မန္တလေး-နိုဝင်ဘာ ၂၁-၂၀၂၀ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ အခြေစိုက်တဲ့ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် Ta-ang National Liberation Army (TNLA)နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး Palaung state Liberation front(PSLF) ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်ကို သူတို့အဖွဲ့ရဲ့ နိုင်ငံရေး ၊ ငြိမ်းချမ်းရေးမူဝါဒတွေ၊ လက်ရှိအခင်းအကျင်းတွေနဲ့ အစိုးရအသစ်အပေါ်မျှော်မှန်းချက်တွေကို Voice of Myanmar (VOM) ရဲ့ အယ်ဒီတာချုပ် ကိုနေလင်းက အင်တာနက်ကနေတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။ #voiceofmyanmar #VOM #PSLF/TNLA #တာဘုန်းကျော် # တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် # ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး Zawgy အရင္က အုပ်စုလိုက်မှဆွေးနွေးမယ်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးရဖို့ တဖွဲ့ချင်းဆိုလည်း ဆွေးနွေးတော့မယ် မန္တလေး-နိုဝင်ဘာ ၂၁-၂၀၂၀ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ…
Read MoreCategory: သုံးသပျခကျြ
အငြင်းပွားမှု၊ ဆန္ဒပြမှုတွေနဲ့ အတိုင်အတောထူတဲ့ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်
နိုဝင်ဘာ ၂၄-၂၀၂၀ ဆွေလင်းထွန်း+နေလင်း(VOM) ရွေးကောက်ပွဲပြီးတဲ့ နိုဝင်ဘာ ၈ ရက် ညနေကတည်းက အငြင်းပွားမှုအသံတွေ တိုင်မယ်တောတယ်ဆိုတဲ့ အသံတွေက ဟိုကဒီက ထွက်လာခဲ့ပါတယ်။ အခုဆိုရင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို ရွေးကောက်ပွဲကော်မရှင်နဲ့ ရဲစခန်းတွေမှာ တိုင်တန်းတာတွေ လုပ်ဆောင်နေကြပြီးဆက်လက်လုပ်ဆောင်ဖို့လည်း ရှိနေပါသေးတယ်။ ခုအချိန်ထိ ရရှိထားတဲ့ အချက်အလက်တွေအရ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို တိုင်တန်းမှုတွေထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အများဆုံးဖြစ်တာကို တွေ့ရပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီက သူတို့ပါတီရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ လွှင့်တင်ထားတဲ့ ပါတီဥက္ကဌ ဦးသန်းဌေးရဲ့ ပြည်သူများသို့ ပန်ကြားချက်ထဲမှာ ပြည်ခိုင်ဖြိုးက စုထောင်းထားတဲ့ ကော်မရှင်နဲ့ သက်ဆိုင်တဲ့ အမှုပေါင်း ၇၅၀ကျော်နဲ့ ရဲအရေးပိုင်တဲ့ အမှုပေါင်း ၁၁၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်အများစုက ကြိုတင်မဲပေးပြီးသူတွေ ရွေးကောက်ပွဲနေ့မှာ ထပ်မံမဲပေးတာ၊ ကိုယ်စားမဲပေးတာ၊…
Read Moreလာမယ့် ၅နှစ်အစိုးရအတွက် အကြိုဟောကိန်းနဲ့ ယတြာ
နိုဝင်ဘာ ၂၂-၂၀၂၀ ဆွေလင်းထွန်း+နေလင်း ဓါတ်ပုံ- ရွှေအင်းသား ခင်မောင်ဝင်း ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ကာလထက် အနိုင်ပိုရပြီး တနိုင်ငံလုံးမှာ ၈၃ ရာခိုင်နှုန်းခန့်နဲ့ အနိုင်ရလို့ အစိုးရဖွဲ့နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလို ဆက်တိုက်အနိုင်ရတော့ အစိုးရအဖွဲ့ ကစားကွက်မှာ လူလဲပြီး ကစားကွက်တွေရွှေ့မလား ဘယ်သူတွေက တိုင်းပြည်ကံကြမ္မာကို ဖန်တီးခွင့်ရမလဲဆိုတာ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့အများပြည်သူအကြား စိတ်ဝင်စားမှုမြင့်တက်နေတာမို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ဗီအိုအမ်က တိုက်ရိုက်စကားဝိုင်းဆွေးနွေးပွဲ လုပ်ဖြစ်ခဲ့ပါတယ်။ ကုန်တော့မယ့် ၅နှစ်နောက်ပိုင်းကာလမှာ သမ္မတတာဝန်ထမ်းတဲ့ ဦးဝင်းမြင့်ကို ရွေးချယ်ခန့်မှန်းသူကတော့ နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသုံးသပ်သူတဦးဖြစ်တဲ့ တပ်မတော်အရာရှိဟောင်းဒေါက်တာအောင်မျိုးပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်မှုနဲ့ အမိန့်နာခံမှုတွေကြောင့် သမ္မတနေရာကို ယခုလက်ရှိသမ္မတဖြစ်တဲ့ ဦးဝင်းမြင့်ကိုပဲ ဆက်လက်တာဝန်ပေးနိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းကတော့ သမ္မတနေရာအပြောင်းအလဲဖြစ်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ယုံကြည်အနေနဲ့ သူယုံကြည်ပြီး အချိန်တော်တော်ကြာ အလုပ်အတူလုပ်ခဲ့တဲ့သူတဦး သမ္မတဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြီး ဥပမာအားဖြင့်…
Read Moreစစ်တပ်က တရားစွဲတာခံနေရတဲ့ ရွှေဝါရောင်နိုင်ငံရေးအကျဉ်းသားဟောင်း ဦးစိန္တိတ ရွေးကောက်ပွဲကို ဘယ်လိုမြင်လဲ
မန္တလေး၊ နိုဝင်ဘာ- ၁၆-၂၀၂၀ ရှိုင်းအောင် (VOM) ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလမှာ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ခဲ့လို့ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ရတဲ့ ရွှေဝါရောင်ဆရာတော် ဦးစိန္တိတ ဟာ လက်ရှိမှာတော့ တပ်မတော်နဲ့ပတ်သက်ပြီး ဝေဖန်ရေးသားမှုကြောင့် ၆၆ (ဃ)၊ ပုဒ်မ – ၅၀၀ တို့နဲ့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တရားရုံး ကနေ ဆရာတော်ဦးစိန္တိတကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က ငွေကျပ်သိန်း ၃၀ တန် ကိုယ်ပိုင်ခံဝန်ပေးခဲ့ပြီး ၆၆(ဃ) ပုဒ်မကိုတော့ တရားလိုပြသက်သေတွေ မခိုင်လုံတာကြောင့် ပယ်ချခဲ့ပြီး ပုဒ်မ ၅၀၀ ကိုဆက်လက်ရင်ဆိုင်နေရတာဖြစ်ပါတယ်။ နောက်ရုံးချိန်းကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။ တပ်မတော်နဲ့ပတ်သက်ပြီးဝေဖန်ရေးသားခဲ့တဲ့ ရွှေဝါရောင်ဆရာတော်ဦးစိန္တိတကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်မှာရှိတဲ့ အမှတ်(၂) ပင်မအလုပ်ရုံ (လျှပ်၊စက်)အလုပ်ရုံမှူး ဒုတိယဗိုလ်မှူးကြီးသန့်ဇော်ဦးက တိုင်တန်းခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအပေါ် ဦးစိန္တိတရဲ့အမြင်တွေနဲ့…
Read Moreတိုင်းရင်းသားပါတီတွေကို NLD ပါတီက ပူးပေါင်းဖို့ ဖိတ်ခေါ်တဲ့အပေါ် တိုင်းရင်းသားတွေက ကြိုဆိုတာရှိသလို သတိနဲ့စောင့်ကြည့်သူအများစုဖြစ်
နိုဝင်ဘာ၊ ၁၃- ၂၀၂၀ နေလင်း+ ရှိုင်းအောင်(VOM) တိုင်းရင်းသားပါတီတွေရဲ့ ရည်းမှန်းချက်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရည်မှန်းချက်တွေနဲ့ တူညီပြီး တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထားဆောင်ရွက်သွားမှာဖြစ်တာကြောင့် တိုင်းရင်းသားပါတီတွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖော်ဆောင်မယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဖို့ တိုင်းရင်းသားပါတီ ၄၀ ကျော်ကို မနေ့ နိုဝင်ဘာ ၁၂ ရက်နေ့က ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။ အဲ့ဒီလို တိုင်းရင်းသားပါတီ ၄၀ ကျော်ကို ဖိတ်ခေါ်လိုက်တဲ့ အပေါ်မှာ တိုင်းရင်းသားပါတီတွေရဲ့ သဘောထား ဘယ်လိုရှိတယ်ဆိုတာကို VOM သတင်းဌာနက ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ရဲ့ သဘောထားကိုသိနိုင်ဖို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကို မေးကြည့်တော့ “ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်တယ်ဆိုတာထက် သူတို့ရဲ့သဘောထားကိုချပြတဲ့အနေအထားကို ကျနော်ကသွားတွေ့ပါတယ်။ အဲဒီလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး လုပ်ပုံကိုင်ပုံက ပေါ့ပေါ့တန်တန်ပဲ ရေးသားပြောဆိုပြီးတော့မှ နောက်ဆုံးထုတ်ပြန်တဲ့အခါမှ ကရော်ကမယ်ဘဲ စာအမှတ်မပါ၊ ရက်စွဲမပါထုတ်တယ်၊…
Read Moreရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ ဘာ့ကြောင့်ထင်သလောက် မနိုင်ရသလဲ
မန္တလေး- နိုဝင်ဘာ ၁၁-၂၀၂၀ ဆွေလင်းထွန်း (VOM) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲရလာဒ်တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ မထုတ်ပြန်သေးပေမယ့် ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ် မဲစာရင်း ပုံစံ(၁၉)ကို သက်ဆိုင်ရာကော်မရှင်ခွဲရုံးတွေမှာ လက်မှတ်ထိုးပြီးသလောက် စာရင်းတွေအရ ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) က တနိုင်ငံလုံးက မဲဆန္ဒနယ်တွေရဲ့ ၈၅ ရာခိုင်နှုန်းခန့်ကို အနိုင်ရနေပြီဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် အမတ်နေရာ ၄၅၂ အနက် NLD ပါတီက ၃၈၀ နေရာကို အနိုင်ရရှိနေတဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၈၄ ရာခိုင်နှုန်း ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲမှာထက် ပိုများတာကို တွေ့ရပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အမတ်နေရာ ၆၂၈ အနက် NLD ပါတီက ၄၇၆ နေရာကို အနိုင်ရရှိနေပြီး ရာခိုင်နှုန်းအားဖြင့် ၇၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။ တိုင်းရင်းသားပါတီတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ…
Read Moreကိုယ့်ကံကြမ္မာကို ဖန်တီနိုင်ချင်တဲ့ တိုင်းရင်းသားဒေသပါတီတွေ
နိုဝင်ဘာ ၅-၂၀၂၀ ဆွေလင်းထွန်း(VOM) ဘယ်တိုင်းရင်းသားပါတီနဲ့မှ မဟာမိတ်ဖွဲ့ထားတာမရှိဘူးလို့ လက်ရှိ အာဏာရ NLD ပါတီရဲ့ ပြောကြားမှုတွေနဲ့အတူသက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစုတွေကို အခြေပြုပြီး ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားပါတီတွေအနေနဲ့လည်း ကိုယ့်ဒေသကိုကိုယ်တိုင်အုပ်ချုပ်ပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရေးအတွက် ကြိုးပမ်းလာကြပါတယ်။ မြန်မာနိုင်ငံရဲ့ တောင်ဘက်အကျဆုံးဖြစ်တဲ့ မွန်၊ ကရင်နဲ့ တနင်္သာရီတို့မှာလည်း သက်ဆိုင်ရာလူမျိုးစုတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ပြင်ဆင်မှုတွေလုပ်ထားကြပြီး အနိုင်ရဖို့လည်း မျှော်လင့်နေကြပါတယ်။ မွန်ပါတီတွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ၂၀၁၇ ရွေးကောက်ပွဲကလိုမျိုး မဲထပ်မကွဲစေဖို့အတွက် ပါတီနှစ်ခုကို ပေါင်းစည်းခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်မှာ မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့ကို ပေါင်းစည်းပြီး မွန်ညီညွတ်ရေးပါတီအဖြစ် ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ မွန်ညီညွတ်ရေးပါတီအနေနဲ့ မွန်ပြည်နယ်မှာ ကိုယ်စားလှယ်လောင်း ၃၅ ဦးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး တနိုင်ငံလုံးအနေနဲ့ စုစုပေါင်း ၆၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက်…
Read Moreရန်ကုန်တိုင်းနဲ့ ရွေးကောက်ပွဲပစ်မှတ်များ
မန္တလေး- နိုဝင်ဘာ ၃-၂၀၂၀ ဆွေလင်းထွန်း(VOM) တိုင်းနဲ့ပြည်နယ်တွေအနက် ရန်ကုန်တိုင်းဟာ ကိုဗစ်ရောဂါကူးဆက်ခံရမှု အများဆုံးဖြစ်နေတဲ့အချိန် စက်ရုံ၊ အလုပ်ရုံတွေ အများဆုံးရှိတာ၊ လူဦးရေအများဆုံးဖြစ်တာ၊ လူမျိုး၊ ဘာသာ အစုံလင်ဆုံးဖြစ်တာ စတဲ့အချက်တွေကြောင့် ရန်ကုန်နိုင်ငံရေးဟာ ရွေးကောက်ပွဲအတွက် စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ရွေးကောက်ပွဲကာလမှာ ဘာသာရေး၊ လူမျိုးရေးအသုံးပြုမဲဆွယ်တာတွေ ရန်ကုန်တိုင်းမှာ အများဆုံးတွေ့ရသလို ပါတီခေါင်းဆောင်တွေနဲ့ နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားတဲ့သူအချို့လည်း ရန်ကုန်တိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ရန်ကုန်ဟာ အမျိုးသားရေးသမားတွေရဲ့ အဓိက ပစ်မှတ်တခုဖြစ်သလို၊ အမျိုးသားရေးသမားတွေ ရန်ကုန်မှာ ရွေးကောက်ပွဲဝင်ပြိုင်တာ၊ ရန်ကုန်က အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းတွေကို လူမှုကွန်ယက်ကနေ တိုက်ခိုက်တာ၊ အမျိုးသားရေးဆရာတော်အဖြစ် နာမည်ကြီးတဲ့ ဆရာတော်ဦးဝီရသူဟာ ရွေးကောက်ပွဲကျင်းပဖို့ ၆ရက်သာ လိုတော့တဲ့အချိန်မှာ လာရောက်အဖမ်းခံတာတွေကနေ သက်သေပြနေပါတယ်။ ဦးဝီရသူဟာ ယမန်နှစ် မေလအတွင်းက ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံမှာ အစိုးရကို အကြည်ညိုပျက်စေမယ့် ဟောပြောမှုတွေ…
Read Moreစစ်ဘေးနဲ့ ကပ်ဘေးကြားက ရခိုင်ရွေးကောက်ပွဲ တရားမျှတမှုရှိနိုင်မလား
စစ်တွေ၊ နိုဝင်ဘာ ၃- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရွေးကောက်ပွဲဟာ ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်တယ်ဆိုပေမယ့် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကတော့ မဲဆန္ဒနယ်မြေအများစုမှာ နေရာအများဆုံးအနိုင်ရတဲ့ ပါတီက အစိုးရဆိုတဲ့ နိုင်ငံတော်ရဲ့ သမ္မတအပါအဝင် ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေကို ရွေးချယ်ကြမှာ ဖြစ်ပါတယ်။ ပြည်နယ်တိုင်း လွှတ်တော်အတွက် ယှဉ်ပြိုင်ရတဲ့ရွေးကောက်ပွဲမှာတော့ သက်ဆိုင်ရာ ပြည်နယ်တိုင်းမှာ အများစုအနိုင်ရတဲ့ပါတီကအစိုးရဖွဲ့လို့မရပါဘူး နိုင်ငံတော်သမ္မတက ရွေးချယ်ခန့်အပ်သူသာ ဝန်ကြီးချုပ်လုပ်ရပါတယ်။ လာမယ့် ရက်ပိုင်းအတွင်း ကျရောက်တော့မယ့် ရွေးကောက်ပွဲမှာ ပြည်တွင်းပြည်ပ စိတ်ဝင်စားဆုံးကတော့ ရခိုင်ပြည်နယ်ပါ။ ကိုဗစ်ရောဂါဖြစ်နေသလို စစ်မက်ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် အရင်ရွေးကောက်ပွဲတွေလိုမဟုတ်တော့ပါဘူး။ ရခိုင်ပါတီအများစုနိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်တာဟာလည်း ရခိုင်ပြည်သူတွေအတွက် နစ်နာမှုရှိတယ်လို့ ရခိုင်နိုင်ငံရေးပါတီတွေက ဆိုကြပါတယ်။ ရခိုင်ပြည်နယ်မြောက်ဖက်ပိုင်းက မြို့နယ် (၉) မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အောက်တိုဘာလ ၁၆ ရက်ရက်စွဲနဲ့ ထုတ်ပြန်ချက်…
Read More၂၀၂၀ ရွေးကောက်ပွဲနဲ့ ကြိုတင်မဲရဲ့လားရာ
နိုဝင်ဘာ ၂-၂၀၂၀ ဆွေလင်းထွန်း(VOM) မြန်မာနိုင်ငံထက် ရောဂါပိုးကူးဆက်မှု ဆယ်ဆ၊ ဆယ့်ငါးဆပိုများတဲ့ နိုင်ငံတွေက ရွေးကောက်ပွဲကျင်းပပုံတွေကို အတွေ့အကြုံယူထားပြီး ကိုဗစ်ကပ်ကြားထဲမှာ ရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုပေမယ့် လက်တွေ့မှာတော့ အစရှိသေး ပြဿနာပေါင်း သောင်းခြောက်ထောင် တက်နေပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်အချိန်ဟာ တကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ တိုက်ဆိုင်နေတဲ့အတွက် မဲဆွယ်စည်းရုံးရေး၊ ဆန္ဒမဲပေးရေး ကိစ္စတွေမှာ အရင်ရွေးကောက်ပွဲတွေနဲ့မတူဘဲ ထူးခြားမှုတွေရှိခဲ့ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နေအိမ်မှာ နေထိုင်ဖို့(Stay home) သတ်မှတ်ထားတဲ့ မြို့နယ်တွေနဲ့ လူဦးရေထူထပ်တဲ့ မြို့နယ်တွေက အသက် ၆၀ ကျော် သက်ကြီးရွယ်အိုတွေကို အောက်တိုဘာ ၂၉ရက်ကနေ နိုဝင်ဘာ ၅ရက်အထိ အိမ်တိုင်ရာရောက် ကြိုတင်မဲ လိုက်လံကောက်ခံနေတာ ဖြစ်ပါတယ်။ Stay home သတ်မှတ်မထားတဲ့ မြို့နယ်တွေက အသက် ၆၀ ကျော်သူတွေကိုလည်း သက်ဆိုင်ရာ ရပ်ကွက်၊…
Read More