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ လက်ရှိဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ကျပ် ၁၀၅,၀၀၀ မှ ၁၁၀,၀၀၀ အထိ မြင့်တက်နေတာဖြစ်ပြီး ရက် ၉၀ ဆန်ကြမ်းဈေးမှာလည်း တစ်အိတ်ကို ကျပ်…
Read Moreမီးပြတ်ချိန်များလို့ ပိုပြီး အခက်ကြုံနေရတဲ့ ပြည်သူတွေ
SN (VOM) ပူပြင်းခြောက်သွေ့လာတဲ့ နွေရာသီကာလအတွင်းမှာ လျှပ်စစ်မီးဟာလည်း တနေ့ထက်တနေ့ ဆိုးရွားစွာပြတ်တောက်လာတာကြောင့် မြန်မာနိုင်ငံအတွင်းနေထိုင်တဲ့ ပြည်သူတွေဟာ လုပ်ငန်းခွင်နဲ့ နေ့စဉ်ဘဝမှာ လူမှုဒုက္ခတွေကို အကြီးအကျယ် ရင်ဆိုင်နေကြရပါတယ်။ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ ဒီရက်ပိုင်းအတွင်း မီးပြတ်တောက်မှု အခြေအနေ အလွန်ဆိုးရွားလာနေပြီး သက်ဆိုင်ရာကတော့ ၄ နာရီခြား မီးပေး၊ မီးဖြတ်စနစ်နဲ့ အလှည့်ကျ မီးပေးလျက်ရှိကြောင်း ထုတ်ဖော်ပြောပေမယ့် လျှပ်စစ်မီးမလာတာက ပိုများနေတယ်လို့ မြို့နေပြည်သူတွေက ပြောပါတယ်။ လျှပ်စစ်မီးဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစလို့ ၂၄ နာရီ အချိန်ပြည့်မရရှိတော့ဘဲ အချိန်ပိုင်းနဲ့ အလှည့်ကျ ဖြန့်ဝေပေးမယ်လို့ ကြေညာထားပေမယ့် ဒီကနေ့အထိ သတ်မှတ်အချိန်ဇယားအတိုင်း အတိအကျ ပေးနိုင်ခြင်းမရှိလို့ လူထုကြား အငြင်းပွားပြောဆို ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာလည်း အရင်ကထက်ပိုပြီး မီးပျက်ချိန်များလာတာကြောင့် ပြည်သူတွေဟာ ချက်ပြုတ်ရာမှာ ထင်း၊ မီးသွေးနဲ့ ဂက်စ်တွေအပြင်…
Read Moreမြင့်တက်နေတဲ့ အပူချိန်နဲ့ သတိထားရမယ့် Heat Stroke အန္တရာယ်
SN (VOM) လက်ရှိ မြန်မာနိုင်ငံအတွင်း အထက်အညာဒေသနဲ့ နေရာဒေသတိုင်းလိုလိုမှာ အပူချိန်တွေ သိသိသာသာ မြင့်တက်လာနေတာ ဖြစ်ပါတယ်။ မတ်လ ဒုတိယပတ်လောက်ကတည်းက ပူပြင်းတဲ့ ရာသီဥတုရဲ့ဒဏ်ကို ရန်ကုန်အပါအဝင် မြန်မာနိုင်ငံက မြို့အတော်များများမှာ သိသိသာသာခံစားလာရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလဒုတိယပတ်ကစပြီး မြန်မာနိုင်ငံ အထက်အညာဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေ့အပူချိန်ဟာ ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့သလို မြန်မာအရှေ့တောင်ပိုင်းနဲ့ ကျန်ဒေသအများစုမှာလည်း နေ့အပူချိန်ဟာ ၃၇ ဒီဂရီစင်တီဂရိတ်လောက်အထိ မြင့်တက်လာခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။ အပူချိန်တွေ သိသိသာသာ မြင့်တက်နေတဲ့အတွက် အထူးသဖြင့် သက်ကြီးဘိုးဘွားတွေနဲ့ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ နာတာရှည်ရောဂါရှိသူတွေ၊ ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါ၊ စိတ်ကျန်းမာရေးချို့ယွင်းသူတွေ၊ အရက်စွဲတဲ့သူတွေ၊ မူးယစ်ဆေးသုံးစွဲသူတွေအနေနဲ့ အပူဒဏ်အန္တရာယ်ကို အထူးသတိပြုရမှာဖြစ်ပြီး Heat Stroke (အပူလျှပ်ခြင်း) အဖြစ်များနိုင်တာကြောင့်…
Read Moreမြန်မာအိမ်ထောင်စုတွေ ရင်ဆိုင်နေရတဲ့ ဝင်ငွေကျဆင်းခြင်း ဒုက္ခ
SN (VOM) လက်ရှိ မြန်မာနိုင်ငံဟာ စီးပွားရေးကျဆင်းလာမှုနဲ့အတူ ၂၀၂၂ ခုနှစ်မှာ သိသိသာသာ မြင့်တက်လာတဲ့ ဆင်းရဲနွမ်းပါးမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို တွေ့ကြုံခံစားနေကြရတာ ဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ နိုင်ငံအတွင်းက ထွက်ခွာသွားကြတဲ့အပြင် ကုန်ထုတ်လုပ်နေတဲ့ စက်ရုံတွေ ပိတ်သိမ်းသွားခြင်းနဲ့အတူ အလုပ်လက်မဲ့နှုန်းတွေ မြင့်တက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရှားပါးလာခဲ့ပါတယ်။ ဒါ့အပြင် လောင်စာဆီဈေးနှုန်းတွေနဲ့ အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားမှုကလည်း အိမ်ထောင်စုတွေရဲ့ လူမှုစီးပွားအခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ နိုင်ငံရေး အပြောင်းအလဲနဲ့ ဒေသအသီးသီး မတည်ငြိမ်မှုဖြစ်စဉ်တွေရဲ့ ရလဒ်ကတော့ အလုပ်တွေရပ်သွားတယ်၊ ဝင်ငွေနဲ့ လစာတွေဆုံးရှုံးသွားတယ်။ အဲ့ဒီနောက်ပိုင်း သုံးစွဲမှုနှုန်းတွေကျလာတယ်။ တချို့ ဝင်ငွေနည်း အိမ်ထောင်စုတွေ အစာရေစာ မလုံလောက်တော့သလို အခြေခံပြည်သူ့ရေးရာစောင့်ရှောက်မှုတွေနဲ့ လူမှုရေးဆိုင်ရာ အကာအကွယ်တွေလည်း ဆုံးရှုံးလိုက်ရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme, UNDP) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။…
Read Moreတိုင်းနဲ့ပြည်နယ် ၁၃ ခုမှာ အချိန်အခါမဟုတ် မိုးရွာနိုင်လို့ တောင်သူတွေသတိထားဖို့လိုအပ်
ဧပြီ ၁၉-၂၀၂၃ MM[VOM] လေပွေလှိုင်းအရှိန်နဲ့ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းတာကြောင့် နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၃ ခုမှာ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့သတိပေးထုတ်ပြန်ချက်အရ သိရပါတယ်။ လာမယ့် ဧပြီ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း လေပွေလှိုင်းတွေရဲ့အရှိန်၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့က ရွေ့လျားလာတဲ့ တိမ်တိုက်တွေနဲ့ အပူပျံတက်တိမ်တွေဖြစ်ထွန်းမှု အားကောင်းမှာဖြစ်တဲ့အတွက် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယား ပြည်နယ်တွေမှာ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင် တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန် ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ…
Read Moreပြေးစရာမြေ ရှားပါးလာတဲ့ စစ်ဘေးရှောင်တွေ
ဧပြီ ၁၀ – ၂၀၂၃ SN (VOM) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှစတင်ကာ ပြည်တွင်းက နေရာအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ဒေသတွင်းတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် အရေအတွက်ဟာ တစထက်တစ တိုးပွားလို့လာနေပါတယ်။ လက်ရှိမှာ အရှိန်အဟုန်နဲ့ ပြင်းထန်လာတဲ့ တိုက်ပွဲတွေက နယ်မြေချဲ့ထွင်လာတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် ရှောင်တိမ်းဖို့နေရာတွေ ကျုံ့လာလေလေ ဖြစ်နေတာပါ။ ဒီလို လက်နက်ကိုင်ပဋိပက္ခတွေ နှစ်ကာလ ကြာရှည်လာတာနဲ့အမျှ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ခိုလှုံရေးနဲ့ ဘ၀ရှင်သန် ရပ်တည်ရေးတွေဟာလည်း ကြီးမားတဲ့ စိန်ခေါ်မှုတရပ်လို ဖြစ်နေပါတယ်။ မြန်မာတနိုင်ငံလုံး အတိုင်းအတာအနေနဲ့ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ် (ကရင်နီပြည်) နဲ့ ကရင်ပြည်နယ်တို့မှာ ရွှေ့ပြောင်းနေထိုင်စရာ၊ စားနပ်ရိက္ခာနဲ့ ရောဂါဘယ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသတွင်းကူညီစောင့်ရှောက်သူတွေဆီက သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာအများစုဟာ နေ့စဥ် မီးရှို့ခံနေရပြီး အထူးသဖြင့် ရွှေဘို၊ ခင်ဦး၊…
Read Moreကြံဈေးကောင်းပေမယ့် တွက်ခြေမကိုက်တဲ့ တောင်သူတွေ
ဧပြီ ၈ – ၂၀၂၃ SN (VOM) လက်ရှိ ပြည်တွင်းမှာ ကြံဈေးကောင်းနေပြီး အခု ၂၀၂၃-၂၀၂၄ ကြံရာသီအတွက် ပြည်တွင်းသကြားစက်တွေက ကြံတတန်ကို ကျပ် တသိန်းအထိ တိုးမြှင့်ပေးဝယ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အခု ဘဏ္ဍာနှစ်အတွင်း ကြံဈေး ပိုမိုမြင့်တက်နိုင်ပြီး ပြည်တွင်းသကြားစက်တွေဖြစ်တဲ့ ငွေရည်ပုလဲသကြားစက်၊ မိုင်းရယ်သကြားစက်တို့က ကြံတတန်ကို ကျပ် ၉၅၀၀၀၊ ဝေမာသကြားစက်က ကျပ် ၉၄၀၀၀၊ မြဘုရင်သကြားစက်က ကျပ် တသိန်းအထိ ဈေးပေးဝယ်ယူမှာဖြစ်ကာ အခြား သကြားစက်တွေကလည်း ဈေးတိုးမြှင့် ဝယ်ယူမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီ စတဲ့ သွင်းအားစုစရိတ် ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် အခုရရှိတဲ့ ကြံတတန်ဈေးနှုန်းဟာ တောင်သူတွေအတွက် အဆင်ပြေ တွက်ခြေကိုက်နိုင်ဖို့ အလှမ်းဝေးနေသေးတဲ့ အနေအထားတခုဖြစ်တယ်လို့ သိရပါတယ်။ ကြံစိုက်ခင်းတွေမှာ…
Read Moreလက်ရှိကာလနဲ့ မြန်မာ့ခရီးသွားကဏ္ဍ
မတ် ၃၁ – ၂၀၂၃ SN (VOM) မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ နိုင်ငံရေးဖြစ်စဥ်ပြောင်းလဲမှုတွေကြောင့် ခရီးသွားကဏ္ဍအပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။ မြန်မာနိုင်ငံရဲ့အခု ၂၀၂၃ ခုနှစ် ခရီးသွားရာသီဖြစ်တဲ့ ဇန်နဝါရီကနေ မတ်လကုန်အထိ ပြည်တွင်း၊ ပြည်ပ ခရီးသွား အရေအတွက် သိသိသာသာလျော့နည်းလာနေတာ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာတော့ နှစ်စဉ် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် သန်းနဲ့ချီ ဝင်ရောက်နေတဲ့ ကျိုက်ထီးရိုးစေတီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်နဲ့ အခုနှစ်၊ ဇန်နဝါရီလကုန်အထိ ခရီးသွားရောက်မှု ၆၀,၀၀၀ ကျော်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ပြည်တွင်းက နေရာအနှံအပြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေသလို အထူးသဖြင့် ထိုင်းလူမျိုးတွေ လာရောက်မှု အများဆုံးဖြစ်တဲ့ ကျိုက်ထီးရိုးနဲ့ အင်းလေးဒေသတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ အလာများကြတဲ့…
Read More