သူတို့အိမ် အခန်း (၁၁၅)

  ဆူးငှက် အစဉ်အလာများနှင့် မန္တလေးသင်္ကြန် ——————————— ၁၉၃၀ ဝန်းကျင်မှ စ၍ အလှပြယာဉ်များ၊ အလှပြ အက မဏ္ဍပ်များ၊ အတီးအမှုတ် အဆို အက များဖြင့် စည်ကားခဲ့သော မန္တလေးသင်္ကြန်သည် ရန်သူမျိုး၅ပါးဘေး၊ ရောဂါကပ်ဘေးတို့ကြောင့် နောက်ဆုတ် အရှိန်လျော့သည်ပဲ ရှိခဲ့သည်။ အေးချမ်းသည်နှင့် နလံထူကာ နောက်ခြေတစ်လှမ်းဆုတ်သည်နှင့် အဆမတန် ရှေ့သို့ တဟုန်ထိုး အားမာန်ချီ အောင်လံလွှင့်ခဲ့သည်။ မြန်မာပြည် နိုင်ငံရေး၏ အချိုးအကွေ့အဖြစ် လူမျိုးရေးအဓိကရုဏ်းဖြင့် လှည့်စားသော်လည်း တစ်ပြည်လုံး အတိုင်းအတာနှင့် အုံကြွခဲ့သော ၁၃၀၀ပြည့် အရေးတော်ပုံကာလ သင်္ကြန်ကိုပင် အရုပ်အလျော့မခံပဲ ဆင်နွှဲခဲ့သည်။ ၁၉၄၂ခုနှစ် ဒုတိယကမ္ဘာစစ်မီး ဟုန်းဟုန်းတောက်မှ မန္တလေးသည် မြို့လုံးကျွတ်နီးပါး အနောက်ဘက်ကမ်း စစ်ကိုင်း မင်းဝံတောင်ရိုးသို့ စစ်ခိုလှုံကြရမှ သင်္ကြန် အပျော်ကို မန္တလေးမှာ ခေတ္တခဏ ရပ်နားခဲ့ကြ၏။ ဟော.. ၁၉၄၅ခုနှစ်…

Read More

သူတို့အိမ် အခန်း (၁၁၄)

ဆူးငှက် အလှကိုယ်စီ ခြယ်သကြမည် ————————————- ဆောင်းနှင်းပါးပါးလွင့်စ၊ တောင်လေပြည်ဖြူးဖြူးတွင် ရွက်ဝါတွေ ဖွေ့ဖွေ့ကြွေသည်နှင့် သင်္ကြန်ရနံ့လေးကို လှိုက်ခနဲ သတိရလိုက်ကြသည်။ အခုမှ တပေါင်းလပြည့် ကျော်ကာ ရှိသေးဟု မည်သူက ဆိုစေကာမူ ဆောင်းပုံရိပ်ထူထူတွင် နွေပုံရိပ်ပါးပါးလေး ဝင်လာကတည်းက သင်္ကြန်ရနံ့သည် လူတိုင်းရင်ထဲ တိတ်တခိုး ဝင်လာသည်ချည်းပင်။ လွန်ခဲ့သော နှစ် ၄၀၏ ရှေ့ပိုင်း နှစ်ကာလများမှာကတော့ အခုလို နွေရနံ့လေး ရလာသည်နှင့် နှစ်စဉ်ဆင်နွှဲနေကျ အသင်းကြီးများကလည်း အသင်းတည်ရာ အိမ်၌ ဖြစ်စေ၊ အသင်းတိုက်၌ ဖြစ်စေ၊ လူစုကြပြီး ဘယ်သီချင်းတွေ စပ်ကြမည်။ ဘယ်လို အလိုက်၊ ဘယ်လို အသွား၊ ဘယ်လို စာသားတွေ ရေးဖွဲ့ကြမည်။ အလှပြယာဉ်ကို ဘယ်သို့ဘယ်ပုံ ပြင်ဆင် ခြယ်သကြမည် ဆိုတာ တိုင်ပင်ကြ၏။ နှီးနှောကြ၏။ မကြာမီ မန်္တလေးမြို့၏ ရပ်ကွက်အသီးသီး၊ ဝင်းအသီးသီးမှာ…

Read More

“အသံချဲ့စက် ဥပဒေ အသက်ဝင်ဖို့ လိုပြီ”

သွေး (စစ်ကိုင်း) မနက်ခင်းတိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း နိုးထချင်သူတွေအတွက် ဆူညံသံတွေက တကယ့်ကို အနှောင့်အယှက် ဖြစ်ပါတယ်။ မြို့ပြမှာပဲ ဖြစ်ဖြစ်၊ ကျေးလက်မှာပဲ ဖြစ်ဖြစ် ဘဝရပ်တည်ရှင်သန်ရေး အတွက် အလုပ်, လုပ်ကိုင်ရသူတွေဟာ အိပ်ရေးဝဝအိပ်ဖို့ လိုအပ်သလို နိုးထတဲ့အခါမှာလည်း ကြည်ကြည်လင်လင် နိုးထဖို့ လိုအပ်ပါတယ်။ အိပ်ရေးဝဖို့နဲ့ နိုးထကြည်လင်ဖို့ကို ဖျက်ဆီးပစ်နေတာက ဆူညံသံတွေ ဖြစ်ပြီး ပြည်သူတွေရဲ့ လူမှုဘဝ အေးချမ်းမှုကိုပါ ထိခိုက်စေတာကို သိတိပြုရမှာပါ။ ‘ကျောပူတာထက် နားပူတာကို မခံနိုင်ကြသူတွေ’ ကျွန်မတို့ ဝန်းကျင်မှာ ပိုမိုများပြားလာနေပါတယ်။ မြို့ပြမှာရော ကျေးလက်တောရွာ အနှံ့မှာပါ ကျယ်ကျယ်လောင်လောင် ဖွင့်နေတဲ့ အသံချဲ့စက်သံတွေ၊ ဆောင်းဘောက်စ် တဒိန်းဒိန်းသံတွေ နားမခံနိုင်အောင် ဖြစ်နေရပါတယ်။ သက်ကြီးရွယ်အိုတွေဟာ ဒီဆူညံသံ တွေကြောင့် အိပ်ကောင်းခြင်း မအိပ်ရ၊ နားကောင်းခြင်း မနားရ ဖြစ်နေကြရသလို စာကျက်နေရတဲ့ ကျောင်းသူ ကျောင်းသားတွေ…

Read More

ရှီကျင့်ဖျင်၊ သုစိဒိဒ်နဲ့ ကမ္ဘာကြီးကို လှုပ်ခတ်စေတဲ့ “ထောင်ချောက်”

မျိုးတေဇာမောင် ​ ​လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၄၀၀ ကျော် ဂရိမှာ သမိုင်းပညာရှင်တစ်ယောက် ရှိခဲ့ဖူးတယ်။ သူ့နာမည်က သုစိဒိဒ် (Thucydides) တဲ့။ အဲဒီခေတ်က အင်အားကြီး စပါတာ (Sparta) နိုင်ငံနဲ့ အရှိန်အဝါ တက်လာတဲ့ အက်သင်း (Athens) နိုင်ငံတို့ ဘာလို့ သွေးချောင်းစီးအောင် စစ်ဖြစ်ခဲ့ကြလဲဆိုတာကို သူက သေချာ စောင့်ကြည့်ပြီး သမိုင်းကျမ်းတစ်စောင် ရေးခဲ့ပါတယ်။ ​သူ့ရဲ့ ကျမ်းထဲမှာ ပါတဲ့ စကားတစ်ခွန်းကတော့ အခုခေတ်အထိ ကမ္ဘာ့ခေါင်းဆောင်တွေကြားမှာ ရေပန်းစားနေတုန်းပဲ။ အဲဒါကတော့ “အင်အားသစ်နိုင်ငံတစ်ခု ကြီးထွားလာပြီး လက်ရှိအင်အားကြီးနိုင်ငံက အဲဒီအပေါ်မှာ ကြောက်စိတ်ဝင်လာတဲ့အခါ စစ်ပွဲဆိုတာ ရှောင်လွှဲလို့ မရတော့ဘူး” ဆိုတဲ့ အချက်ပါပဲ¹။ ဒီအယူအဆကို အမေရိကန် နိုင်ငံရေးပါမောက္ခ ဂရေဟမ် အယ်လီဆန် (Graham Allison) က “သုစိဒိဒ် ထောင်ချောက်” (Thucydides…

Read More

သူတို့အိမ် အခန်း (၁၁၃)

ဆူးငှက် ဆောင်းယွန်းယိုင်နွေ ————————– ‘….စံဖီရွှေသွယ်၊ ပျံ့လှယ်ဝတ်မှုန်မွှေး လေပြေတသွေးသွေး၊ စုံမြိုင်ခြေကျေးနှင့် ပန်းသာထွေ… ဆောင်းယွန်းယိုင်နွေ၊ လေဝန်းရစ်ခါစွေ ရွက်ဝါကြွေ…နွေမူးမူး မိန်ရာသီ၊ ခါမှီလသာခေါင် မြလွှာမှောင်…. တောင်ခိုးမြူး….’ မန္တလေးမှာက ဆောင်းအကုန် နွေအကူး အခုလိုကာလလေးက လွမ်းစရာ့ ရသတစ်မျိုးကို ပေးသည်။ မြဝတီမင်းကြီး ဦးစက ဒီရာသီကို သူ၏ ‘ဘုံပျံနေနန်း’ ပတ်ပျိုးကြီး၌ ‘ဆောင်းယွန်းယိုင်နွေ’ ဟူသော စကားလုံးဖြင့် သုံးနှုန်းခဲ့၏။ ဆောင်းကား ခွာလေပြီ…။ နွေဘက်သို့ ယိုင်လုလု…..။ မနက် လင်းအားကြီးမှာတော့ ခွာစဆောင်း၏ ချမ်းမြမြအအေးက အစွမ်းပြသေးသည်။ သို့သော် ဆောင်းမပီ တော့။ ဆောင်း၏ အဆောင်အယောင် နှင်းဝတ်ရုံကား တောင်လေညှင်းတွင် ဥသြငှက် အသံသဲ့သဲ့ ကြားမိကတည်းက ပရုပ်လုံးဖြင့် ထုပ်ပိုး သိမ်းဆည်း ပြီးလောက်ပြီ။ ထို့ကြောင့်လည်း နေထွက်ပြူပြီး မကြာမီမှာပင် ‘လေဝန်းရစ်ကာခွေ’ လာသည်။…

Read More

သူတို့အိမ် အခန်း (၁၁၂)

ဆူးငှက် ကျောင်းသားစိတ်နှင့် အလိုက်မသိခဲ့ပုံများ ————————————————– တက္ကသိုလ်ရောက် ကျွန်တော့် သူငယ်ချင်းများက ကျွန်တော်နှင့် သာမက ကျွန်တော့် မိသားစု ကျွန်တော့် ဆွေမျိုးများ ကျွန်တော့် အသိုင်းအဝန်းနှင့်ပါ ရင်းနှီးကြသည်။ ကျွန်တော့် အိပ်ရာပေါ် ဝင်ထိုင်ကြပြီး ကျွန်တော့် ဝမ်းကွဲ အစ်ကိုများနှင့်ပါ ရင်းနှီးကြသည်။ ထို့ကြောင့် ညရောက်လျှင် ညဈေးတန်းသွားကြ ဘုရားပွဲသွားကြ အငြိမ့်ကြည့်ကြ လက်ဖက်ရည်ဆိုင် ထိုင်ကြနှင့် တရုံးရုံးဖြစ် နေကြသည်။ တစ်ခုပါပဲ၊ ကျွန်တော်က သူများဝင်းထဲနေရသည်လေ။ ဝင်းပိုင်ရှင်က မင်းမျိုးမင်းနွယ် ဆွေကြီးမျိုးကြီး စီးပွားရေးလုပ်ငန်းရှင်ကြီးလေ။ သူတို့မှာ သူတို့ အတိုင်းအတာနှင့် လုံခြုံရေးက အရေးပါသည်။ ထို့ကြောင့် ဝင်း၏ တံခါးမကြီးများကို ည ၈နာရီကျော်တာနှင့် ပိတ်သည်။ ထို့ကြောင့် ကျွန်တော်က သူငယ်ချင်းများနှင့် တရုံးရုံး ဝင်လိုက် ထွက်လိုက် လုပ်နေခြင်းက မသင့်တော်ပေ။ ထိုစဉ်ကာလက ရပ်ရွာအေးချမ်းမှုသည်…

Read More

သူတို့အိမ် အခန်း (၁၁၁)

ဆူးငှက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တဲ့ ———————————————– ကျွန်တော်တို့ တက္ကသိုလ် တက်သည့် ကာလအတွင်း ၁၉၇၆ခုနှစ် မတ်လ ၂၃ရက်နေ့က သခင်ကိုယ်တော်မှိုင်း ရာပြည့် ကိစ္စပြီးကတည်းက အာဏာပိုင်အဖွဲ့အစည်း၏ ထိပ်ပိုင်းတွင်လည်း လှုပ်ခတ်မှုများရှိခဲ့သည်။ ၁၉၇၇ ခုနှစ် ဖေဖော်ဝါရီလ ၂၁ရက်မှ မတ်လ ၁ရက်နေ့အထိ ကျင်းပသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တတိယအကြိမ် ပါတီညီလာခံက ပါတီဗဟိုကော်မီတီဝင် ၄၁ဦးကို ထုတ်ပယ်ခဲ့သည်။ ထုတ်ပယ်ခံရသည့် ဗဟိုကော်မီတီဝင် အများစုမှာ လက်ဝဲစွန်းသည့် အရပ်သား နိုင်ငံရေးသမားကြီးများ ဖြစ်သည်။ ထို့နောက် တပ်မတော်အရာရှိ ၄၂ဦးပါဝင်သည့် ဗဟိုကော်မီတီဝင်အသစ် ၇၄ဦးကို ခန့်အပ်ခဲ့သည်။ ထို့နောက် ၁၉၇၈ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြေအောက် လှုပ်ရှားမှုနှင့် ပတ်သက်သော ကွင်းဆက်များကို ဖော်ထုတ်အရေးယူခဲ့ရာ တစ်ပြည်လုံး အတိုင်းအတာအရ ပညာရှင်များအပါအဝင် ဝန်ထမ်းများ ကျောင်းသားများအထိ အဖမ်းအဆီး ခံကြရသည်။ ဤသို့ဖြင့် ၁၉၇၄ခုနှစ်…

Read More

သူတို့အိမ် အခန်း (၁၁၀)

  တက္ကသိုလ်ဆိုတာ ———————- ဘာလိုလိုနှင့် တက္ကသိုလ်ရောက်တာ ၄နှစ်ပြည့်လုပြီ။ ကိုယ်ယူသည့် သင်္ချာဘာသာရပ်နှင့် ပတ်သက်၍မူ ဘာမှ မတတ်သေး။ ထို့အတူ ပထမနှစ်က ရည်မှန်းခဲ့သော မာစတာတန်း ဆိုသည်မျာကတော့ ဒုတိယနှစ်ကတည်းက ရေစုန်မျောကာ ကျောက်စိုင်ကျောက်စွန်းတွေနှင့် တိုက်လို့ အစိတ်စိတ်အမွှာမွှာကွဲကျေသွားပါပြီ။ ဒါဖြင့် အမောင် ကျောင်းသား ဘာရသနည်းဟု ဆိုလျှင် အပေါင်းအသင်း ရပါသည်။ အမြော်အမြင် ရပါသည်။ အတွေးအခေါ် ရပါသည်။ ဆင်ခြင်တုံတရား ရပါသည်။ တက္ကသိုလ်တွင် တိုက်ရိုက်သင်ကြားခွင့် မရသော်လည်း ရှေ့မျိုးဆက်နှင့် ဝန်းကျင်ကြောင့် စာဖတ်လိုအား တိုးမြင့်လာသည်နှင့် အမျှ ဖတ်ခဲ့ရသည့် စာများကြောင့် ထိုအမြော်အမြင်၊ ထိုအတွေးအခေါ်၊ ထိုဆင်ခြင်တုံတရားတို့က ပိုမို အရာထင် အသုံးဝင်လာပါသည်။ သည်နေရာတွင် ကြုံဖူးသည့် အဖြစ်အပျက်လေးတစ်ခုကို သတိရမိပါ၏။ ကျွန်တော်တို့ ကျောင်းပြီးခါနီးတွင် စာလည်းဖတ်သော နိုင်ငံရေးအတွေ့အကြုံလည်းရှိသော ဝန်ထမ်းလူပျိုကြီး တစ်ယောက်က…

Read More

သူတို့အိမ် အခန်း (၁၀၉)

ဆူးငှက်     အချစ်လားဟေ့ ဝင်ခဲ့လေကွယ် နာမည်ကြီးလိုက်ပုံ ——————————————————– တတိယနှစ် ကျောင်းပိတ်လို့ပြန်လာတော့ အီကိုကျောင်းသား သန်းလွင်က ရန်ကုန် တက္ကသိုလ် အသိုင်းအဝန်း မှာ ထုတ်ဝေသော ကဗျာစာအုပ်လေးတွေပါလာသည်။ ကျွန်တော်က ထိုစာအုပ်လေးတွေကိုကြည့်ပြီး အားကျနေသည်။ ဒီမှာက လှုပ်လို့ကို မရ။ အထူးသဖြင့် တောကျောင်းဘုန်းကြီး၏ ကဗျာတွေကို ကြိုက်လှသည်။ ပေါ့ပေါ့ပါးပါးနှင့် ခိုက်လှသည်။ တောကျောင်းဘုန်းကြီး ဆိုတာ ရန်ကုန်တက္ကသိုလ်က စီနီယာကြီးတဲ့။ မနှစ်က (၁၉၇၇ ခုနှစ်) မှာ ကျောင်းပြီးသွားပြီတဲ့။ သူက အခု မင်းလူ ဆိုတဲ့ ကလောင်နာမည်နဲ့ မဂ္ဂဇင်းတွေထဲမှာ ကဗျာတွေ စာတွေ ရေးနေပြီတဲ့။ သန်းလွင်က ပြောပြတော့ မင်းလူကို ကျွန်တော် ဖတ်ဖူးတာပေါ့။ သူ့ရဲ့ ပန်းကျောင်း ဝတ္ထုက နာမည်ကြီးပဲလေ။ ၁၉၇၇ ကတည်းက ထွက်တာ။ သန်းလွင်ကတော့…

Read More

သူတို့အိမ် အခန်း (၁၀၈)

ဆူးငှက် ဒိုင်ယာရီ မရှိပါ။ တိုတိုထွာထွာ စာရွက်များသာ —————————————— ကျွန်တော် ယခု သူတို့အိမ် အခန်းဆက် ဆောင်းပါးရှည်ကို ရေးတော့ မိတ်ဆွေ ဆရာတစ်ယောက်က ဒိုင်ယာရီ ရေးခဲ့တာလား၊ ဒါမှ မဟုတ် မှတ်စုစာအုပ်ရှိလို့လားဟု မေးသည်။ တကယ်တော့ ကျွန်တော့်မှာ ဒိုင်ယာရီလည်း မရှိပါ။ သီးသန့် မှတ်စုစာအုပ်လည်းမရှိပါ။ ဒိုင်ယာရီကို ရေးဖို့ ကြိုးပမ်းဖူးပါသည်။ တစ်လလောက်တော့ ရေးဖြစ်ပါသေး၏။ နောက်တော့ မနက်ကျောင်းသွား၊ ကျောင်းရောက်၊ လက်ဖက်ရည်ဆိုင်ထိုင်၊ ကျောင်းပြန်၊ လက်ဖက်ရည်ဆိုင်ထိုင်၊ အိမ်ရောက်၊ ထမင်းစား၊ တစ်ရေးအိပ်၊ ရေချိုး၊ ညစာစား၊ လက်ဖက်ရည်ဆိုင် ထိုင်ဟူသော ပရိုဂရမ်ကလွဲလို့ ထူးထူးထွေထွေ မရှိ။ ထို့ကြောင့် ဆက်မရေးဖြစ်တော့ပေ။ သည်လိုနှင့် နောက်တစ်နှစ် ဒိုင်ယာရီ စာအုပ်လေးတွေ အသစ်ထွက်လာတော့ ရေးချင်ပြန်သည်။ ဇန်နဝါရီ ၁ရက်တော့ ရေးဖြစ်သည်။ ထိုနည်း လည်းကောင်း…

Read More
VOM News

FREE
VIEW