SN (VOM) လူတွေရဲ့ အခြေခံအကျဆုံးလိုအပ်ချက်ကတော့ စားဝတ်နေရေးဖြစ်ပါတယ်။ လူဆိုတာ အစားအစာ၊ ရေ၊ နေစရာ စတဲ့ အခြေခံလိုအပ်ချက်တွေ ပုံမှန် ရရှိနေမှ နေ့စဥ် အသက်ရှင်လှုပ်ရှားနိုင်မှာဖြစ်ပါတယ်။ အခြေခံအကျဆုံး လိုအပ်ချက်သာ မရနိုင်ဘူးဆိုရင် လူတယောက်ဟာ တိုးတက်နိုင်စရာရှိတဲ့ အလားအလာကောင်းတွေကို လုပ်ဆောင်နိုင်ဖို့အတွက် အရမ်းကိုခက်ခဲပါတယ်။ လက်ရှိမှာတော့ မြန်မာလူထုအနေနဲ့ နေ့စဉ် လူမှုဘဝမှာ ဒီအခက်အခဲတွေကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အပါအဝင် မြန်မာတနိုင်ငံလုံးမှာ လျှပ်စစ်မီး မမှန်တဲ့အပြင် နောက်ဆက်တွဲ ရေမရတဲ့ ပြဿနာကိုပါ ကြုံတွေ့နေကြရတာပါ။ လျှပ်စစ်မီးကို အလှည့်ကျ ပေးနေတာဖြစ်ပေမယ့် အခုနောက်ပိုင်း မီးလာရမယ့်အချိန်တွေ နောက်ကျနေပြီး မီးပျက်ချိန် ခပ်စိပ်စိပ် ဖြစ်လာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ “အရင်ကတော့ မီးက လာရမယ့်အချိန် ပုံမှန်လာပါတယ်။ အခုနောက်ပိုင်း မနက်ပိုင်း ၉ နာရီပျက်ရမယ့်နေ့တွေဆို…
Read MoreCategory: ဆောင်းပါး
အသင်ကိုရွှေလူ၊ ကျုပ်မှ မချစ်ဘဲ
ဆူးငှက် ““မန္တလေးဆို ..ရွှေမြို့၊ ဒို့ရတနာပုံနေပြည် … တင့်တယ်သာယာစည်ကား … ဟိုတုန်းအခါကလေ … အဲဒါတွေ မတွေးကြနဲ့ ရှေ့ ဆက်ကာ စီမံကြံစို့လေ …””တဲ့။ သီချင်းရေးဆရာ အေဝမ်းဆရာညှာနဲ့ မြို့မအသင်းကြီးက စစ်ကြီးအပြီး မန္တလေးပြန်အဝင်မှာ မန္တလေးပြန်လည် ထူထောင်ရေးအတွက် အားကောင်းမောင်းသန် ပြန်လည် ကြိုးစားကြဖို့ အားပေးခဲ့ပေမယ့် လူတွေက ပန်းနေပြီ။ ခြေကုန်လက်ပန်းကျနေကြပြီ။ ကမ္ဘာစစ်ကြီးကြောင့် မြို့မှာ ပြာဘုံဘဝရောက်ရှိသွားခဲ့သည့်အတွက် ကိုယ့်အိုးကိုယ့်အိမ်နေရာကိုပင် မနည်းပြန်လည်ရှာဖွေကာ ဖြစ်သလိုယာယီတဲထိုး၍ နေကြရသည်။ ကမ္ဘာစစ်ကြောင့် ပျက်စီးသွားသော မြို့ပြကြီး ပြန်လည်ထူထောင်ရေးအတွက် ကာယကံရှင် မြို့သူမြို့သားများ၏ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စိတ်ဓာတ်ပြင်းပြမှု၊ စိတ်ဓာတ်အားမာန်များ စွမ်းစွမ်းတမံရှိရေးကား အထူးလိုအပ်လှပေသည်။ ကမ္ဘာစစ်ကြီးကား ရုပ်ဝတ္ထုပျက်စီးစေမှုများသာမက စိတ်ဓာတ်ရေးရာပျက်စီးစေမှု“ဆိုးမွေ”များကို တနင့်တပိုး ပေးခဲ့ချေပြီ။ နိုင်ငံခြားသားစစ်သားများနှင့် အတူပါလာသော အသောက်အစား၊ အပျော်အပါး၊ လောင်းကစားမှုများက စိတ်ဓာတ်နုပျိုစ အရာရာစူးစမ်းစွန့်စားလိုစိတ် ပွင့်ဖူးစ…
Read Moreရေကြည်ရာ မြက်နုရာဆီသို့
SN (VOM) ပြည်တွင်းမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း အလုပ်အကိုင်ရှားပါးမှုတွေ မြင့်တက်လာတာကြောင့် ပြည်ပနိုင်ငံအသီးသီးကို သွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမားတွေဟာ တနေ့ထက်တနေ့ ပိုမိုများပြားလို့လာနေပါတယ်။ ၂၀၂၁ ခုနှစ် ပထမနှစ်၀က်မှာတင်ပဲ ပြည်တွင်းအလုပ်အကိုင်ဆုံးရှုံးတာကြောင့် အလုပ်လက်မဲ့ဦးရေဟာ ၁ ဒသမ ၈ သန်းကျော်ရှိလာတာဖြစ်ပါတယ်။ အလုပ်အကိုင်ရရှိဖို့ ပြည်ပကို ထွက်ခွာလိုသူတွေဟာလည်း ပိုမိုမြင့်တက်လာနေပြီး ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်မှု ပထမအများဆုံးဖြစ်ကာ ဒုတိယအများဆုံးအဖြစ် မလေးရှားနိုင်ငံက နေရာယူထားပြီး တတိယကတော့ ဂျပန်နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှုနဲ့ အကြောင်းအမျိုးမျိုးသော ပြဿနာတွေကြောင့် အခု ၂၀၂၃ ခုနှစ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်တွေနဲ့ နှိုင်းယှဉ်ရင် အလုပ်လက်မဲ့ဦးရေဟာ (၃)ရာခိုင်နှုန်းကျော် တိုးလာတယ်လို့ သိရပါတယ်။ အခုနှစ် မတ်လအတွင်း အလုပ်သမားဝန်ကြီးဌာနကနေ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၀ – ၂၀၂၃ ခုနှစ် လုပ်သားအင်အား ခန့်မှန်းချက်တွေအရ (၄)နှစ်အတွင်း…
Read Moreရာဇဝင်များမှာ ထင်ရှား မြန်မာ့ဂုဏ်ရည်
ဆူးငှက် မန္တလေးက မြန်မာဘုရင်နောက်ဆုံး ထီးနန်းစိုက်ခဲ့ရာမြို့မို့ မြန်မာမှုအစဉ်အလာနှင့် မင်းခမ်းမင်းနား အစီအစဉ်များနှင့် ပျော်မွေ့ဂုဏ်ယူခဲ့ကြသည်။ လက်ထက်တော်ကြီး၊ လက်ထက်တော်လေးဟု မန္တလေးသားတွေခေါ်လေ့ရှိကြသည့် မင်းတုန်းမင်းခေတ်၊ သားတော်သီပေါမင်းခေတ်ကာလများဆီက အခါကြီးရက်ကြီးများ၌ တန်ခိုးကြီးဘုရားများသို့ ရှင်ဘုရင် သွားရောက်ဖူးမြော်လျှင် ရွှေဘုံနိဒါန်း ကျမ်းလာအစီအရင်၊ အစီအစဉ်အတိုင်း မင်းခမ်းမင်းနားအဆောင်အယောင်များနှင့် “ထွက်တော်မူကြီး” အတိုင်းထွက်လေ့ရှိ၏။ ကောဇာသက္ကရာဇ် ၁၂၄၆ ခု ဝါဆိုလဆန်း ၁၃ ရက်နေ့ က သီပေါမင်းနှင့် နန်းမတော်စုဖုရားလတ်တို့ မဟာမုနိ ဘုရားကြီးသို့ ထွက်တော်မူသည့်အခင်းအကျင်းနှင့် ပတ်သက်၍ …. “ယင်းသည့် လဆန်းတဆဲ့သုံးရက်နေ့ နံနက်လေးချက်တီးကျော် နှစ်မာင်းသုံးပါးအချိန်၊ ရှေ့ခြောက်တပ်၊ နောက်ခြောက်တပ်၊ နမန္တာဘက် ဓာတ်ဘက်တပ်ကြီးခင်းကျင်းပြီးလျှင် အသျှင်နှစ်ပါးမှာ ရထားတော်ကြီးတွင် ရွှေစက်တာ်တင်တော်မူ၍ ညီမတော် ရမည်းသင်းစုဘုရားမှာ သရက်ကိုင်းခေါ်ပြသာဒ်ရထားတော်နှင့် မဟာမုနိဘုရား အရှေ့ မုတ်အနီး ကွန်းထောက် စံနန်းတောရောက် ထွက်တော်မူသည်။ ၎င်းနေ့ စံနန်းတော်က…
Read Moreမှိုင်ပန်းဘွယ်၊ ကျွမ်းတယ်လေ ကြေကွဲ
ဆူးငှက် “ဟေဝန်စုံမြိုင်၊ သင်းကြိုင်ညှာလန်း၊ ပုံပုံဘွေ၊ ထွေဆန်းလှလေး..၊ မြပန်းကိုက်ရုံ၊ ခိုးရီမှုန်၊ တိမ်ပုံဆင်စ၊ မြောက်ပြန် သွင်းလေချီ…။ ဖီလာလေ ရိုက်ပါလို့၊ ပုံတိုက်ကယ်ကွဲ၊ သဲငွေဖြူသောင်၊ မယ်မောင် ခေါ်တမ်း၊ တူရေသဘင်၊ မြူးရွှင်ကြ သာမြိုင်လယ်..။ မှိုင်ပန်းဘွယ်၊ ကျွမ်းတယ်လေ ကြေကွဲ၊ ယှက်ပြေးရေလျှံ လှိုင်းသံက သဲ..။ အဆောင်ခိုနန်းချိုးများနှင့် အိမ်ပေါ်က စောင်းသံနှင့် သီချင်းသံက အိမ်ပြင်ဘက် ကပြင်အထိ သွဲ့သွဲ့နွဲ့နွဲ့ ထွက်ပေါ်လာသည်။ သီချင်းက ဟေဝန်စုံမြိုင် အစချီ ကိန္ဒရာချောင်းခြားကြီး ပတ်ပျိုး။ မင်းတုန်းမင်းလက်ထက် ဇာတ်ဆရာ မောင်ကျောက်ခဲ ရေးသည့်သီချင်းဖြစ်သည်။ စောင်းကို ပိရိပိုင်နိုင်စွာ တီးခတ်နေသူက ထူးဆန်းလှချည့်၊ သင်္ကန်းဝတ်နှင့်ဖြစ်သည်။ သီဆိုသူက အရွယ်မကြီးလှသေးသည့် အမျိုးသားတစ်ဦးဖြစ်ကာ စောင်းတီးနေသည့် သင်္ကန်းဝတ်နှင့် ပုဂ္ဂိုလ်က “မောင်မှန်းရေ..၊ လာစမ်းပါဦးကွာ၊ ခင်မောင်က စောင်းလေးဘာလေး ကြိုက်ပါတယ်၊ ဒို့တီးရအောင်၊ ကဲ…
Read Moreကလေးဘ၀ ဖတ်ခဲ့ရတဲ့ လူထုသတင်းစာ
ဆူးငှက် “မိုးရေတွေ အဖွေးသားနဲ့ ထွန်ရေး သွားမပြင်နိုင်။ တဲဝက ထိုင်။ မိုးသီးကဖြိုင်၊ တိမ်စိုင်ကမြှေး လယ်ကွင်းဒလဟာနဲ့ ဆင်တန်ဆာ ယဉ်ပါဘိတယ် ပြည့်တွက်မို့လေး …” ကျွန်တော်က ကဗျာကိုဖတ်ရင်း ပျော်ရွှင်လာသည်။ ခုနစ်တန်း ရှစ်တန်းအရွယ်မို့ ကဗျာပါ စာသားတွေ၏အဓိပ္ပာယ်ကို ဂဃနဏမသိ…။ သို့သော် ကဗျာလေးဖတ်ပြီး ကြည်နူးလာသည်။ သည်စာမျက်နှာမှာပဲ နောက်ထပ် ကဗျာတစ်ပုဒ် ပါလာသည်။ ကျွန်တော် ဝမ်းသာသွားသည်။ ဖတ်ဦးမှလေ … “ငှက်ကလေး သေးသွယ် လှိုင်းကိုစီးတော့မယ်၊ ချစ်စဖွယ် မည်တဲ့တေး ဝန်းကျင် အနှံ့ ကွေး ညနေအေးဆည်းဆာရွှင် သာလှပေတယ် ထင် လှိုင်းဘောင်ဘင်နဲ့ သူ ချိုတေး ခင်မင်မိတယ်လေး …” … တဲ့။ ကဗျာတွေကို ပုံနှိပ်ဖော်ပြထားသော သတင်းစာက ၁၀နှစ်ကျော် သက်တမ်း ရှိပြီမို့ ဝါကျင်နေသည်။ ဦးလေးက ထိုသတင်းစာများကို…
Read Moreတောင်သမန်ကျောက်တော်ကြီး
ဆူးငှက် “…ခရာတံပိုး၊ မရိုးလက်မြှောက် တီးတောက်သာမြေ့၊ မင်းဓလေ့ဖြင့် ပျော်မွေ့ဖွယ်ချည်း၊ နရည်းခံရာ သံဝါကြည်ဟည်း၊ ဝေးနီအုတ်အုတ် ပဇ္ဇုန်ရုတ်သို့ …” အမရပူရနန်းစံ ပုဂံမင်းကား ကြက်တိုက်၊ ငှက်တိုက်၊ တိရစ္ဆာန်ချင်း ရင်ဆိုင်တိုက်စေသည့် ပွဲလမ်းများနှင့်အတူ အပျော်အပါး သဘင်ပွဲတို့၌ ပျော်မွေ့ပုံမှာ ပြောစမှတ်ဖြစ်သည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်ကူး အတာရေဖျန်း သဘင်ကိုလည်း ဝှဲချီး၍ ပျော်ပျော်ကြီး ဆင်နွှဲသည်။ ပုံမှန်ထုံးစံ အကြို၊ အကျ၊ အကြတ်၊ အတက်…ဟူ၍ လေးရက်သာ ကျင်းပလေ့ရှိသော အတာပွဲကို ရက်ပေါင်းလေးဆယ်၊လေးဆယ့်ငါးရက်ကြာ ဆင်နွှဲ၏။ နံနက် မိုးသောက်လေတိုင်း မြန်မာပြည်တစ်ဝက် သိမ်းပိုက်ထားသော အင်္ဂလိပ်တို့ အရေး၊ စိုးရိမ်တကြီးနှင့်အတူ တိုင်းရေပြည်ရာများ စိတ်ဝင်တစားနှင့်မေးမြန်းဖို့ သတိမရအားဘဲ၊ ဒီကနေ့ ဘာတိရစ္ဆာန် တိုက်ပွဲများ စီမံထားလေသလဲ ဆိုတာကိုသာ အလောတကြီး မေးမြန်းသည့် ဘုရင်ဖြစ်သည်။ …
Read Moreနေပြည်တော်မှာ စားသုံးဆီ တပိဿာ ၄၅၀၀နဲ့ ရောင်းနေပေမယ့် တကယ်အခက်အခဲဖြစ်နေသူတွေ မရ
စက်တင်ဘာ ၅-၂၀၂၃ KT (VOM) နေပြည်တော်၊မြို့မစျေးပွဲရုံတန်း၊မင်္ဂလာ၊ဆီနှင့်စားသောက်ကုန်ရောင်းဝယ်ရေးဆိုင်မှာ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက စားသုံးသူေတွ စျေးနှုန်းသက်သာစွာဝယ်ယူနိုင်ရန်အတွက် စားအုန်းဆီ တစ်ပိဿာလျှင် ၄၅၀၀ စျေးနှုန်းနဲ့ တန်းဆီသူတဦးကို နှစ်ပိဿာနှုန်းနဲ့ မနေ့ စက်တင်ဘာ ၄ရက်က ရောင်းချပေးနေတယ်လို့ နေပြည်တော်ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီလိုရောင်းချပေးရာမှာ အမှန်တကယ် အခက်အခဲရှိနေသူတွေ မရရှိဘဲ နေ့တွက်နဲ့တန်းစီပြီး လာဝယ်သူတွေသာ ရရှိသွားတယ်လို့ တန်းစီရာမှာ ပါဝင်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ” အမှန်တကယ်ရရှိသွားသူတွေကတော့ ငွေရှင်၊ကြေးရှင် ဝိသမလောဘသားတွေပါဘဲ၊ နိုင်ငံတော်အစိုးရက စားသုံးသူတွေသက်သာသောစျေးနှုန်းနဲ့ ဆန်၊ဆီ (စားအုန်းဆီ)များကို ဆီကုန်သည်၊ဆန်ကုန်သည်ကြီးများကို ရောင်းချခိုင်းပေမယ့်လည်း အမှန်တကယ်ကြီးပွားသွားသူတွေကတော့ ငွေရှင်၊ကြေးရှင်ဝိသမလောဘသားတွေသာဖြစ်ပါတယ်၊ ထဲထဲဝင်ဝင်လေ့လာကြည့်တော့ ဆီကို ၄၅၀၀ ကျပ်စျေးနဲ့ ဆီကုန်သည်ကြီးများအသင်းက တန်းစီလာသူလူတစ်ဦးကို နှစ်ပိဿာရောင်းချပေးပါတယ်၊ ဆန်တစ်ပြည်ကို ဧည့်မထဆန်တစ်ပြည် ၂၅၀၀ ကျပ်၊သိင်္ဂီ ဆန် ၆ ပြည် တစ်အိတ် ၃၀၀၀၀ ကျပ်နဲ့…
Read Moreပန်းချီဆရာ မြို့မငြိမ်း
ဆူးငှက် တကယ်တော့ အလင်္ကာကျော်စွာ ဆရာကြီးမြို့မငြိမ်းကို ဂီတအနုပညာရှင်ဟု အသိများခဲ့သည်။ သို့သော် မြို့မငြိမ်း ခေါ် မောင်ဘညိန်းက ငယ်စဉ်ကတည်းက ပန်းချီ ပန်းပု အနုပညာဝါသနာထုံကာ ထူးချွန်ခဲ့သည်။ မောင်ဘညိန်း ကို ၁၂၇၀ ပြည့်နှစ် တပို့တွဲလဆန်း ၅ ရက်၊ တနင်္လာနေ့ (၂၅.၁.၁၉၀၉) တွင် အဖရွှေပန်းထိမ် ဆရာကြီး ဦးညီ၊ အမိ ယွန်းထည် ကုန်သည်ဒါ်ချစ်ဦးတို့က မန္တလေးမြို့ ၂၈လမ်း (လမ်း၈၀နှင့်၈၁လမ်း ကြား)နေအိမ်တွင် မွေးဖွားခဲ့သည်။ အမည်ရင်း မောင်ကျော်ညိန်းဖြစ်ပြီး မန္တလေးဗဟိုအမျိုးသာကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ဆယ်နှစ်သားအရွယ်ကတည်းက “ဇမ္ဗူကျွန်းလုံး” သီချင်းကို စောင်းဆရာကြီး ဒေဝဣန္ဒာ မောင်မောင်ကြီးထံမှ နေ့ချင်းပြီး တက်ယူနိုင်ခဲ့သဖြင့် စောင်းဆရာကြီးကိုယ်တိုင် အံ့အားတသင့် ချီးမွမ်းခံခဲ့ရသည်။ ရွာစားကြီး စိန်ဗေဒါနှင့် အိမ်နီးနားချင်းဖြစ်ခဲ့ပြီး ရွာစားကြီး တီးသမျှကို နားဖြင့် မှတ်သားကာ…
Read Moreလူသတ်၊ လုယက်မှုတွေကြားက ရန်ကုန်
SN (VOM) တနေ့တခြား ပိုမိုများပြားလာနေတဲ့ လုယက်မှု၊ အနုကြမ်းစီးမှု၊ ပစ္စည်းယူ လူသတ်မှုတွေကြောင့် ပြည်သူတွေကြားမှာ မလုံခြုံမှုတွေ ခံစားလာနေရပါတယ်။ ဒီလို လုယက်မှု၊ အနုကြမ်းစီးမှုတွေဟာ နယ်မြို့တွေမှာသာမက ရန်ကုန်မြို့လို မြို့ကြီးတွေရဲ့ တကယ့်အချက်အချာကျ၊ လူစည်ကားတဲ့ နေရာတွေမှာပါ ဖြစ်ပွားနေတာ ဖြစ်ပြီး တချို့ဖြစ်စဉ်တွေဆိုရင် မိမိအိမ်မှာပင် နေသော်ငြားလည်း အသက်၊ အိုးအိမ်၊ စည်းစိမ်အတွက် လုံခြုံမှု အာမခံချက်မရှိတာကို တွေ့မြင်နိုင်ပါတယ်။ လက်ရှိမှာ အဲ့ဒီ့ဖြစ်စဉ်တွေကို ကြားသိရသူတိုင်းအတွက် စိုးရိမ်စိတ်၊ ထိတ်လန့်စိတ်တွေ ဖြစ်လာမှာကတော့ ပြောနေစရာတောင် လိုမယ်မထင်ပါဘူး။ ဒါပေမယ့်လည်း အမှုအခင်းဖြစ်ပွားမှုတွေမှာ အဘယ့်အတွက်ကြောင့် ရက်ရက်စက်စက် သတ်ဖြတ်လာသလဲဆိုတဲ့ အခြေအနေအတွက်ကတော့ ပြောစရာတခု ဖြစ်လာခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ ပြည်သူတွေအကြား လူမှုစီးပွားရေးမှာ အများစုကျပ်တည်းနေတဲ့ အခြေအနေကို ဆိုက်ရောက်နေတာပါ။ ကုန်စျေးနှုန်း ကြီးမြင့်လာတာနဲ့အမျှ အခြေခံလူတန်းစားတွေ ဘဝရပ်တည်နိုင်ရေးအတွက်လည်း အခက်အခဲများစွာ ရှိလာနေကြပါတယ်။ အဲ့ဒီ့လို…
Read More