နန်းရှေ့တင်က မန္တလေးသဘင်ကွ ပြောပြောပြသူ တစ်ပြည်မူ

ဆူးငှက်   “ခရာ… သံစုံ၊ ကျူးကျော်ညံဟုန်… စကြာပန်းညို၊ ပန်းနီ၊ ပန်းပြာ…၊ ပန်းဝါ…၊ ဪ… ပါတဲ့နေရာ တောကွဲ့ဟေမဝါ၊ ရွှေပြည်စိုး…၊ ရွှေပြည်စိုး…၊ ရွှေပြည်စိုး… လွမ်းပိုဖွယ်ရာ…”   တစ်ခေတ်တစ်ခါက ပြည်သူချစ်သော အနုပညာသည်ကြီးတစ်ဦးဖြစ်တဲ့ အငြိမ့်မင်းသမီး လေဘာတီမမြရင်က ၁၂၆၆ ခုနှစ်၊တော်သလင်းလမှာ မွေးဖွားတော့ ခရစ်နှစ်အလိုအရ ၁၉၀၄ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလတွေမှာပေါ့ဗျာ။ ဒီတော့၂၀၀၄ခုနှစ်မှာ လေဘာတီ မမြရင် အနှစ် ၁၀၀ ပြည့်ခဲ့တာပေါ့။ ဒီတော့ အငြိမ့်နဲ့မွေး၊ အငြိမ့်နဲ့ကြီး၊ အငြိမ့်နဲ့ ရင်ခုန်၊ အငြိမ့်နဲ့မွေ့လျော်ခဲ့ကြတဲ့ မန္တလေးသားတွေအဖို့ ရင်ထဲ နှလုံးသားထဲမှာ အငြိမ့်လွမ်းဝေဒနာတွေ ဆူဝေနေဆဲမို့ လေဘာတီမမြရင် ရာပြည့်အခါသမယကို ဘယ့်နှယ် မသိလိုက် မသိဘာသာ ကျော်ဖြတ်သွားကြပါမလဲ။   ဒီတော့”လေဘာတီမမြရင် နှစ်တရာပြည့်”ကို ဘယ်လို အထိမ်းအမှတ်ပြုကြမလဲ ဆိုတာ ခေါင်းချင်းဆိုင်မိကြတာပေါ့။…

Read More

ဘေးမသန်း အေးချမ်းသော အလင်းဆိုင်

ဆူးငှက်   အခုလို ကာလ ည ၁၀နာရီ မကျော်မီ အိမ်တွင်းအောင်းနေရချိန်တွင် လူ့သဘာဝအတိုင်း လွတ်လွတ်လပ်လပ် နေရစဉ်ကာလက အမှတ်တရလေးတွေကို သတိရမိပါသည်။ အထူးသဖြင့် အလင်းဆိုင်ဟုခေါ်သည့် ညအလင်းပေါက် ဖွင့်လှစ်သည့် လက်ဖက်ရည်ဆိုင်တွင် သန်းခေါင်သန်လွဲကာလ လွတ်လပ်အေးချမ်းစွာ စားသောက်ခဲ့ရသည့် အတွေ့အကြုံများကို ထူးထူးခြားခြား သတိရနေမိပါ၏။ အခုအတိတ်ရုပ်ပုံလွှာကို တဖျပ်ဖျပ်သတိရချိန်တွင် ထို အဖြစ်အပျက်များ၏နောက်ခံကားချပ် ပုံရိပ်တွေက မျက်စေ့အောက်တွင်ပင် အပြောင်းလဲကြီးပြောင်းလဲနေတာ သတိထားမိတော့သည်။ ကုန်လွန်ခဲ့သည့် နှစ်၃၀၀န်းကျင်ကာလ ၁၉၉၅ ဝန်းကျင်က…။   ××××× ×××××   “ပက်စီတစ်လုံး” အသံကြားလို့ ဖျတ်ခနဲမာ့ကြည့်လိုက်တော့ မျက်နှာချင်းဆိုင်မှာ သူမ ဝင်ထိုင်သည်။ လောလောလတ်လတ် လိမ်းထားသော သနပ်ခါးက ခပ်ကြမ်းကြမ်း စုတ်ချက်များနှင့်တူ၏။ သူမသည် တီရှပ်ဟောင်းတစ်ထည်ပေါ်မှ ယောကျ်ားဝတ် ရှပ်အင်္ကျီတစ်ထည်ကို လျှိုဝတ်ထားသည်။ လွယ်အိတ်တစ်လုံးကို စလွယ်သိုင်း လွယ်ထား၏။ ကျွန်တော်က…

Read More

ကျောတခင်းစာအရေး အခက်ပွေနေရသူတွေ

SN (VOM) မြို့ပြလို့ပဲ ခေါ်ခေါ် မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၀ ရာနှုန်းလောက် နေထိုင်ကြတဲ့ ရန်ကုန်မြို့မှာ ကျောချစရာ တနေရာ ရဖို့အတွက် ကိုယ့်လုပ်ခ၊ စုဆောင်းထားတဲ့ ငွေစလေးတွေနဲ့ ပြည့်မီအောင် ကြိုးပမ်းနေကြရတဲ့အဖြစ်က မြို့ပြရဲ့ ပုံရိပ်တွေထဲက ထင်ရှားတဲ့ပုံရိပ်တခုပဲဖြစ်ပါတယ်။ ရန်ကုန်မြို့ပြမှာ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့အတူ အိမ်ငှားရမ်းခနှုန်းထားတွေပါ လိုက်ပါ မြင့်တက်လာတာကြောင့် အိုးပိုင်အိမ်ပိုင်မရှိတဲ့ လက်လုပ်လက်စား အခြေခံဝန်ထမ်း ပြည်သူတွေအနေနဲ့ အခက်အခဲများစွာ ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။ အထွေထွေကုန်ကျစရိတ် များပြားပြီး ၀င်ငွေနဲ့ထွက်ငွေ မမျှတတဲ့ ဒီလို ကာလမှာ နေရေးအတွက် စိုးရိမ်သောက ရောက်နေရတာတွေဟာ မြင့်သထက် မြင့်လာနေတယ်လို့ အိမ်ငှားနေသူတွေက ညည်းညူပြောဆိုကြပါတယ်။ အိမ်ငှားရမ်းနေထိုင်သူ အများစုဟာ သူတို့ရရှိတဲ့၀င်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းခန့်ကို အိမ်ငှားခအဖြစ် သုံးစွဲနေကြရတယ်လို့ ပြောပါတယ်။…

Read More

မြင်သူအဆင်ပြေ၊ ကျုံးနဲ့ကြာရေ

ဆူးငှက်   မြန်မာပြည်မှာက လှည်းကို ကျေးလက်မှာသာ သုံးကြတာ မဟုတ်ပါဘူး။ မြို့ပြမှာလည်း သုံးကြပါသေးတယ်။ မန္တလေးက ဧရာဝတီမြစ်ကမ်းဘေး ဆိုပေမယ့် တစ်လျှောက်လုံး ကျွမ်းဝင်ခဲ့တာက လှည်းတွေပါပဲ။ လှည်းဆိုတာ ကျေးလက်မှာ သယ်ယူပို့ဆောင်ရေးအတွက်သာမက မိသားစု အဆောင်အယောင်အနေနဲ့လည်း အသုံးဝင်ပါတယ်။ အိမ်နဲ့ယာခင်း ကုန်စည် သယ်ပို့အပြင် တစ်ရွာနဲ့တစ်ရွာ အကူးအသန်းမှာလည်း ‘လှည်း’နဲ့ပါပဲ။ အဆောင်အယောင်ဆိုတာက ရွာဦးကျောင်းဆရာတော် သာရေးနာရေး သွားလာတော့ ပန်းပုရုပ်လုံး လှည်းဦးကင်း၊ ရွှေပိန်းချ လှည်းအိမ်၊ လှည်းယဉ်ကျော့နဲ့ လှပေ့ကြာ့ပေ့ဆိုတဲ့ တစ်ရှဉ်းနဲ့ပါပဲ။ သာမန် ရွာသူရွာသားကတော့ ကုန်တင် လှည်းကြမ်းပေါ် စုပြုံတက်ပြီးပျော်ပျော်ပါးပါး သွားလာကြတာပါ။   တစ်ချိန်က ဒုတိယမြို့တော်ဖြစ်ခဲ့တဲ့ မန္တလေးမှာ လှည်းတွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးစု မတိုင်မီကလောက်ထိ တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ပါတယ်။ ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်ဝန်းကျင် ကျွန်တော်တို့ ငယ်ငယ်က ဆိုရင်ပဲ…

Read More

အပျိုလူပျို နီးစပ်နိုင်သနော် ရတနာ့ဂူပွဲတော်

ဆူးငှက်   “ဝနာတစ်ခွင်မှာလေ …. ရာဇပလ္လင်တွေ ဝိုင်းပြီးတော့ တစ်ပိုင်းတစ်စစီသာကျန်၊ ပစ္စင်ကျုံးမြောင်းတို့သဏ္ဌာန်၊ မန္တလေးလုံချည်၊ ပိုးလုံချည်တွေထွက်တဲ့ ၎င်းအချက်ကျနေရာပေါ့။ တဘောင်ချို့တဲ့ တောင်မြို့လို့ ဆိုပါတော့ …. စခန်းမြေသာတယ်၊ လွမ်းဖွယ်ရာအမှန် နှစ်ပေါင်းတစ်ရာကျော်ပြန်၊ အင်းကြီးတောင်သမန် ….” (နန်းတော်ရှေ့ဆရာတင် – တောင်သမန်သီချင်း)   အမရပူရမြို့သည် ကုန်းဘောင်ခေတ်၏ မင်းနေပြည်တော်အဖြစ် ထင်ရှားခဲ့ရုံသာမက သဘာဝပတ်ဝန်းကျင် သာယာမှုကြောင့်လည်း ထင်ရှားသည်။ အနောက်ဘက်တွင် မင်းဝံတောင်ရိုးနှင့် ဧရာဝတီမြစ်ရှိသည်။ မြို့နှင့်မြစ်ကြားမှာလည်း တက်သိမ်းအင်းရှိသည်။ မြို့အရှေ့မြောက် မျက်နှာမှာ ပုဂံခေတ်ကတည်းက ဆည်ဖို့ထားသေအောင်ပင်လယ် ကန်တော်ရှိသည်။ မြို့အရှေ့ဘက်မှာ ဇောင်းကလောအင်းရှိသည်။ မြို့အရှေ့တောင်အရပ်မှာက ဒုဋ္ဌဝတီမြစ်ရှိသည်။ မြို့တော်၏ အနောက်တောင်ဘက်မှာ တောင်သမန်အင်းရှိသည်။   တကယ်တော့ တောင်သမန်အင်းသည် အမရပူရ မြို့၏ အမှတ်အသားဖြစ်သည်။ တောင်သမန်အင်းဟု ဆိုသော်ငြား ထိုစဉ်က ၁၂ ရာသီ ရေပြည့်ဝပ်သည်မဟုတ်အခါ၌…

Read More

ဘာဆုတောင်းကြမလဲ မိတ်ဆွေ

Taung Byone

ဆူးငှက် “ပေါင်းသိင်္ဂီ ကျင်ခတ်နှင့်၊တင်ကလပ်ဆောင်ချီ၊ အရှင်မြတ်နောင်ညီကို၊တင်ပမည်မကြွား၊ ပွဲတော်ရောက် သူအစုကိုပါအောင်၊တူရှုပါမင်းမြတ်နှစ်ပါး။ အခုမှ ဘယ်အမှုမြိုတယ်၊ရွယ်ခုဆိုစကား၊ မယ်ဥလိုဖုရားက၊ကျားလွှတ်လို့ လှန့်ပါ၊ ချစ်ခင်လျှင် ပြစ်တင်ဦးပါနဲ့၊နှစ်စဉ်ဖူးရောက်ပါမည် ဖျာ၊ ချစ်ခင်ဦးသူပါလျှင်၊မဟူရာဖန်ခွက်နှင့် ““ ဗျန်”” အရက် မှန်းသွယ်ရည်၊ဘုန်းဆက်ပါ့မည်၊ အောင်လျှင်အဖြစ် မန်းနယ်ပြည်မှာ၊မှန်းရွယ်ရည် တင်ဦးဖျလေး…..။”” ၁၉၄၆ ခုနှစ်က ထုတ်ဝေတဲ့ မြန်မာ့အလင်း သတင်းစာမှာ ပါရှိတဲ့ တေးထပ်လေးပါ။ ဒီတေးထပ်လေးက တောင်ပြုံးပွဲနဲ့ ပတ်သက်ပြီး ရေးစပ်ခဲ့တယ် ဆိုတာ သိသာပါတယ်။ အေဒီ ၁၀၄၄ခုနှစ် ကတည်းက အနော်ရထာ မင်းစော တည်ထားခဲ့တဲ့ ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရားနဲ့ ဆက်စပ် ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ မင်းညီနောင် ဇာတ်လမ်းဟာ မန်္တလေးမြို့အနီး တောင်ပြုံး အရပ်မှာ သာမက တစ်ပြည်လုံးပျံ့နှံ့ ထင်ရှားခဲ့ရာ ယနေ့ထက် တိုင်အောင်ပါပဲ။ တောင်ပြုံး ပွဲတော်ကို နှစ်ပေါင်း ရှည်ကြာစွာ…

Read More

ဘာဆုတောင်းကြမလဲ မိတ်ဆွေ

Taung Byone

ဆူးငှက်   “ပေါင်းသိင်္ဂီ ကျင်ခတ်နှင့်၊တင်ကလပ်ဆောင်ချီ၊ အရှင်မြတ်နောင်ညီကို၊တင်ပမည်မကြွား၊ ပွဲတော်ရောက် သူအစုကိုပါအောင်၊တူရှုပါမင်းမြတ်နှစ်ပါး။ အခုမှ ဘယ်အမှုမြိုတယ်၊ရွယ်ခုဆိုစကား၊ မယ်ဥလိုဖုရားက၊ကျားလွှတ်လို့ လှန့်ပါ၊ ချစ်ခင်လျှင် ပြစ်တင်ဦးပါနဲ့၊နှစ်စဉ်ဖူးရောက်ပါမည် ဖျာ၊ ချစ်ခင်ဦးသူပါလျှင်၊မဟူရာဖန်ခွက်နှင့် ““ ဗျန်”” အရက် မှန်းသွယ်ရည်၊ဘုန်းဆက်ပါ့မည်၊ အောင်လျှင်အဖြစ် မန်းနယ်ပြည်မှာ၊မှန်းရွယ်ရည် တင်ဦးဖျလေး…..။”” ၁၉၄၆ ခုနှစ်က ထုတ်ဝေတဲ့ မြန်မာ့အလင်း သတင်းစာမှာ ပါရှိတဲ့ တေးထပ်လေးပါ။ ဒီတေးထပ်လေးက တောင်ပြုံးပွဲနဲ့ ပတ်သက်ပြီး ရေးစပ်ခဲ့တယ် ဆိုတာ သိသာပါတယ်။ အေဒီ ၁၀၄၄ခုနှစ် ကတည်းက အနော်ရထာ မင်းစော တည်ထားခဲ့တဲ့ ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရားနဲ့ ဆက်စပ် ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ မင်းညီနောင် ဇာတ်လမ်းဟာ မန်္တလေးမြို့အနီး တောင်ပြုံး အရပ်မှာ သာမက တစ်ပြည်လုံးပျံ့နှံ့ ထင်ရှားခဲ့ရာ ယနေ့ထက် တိုင်အောင်ပါပဲ။ တောင်ပြုံး ပွဲတော်ကို နှစ်ပေါင်း…

Read More

ဘယာဘေးတို့ ကင်းဝေးအောင် သွန်းဖြိုးပါလေမိုး

ဆူးငှက် သည်နှစ် မန္တလေးမှာ ထင်သလောက် မိုးမရွာသေး။ ရင်တွင်းအပူတွေ တငွေ့ငွေ့ ကြိမ်မီးအုံးဆဲ ရွာနေကျ ကိုရွှေမိုးကပင် မျက်နှာလွှဲကာ ဥပက္ခာပြုနိုင်လွန်းလှသည်။ အိမ်တွင်းအောင်းကာ ဝင်ငွေမရှိတဲ့အချိန်မို့ ယပ်တောင် တဘုံးဘုံးခတ်ရင်း မိုးကဖြင့် တစ်စက်တစ်လေမှ မရွာဟု ငြီးတွားရပေပြီ။ ယပ်တဖျပ်ဖျပ်ခပ်ရင်း မိုးဆီမျှော်မိ၏။ မညို့တညို့၊ မိုးကို အားကိုးနေကြသည်။ဟော အောက်ခြေမှာ မည်းလို့ အိလာပါပကော။ မကြာမီ မကြာမီ။ မကြာမီ မိုးသားတစ်အုပ်က နေရောင်ကို ဖုံးအုပ်စဉ်မှာပဲ မိုးသားအောက်ခြေ လင်းလာပြန်တော့ သည်မိုးကရွာ မိုးသားအညို့ ဝမ်းသာလုံးဆို့လုမတတ်အချိန် မိုးသားပြယ်ပြန်တော့ အားငယ်စိတ်ဖြင့် ဘုံးဘုံးကျရပြန်၏။ မိုးလေ မကဲခင်ကတည်းက လောကတခွင် စပယ်ပွင့်သည်။မြတ်လေးတို့ ပင်လုံးမှိုင်းညွတ်ဝေသည်။ ပွင့်ဦးပွင့်ဖျား ပန်းတော်ကပ်ရ၏။ ပွင့်ဦးပွင့်ဖျား လက်မောင်းတုတ်မျှ စပယ်မြတ်လေးခိုင် သီကာကုံးပြီး ဆံထုံးတွင် ရစ်ခွေပန်ဆင်တော့ သနပ်ခါးရနံ့ သင်းမြမြမှာ စပယ်မြတ်လေးရနံ့ ကြူကြူလှိုင်တော့သည်။တော်သေးသည်။ စပယ်မြတ်လေး…

Read More

စပါးစိုက်ပျိုးမှု လျော့ကျခြင်းက ဆန်၊စပါးစျေးကွက်ကို လှုပ်ခတ်စေသလား

ဩဂုတ် ၁၃ – ၂၀၂၃ GG(VOM) မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ နယ်မြေမအေးချမ်းမှုတွေကြောင့် တိုင်းနဲ့ ပြည်နယ်အချို့မှာ နွေစပါး၊မိုးစပါး သီးနှံစိုက်ရာသီချိန် နှစ်ချိန်လုံး စပါးစိုက်ဧကတွေ လျော့ကျမှုရှိတယ်လို့ တောင်သူတွေဆီက သိရပါတယ် ။ စစ်ကိုင်းတိုင်း ၊ကယားပြည်နယ်၊မကွေးတိုင်း ၊ချင်းပြည်နယ် စတဲ့မြို့နယ်အချို့မှာ တိုက်ပွဲတွေဖြစ်ပွားပြီး နယ်မြေမတည်ငြိမ်လို့ ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတာကြောင့် စပါးစိုက်ပျိုးခြင်းကို လုပ်ဆောင်နိုင်​ခြင်းမရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် စစ်ဖြစ်ပွားခြင်းမရှိတဲ့ နယ်မြေဒေသတွေမှာလည်း စပါးစိုက်ပျိုးဖို့ ဆည်ရေမရရှိတဲ့အတွက် စပါးစိုက်ပျိုးမှုလျော့ကျလာသလို မြေဩဇာစျေးနူန်းကြီးမြင့်ခြင်း၊ စိုက်ပျိုးရေးဆေးစျေးနူန်းကြီးမြင့်ခြင်း ၊ အလုပ်သမားငှားရမ်းခမြင့်တက်ခြင်း၊လယ်ထွန်စက်မောင်းခစျေးနူန်း နှစ်ဆတက်ခြင်း စတဲ့ကုန်ကျစရိတ် မြင့်တက်ခြင်းတွေကြောင့် လုံလောက်တဲ့ပမာဏအသုံးမပြုနိုင်တဲ့အတွက်လည်း စပါးအထွက်နူန်းတွေလျော့ကျလာတယ်လို့ သိရပါတယ် ။ ” နွေစပါး ဆည်ရေမရလို့ မစိုက်ရတဲ့ ဧကပေါင်းက တနိုင်ငံလုံးဆို မနည်းဘူးလေ၊ ဆည်တွေရှိပြီး ရေမပေးနိုင်လို့ စပါးမစိုက်ရဘူးဆိုတာ အလုပ်မှမဟုတ်တာဗျာ။နောက်တဆင့်ကမှ ​မြေဩဇာသုံးသင့်သလောက်…

Read More

ခိုးဆိုးလုယက်မှုတွေကြားက ရန်မကုန်သေးတဲ့ ရန်ကုန်

SN (VOM) သြဂုတ်-၁၂-၂၀၂၃ လက်ရှိ ရန်ကုန်တိုင်းအတွင်းမှာ လုယက်မှု၊ အနုကြမ်းစီးမှု၊ ပစ္စည်းယူလူသတ်မှုတွေဟာ အချိန်နေရာမရွေး၊ အသက်ကြီးငယ်မရွေး ကျူးလွန်ခံနေရပြီး နေ့စဥ်နဲ့အမျှ အသက်အန္တရာယ် စိုးရိမ်နေကြရပါတယ်။ ဟိုအရင် ခေတ်ကာလတွေတုန်းက ဖြစ်ပွားခဲ့တဲ့ လုယက်မှုတွေမှာတော့ ပစ္စည်းကိုပဲ လုယူတာအများစုဖြစ်ပြီး လူ့အသက်ကို ရန်ရှာတာ၊ အသက်သေတဲ့အထိ ပြုလုပ်တာ အလွန် နည်းပါးခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိကာလ လုယက်၊ အနုကြမ်းစီးမှုတွေမှာတော့ ပစ္စည်းကို ယူရုံသာမက အသက်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်သွားကြတယ်ဆိုတဲ့ သတင်းတွေကိုလည်း စိတ်မကောင်းစရာ ကြားသိနေရပါတယ်။ လုယက်မှု၊ လူသတ်မှုတွေဟာ လမ်းပေါ်မှာ ဖြစ်ပွားတာရှိသလို အိမ်ထဲ၊ ဆိုင်ထဲအထိဝင်ပြီး လုယက်တာ၊ လူစည်ကားရာ နေရာတွေကိုတောင် မရှောင်၊ နေ့ဘက်အချိန်တွေမှာတောင် အနုကြမ်းစီး လုယက်တာတွေလည်း ရှိပါတယ်။ အနီးစပ်ဆုံး ဖြစ်စဉ်တစ်ခုကတော့ဩဂုတ် ၈ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်က ရန်ကုန်တိုင်း၊…

Read More
VOM News

FREE
VIEW