ဆူးငှက် “မဏိသာရ မဉ္ဇူသာပါတ် ပါဠိကျမ်း”ဆိုတာ ဗုဒ္ဓစာပေမှာ အလွန်ထင်ရှားတဲ့ ကျမ်းကြီးတစ်ဆူ ဖြစ်ပါတယ်။ ဒီကျမ်းကြီးကို အင်းဝမင်းခေါင်လက်ထက်က နာမည်ကျော်ကြားလှတဲ့ အရှင်အရိယာဝံသ ကိုယ်တော်မြတ်ကြီးက ပြုစုခဲ့ပါတယ်။ အရှင်အရိယာဝံသက ဒီကျမ်းကြီးကို တိတ်ဆိတ်အေးချမ်းမှု အတိပြီးတဲ့ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင် စေတီအနီးက မန်းကျည်းတောချောင်မှာ ပြုစုခဲ့တာပါ။ မဏိသာရ မဉ္ဇူသာပါတ် ပါဠိကျမ်းကြီးရဲ့ ပေစာအင်္ဂါများကတော့ ပထမပေစာထုပ်မှာ (၁၉)အင်္ဂါနဲ့ (၇)ရွက်၊ “က”အစ“နေ”အဆုံးဖြစ်ပြီး၊ ဒုတိယပေထုပ်မှာ “က”အစ“ယော်”အဆုံး (၂၅)အင်္ဂါနဲ့ (၁၀)ရွက် ရှိပါတယ်။ ဒီကျမ်းကြီး ပြီးစီးတော့ ဆွမ်းဦးပုညရှင်စေတီရင်ပြင်မှာကျင်းပတဲ့ “စာတော်ဖတ်ပွဲ”ကလည်း ထင်ရှားလှပါတယ်။ ဆရာတော် အရှင်အရိယာဝံသ ပြုစုတော်မူခဲ့တဲ့ “မဏိသာရ မဉ္ဇူသာပါတ် ပါဠိ”ကျမ်း ပေမူကို အင်းဝခေတ်မှ သည်အဆက်ဆက် ထိန်းသိမ်းလာခဲ့ကြတာ မန္တလေးရတနာပုံမ်ခေတ် သင်္ဂဇာကျောင်းတိုက်ရဲ့…
Read MoreCategory: ဆောင်းပါး
ကောက်ညှင်းပေါင်း၊ ဘယာကြော်
ဆူးငှက် မန္တလေးအငြိမ့် လူရွှင်တော်တွေရဲ့ ပြက်လုံးတစ်ခုရှိ တယ်။ ချစ်စရာ – ဟေ့… ကိုဒီပါ။ ခင်ဗျား မင်းသမီးနဲ့ မင်္ဂလာမဆောင် ချင်ဘူးလား။ ဒီပါ – အမလေး…။ မင်္ဂလာဆောင်ချင်တာပေါ့ကွယ်။ ချစ်စရာ – မင်္ဂလာဆောင်မယ်ဆိုရင် ကလေးမလေးကို တစ်သက်လုံး ရိုးမြေကျ ပေါင်းမှာလား။ ဒီပါ – မေးရက်ပါ့ ချစ်စရာရယ်။ ပေါင်းမှာဗျား၊ ပေါင်းမှာဗျား။ ချစ်စရာ – ကိုင်း…၊ ပေါင်းမယ်ဆိုရင် ရော့… ကောက်ညှင်း။ ဒီပါ – ဟင်း… မင်းဟာက ဘာဆိုင်လဲကွယ်။ ချစ်စရာ – ဆိုင်ပါသော်ကောကွယ်။ အဲဒါမှ မင်္ဂလာဆောင်နဲ့ ကောက်ညှင်းပေါင်းနဲ့…
Read Moreကျောင်းနေရွယ်ကလေးတိုင်း ကျောင်းတက်ခွင့်ရပြီလား
မေ ၂၃ – ၂၀၂၄ GG (VOM) ဒီနေ့ မေလ ၂၃ ရက်နေ့မှာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံကြဖို့ ပညာရေးဝန်ကြီးဌာနက အသိပေးထားပေမယ့်လည်း စစ်ဖြစ်နေတဲ့ဒေသက ကလေးငယ်တွေကတော့ ပညာသင်ခွင့်ဆုံးရှုံးနေကြဆဲဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ နေရာဒေသအတော်များများမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသူတွေ သန်းနဲ့ချီရှိနေတဲ့အထဲ ကျောင်းနေရွယ် ကလေးငယ်တွေလည်းအများအပြားပါဝင်နေတာကြောင့်ဖြစ်ပါတယ်။ နေအိမ်တွေစွန့်၊ မိမိဒေသကိုစွန့်ပြီးစစ်ဘေးတိမ်းရှောင်နေရတဲ့အတွက် စစ်ရှောင်မိသားစုတွေရဲ့ကလေးငယ်အများစုဟာ စာသင်ကျောင်းတွေနဲ့ ဝေးကွာနေကြ တာဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ စတင်ခဲ့တာ ခုချိန်အထိပဲဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနကတော့ နယ်အခြေအနေအရ ကျောင်းတွေ ဖွင့်လှစ်နိုင်ခြင်းမရှိတဲ့ ဒေသက ေ ကျာင်းသားကျောင်းသူ တွေကို အခြားအဆင်ပြေတဲ့ကျောင်းမှာ တက်ရောက်နိုင်ဖို့စီစဉ်ပေးထားတယ်ဆိုပေမယ့်လည်း မြေပြင် အခြေအနေမှာတော့ ကျောင်း တက်ရောက်နိုင်သူနည်းပါးနေပါသေးတယ်။ ” စစ်ရှောင်တွေကို ဒီမှာပဲတက်ချင်ရင်တက်လို့ရအောင် ပညာရေးဦးစီးဌာနဘက်ကတော့စီစဉ်ပေးတယ်၊ဒါပေမယ့် စစ်ရှောင်တွေက ဒီမှာ အမြဲစစ်ရှောင်ရမယ့်အခြေအနေလား၊ နယ်မြေတည်ငြိမ်ရင် နေရပ်ပြန်ရမှာလားပေါ့အဲ့လိုရှိတော့ ကျောင်းအပ်ဖို့ကသေချာတော့မသိသေးဘူး။ဒီမှာပဲ…
Read Moreအိုးမကွာ…၊ အိမ်မကွာ
ဆူးငှက် ‘အိုးကမပူ၊ စလောင်းကပူ’ ‘အိုးချင်းထား၊ အိုးချင်းထိ’ ‘အိုးတော်လုပ်၊ ဖုတ်ရင်းကမကျက်’ ‘အိုးနှင့်ဆန်တန်ရုံ’ ‘အိုးမလုံ၊ အုံပွင်’ ‘အိုးရွဲ့ကို စလောင်းရွဲ့နှင့်ဖုံး’ ‘အိုးသည် အိုးကောင်းမသုံးရ’ တဲ့ …။ အိုးနှင့်ပတ်သက်ပြီးတွေ့ရတဲ့ မြန်မာစကားပုံတွေပါ။ တကယ်တော့ မြန်မာနှင့်‘အိုး’ဟာ အခုအချိန်အထိ နှစ်ပေါင်း အကြာဆုံး ပေါင်းဖက်သုံးစွဲနေရဆဲပါပဲ။ မည်သည့်နှစ်၊ မည်သည့် ရက်က စတင်တည်ဆောက်တယ်ဆိုတာ အတိအကျမသိနိုင်သေးပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း(၁၈၀၀)လောက်ကတည်းက ပျက်စီးခဲ့ တဲ့ ဗိဿနိုးမြို့ဟောင်းကို ပြန်လည် တူးဖေါ်တဲ့အချိန်မှာတော့မြေ အိုးသုံးစွဲမှု အကျယ်အပြန့်ရှိခဲ့တဲ့အထောက်အထားတွေ တွေ့ရ ပါတယ်။ ဗိဿနိုးဆိုတာ အခုတောင်တွင်းကြီးမြို့ရဲ့ အနောက်မြောက်ဖက် ၁၁မိုင်ကျော်လောက်မှာရှိပြီး အေဒီ၁ရာစုဝန်းကျင်က ပျူလူမျိုးတွေတည်ထောင်ခဲ့တဲ့ ရှေးဟောင်းမြို့ကြီး တစ်မြို့လို့လည်း သုတေသီတွေက ခန့်မှန်းကြပါတယ်။ ဗိဿနိုး မြို့ဟောင်း ကြီး ကိုတူးဖော်တဲ့အခါမှာ…
Read Moreကုန်ဈေးနှုန်းဒဏ်ပိ ခက်ခဲနေမြဲ ပြည်သူ့ဝမ်းရေး
မေ၊၂၂၊၂၀၂၄ SN (VOM) မြန်မာပြည်မှာ ကုန်ဈေးနှုန်းတွေ တက်ပြီးရင်း မြင့်တက်လာနေပါတယ်။ စားသုံးသူတွေ အားလုံးမှာ သောကအသီးသီး ရှိနေကြပါတယ်။ ဒီအခြေအနေတွေထဲမှာ ဝင်ငွေနည်းလူတန်းစား၊ ပုံသေဝင်ငွေရ လူတန်းစားတို့ရဲ့ သောက ကတော့ ပိုပြီး ကြီးမားလှပါတယ်။ မြန်မာနိုင်ငံမှာ အခြေခံစားကုန်၊ အထွေထွေကုန်စည် ဈေးနှုန်းတွေဟာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့အမျှ မြင့်တက်နေတာဟာ ခုချိန်ထိ အရှိန်လျော့သွားခြင်း မရှိသေးပါဘူး။ ငွေကြေးတတ်နိုင်သူတွေ လက်လှမ်းမီတဲ့ ရွှေမှအစ အခြေခံ စားသောက်ကုန်အထိ ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံ လူတန်းစား အများစုဟာ စားဝတ်နေရေး ပိုပြီး ခက်ခဲ ကျပ်တည်းတဲ့ ပြဿနာတွေကို နေ့ဓဒူဝ ရင်ဆိုင်နေကြရပါတယ်။ အမေရိကန်ဒေါ်လာဈေး၊ စက်သုံးဆီဈေးတွေ မြင့်တက်လာခြင်း၊ မတည်ငြိမ်မှုတွေကြောင့် နိုင်ငံတဝန်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာခြင်းနဲ့ နိုင်ငံ့စီးပွားရေး အခြေမခိုင်မှု ဖြစ်စဉ်တွေက အခြေခံကုန်စည်ဈေး မြင့်တက်လာခြင်းကို အကြောင်းဖန်စေပါတယ်။…
Read Moreသမ္မာအာဇီ၀ ဇာတ်လမ်း
ဆူးငှက် ဗထူးကွင်းက အထူးတန်းဘက် အသံချဲ့စက်မှ သီချင်းတစ်ပုဒ်ဖွင့်ပြီးသောအခါ နှစ်ဖက်အသင်း ဘောလုံးသမားများသွေးပူ လေ့ကျင့်ခန်းလုပ်ကြဖို့ ကွင်းထဲသို့ ယူနီဖောင်း ကိုယ်စီနှင့် တန်းစီကာ ဝင်လာကြသည်။ ကွင်းထဲတွင်လည်း လေးဖက်လေးတန် ဘောလုံးပွဲကြည့်ပရိသတ် ပြည့်နေပြီဖြစ်၏။ ထိုအချိန်တွင် အထူးတန်း (ပရိသတ်အခေါ် မင်းဘားတန်း) အပေါ်ဆုံးထပ်မှ ဆီးညိုရောင်ရှပ်အင်္ကျီကို ကြယ်သီးအဖြူများနှင့်မီးပူကျ သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ဘောင်းဘီရှည် အဖြူစွတ်စွတ်နှင့် ပေါလစ်ရောင်တောက် ရှူးဖိနပ်များကို စမတ်ကျကျဝတ်ဆင်ထားသော အရပ်အမောင်းကောင်းကောင်း လူငယ်ခုနစ်ဦးက သားရေသေတ္တာပုံးများလွယ်ပြီး အောင်မြင်သော အသံဖြင့်”သမ္မာအာဇီဝ လာပါပြီခင်ဗျ။ အောင်ဇော်ဝင်း ဗီတာမင်မြေပဲဆားလှော်” ဟု ပြိုင်တူအော်လိုက်ကြသည်။ ထို့နောက် ခုနစ်ဦးအနက် အလယ်ကောင်မှ ပုဂ္ဂိုလ်တစ်ဦးက ချန်ရစ်ပြီး တစ်ဖက်တစ်ချက်မှ သုံးဦးစီက တောင်ဖက်နှင့်မြောက်ဖက်ဆီ ညီညာစွာထွက်ခွာသွားကြပြီး တဖြည်းဖြည်း တစ်ကွင်းလုံး ပတ်လာတော့၏။ သူတို့က…
Read Moreလျှပ်စစ်မီးပြတ်တောက်မှုနဲ့ လူမှုဒုက္ခအထွေထွေ
ရန်ကုန် ၊ မေ-၁၇-၂၀၂၄ SN (VOM) နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့၊ လူနေမှုဘဝ အဆင့်အတန်းမီမီ နေထိုင်နိုင်ဖို့ဆိုတာ လျှပ်စစ်စွမ်းအင် ရရှိ၊ သုံးစွဲနိုင်တဲ့အပေါ်မှာ အဓိက မှီတည်နေတာပါ။ လျှပ်စစ်မီး ပုံမှန်မရဘူး၊ လုံလောက်စွာ မရဘူးဆိုရင် စီးပွါးရေးလုပ်ငန်းတွေကို ထိခိုက်မှာဖြစ်သလို လူနေမှုအဆင့်အတန်းကိုလည်း နိမ့်ကျစေမှာပါ။ လျှပ်စစ်မီး ပုံမှန်မရရင် ဒီဇယ်၊ ဓာတ်ဆီကို အစားထိုးသုံးစွဲရတဲ့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်တွေ တိုးလာမှာပါ။ နောက်ဆက်တွဲအနေနဲ့ ကုန်စျေးနှုန်းတွေ မလွဲမသွေ တက်လာမှာပါ။ ခုတလော လျှပ်စစ်မီး ဆိုးဆိုးဝါးဝါး ပျက်တဲ့အကြောင်း သတင်းတွေမှာ၊ ဆိုရှယ်မီဒီယာတွေမှာ အတော်လေး တွေ့နေရပါတယ်။ အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေမှာ လျှပ်စစ်မီးပျက်ချိန် များလာတာကြောင့် နေထိုင်၊ စားသောက်ရေး အတော့်ကို အဆင်မပြေဖြစ်နေကြပါတယ်။ လျှပ်စစ်မီးပြတ်တောက်မှုဟာ သင်္ကြန် ကာလမတိုင်မီကတည်းက အရင်ကထက် ဆိုးဆိုးရွားရွား ဖြစ်နေတာပါ။ သင်္ကြန်ကာလ…
Read Moreရှင်ဘုရင်လည်း အကြွေးနဲ့
ဆူးငှက် မန္တလေးမြို့လယ်မှာ ကျုံးမြို့ရိုးကြီးရှိနေတာကိုက မင်းတုန်းမင်းကြီးကို ကျေးဇူးတင်စရာကောင်းလှသည်။ အခုပဲကြည့် မိုးကုန်လု၍ နှင်းတွေပါးပါးကျလာကာ ဆောင်းရနံ့လေးရလာသည်နှင့်ပင် မနက်စောစောကျုံးနဘေးမှာ လမ်းလျှောက်ကြ၊ ဖွဖွလေးပြေးကြ၊ သွက်သွက်လေး ခုန်ကြ၊ ကျော့ကျော့ကလေး အေရိုးဗစ်ကစားကြနှင့် ဖွေးဖွေးလှုပ် ခဲ့ပြီ။ ကျုံးရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေနုနုကို အားပါးတရ ရှူသွင်း…..။ ကျွန်တော်က ကျုံးနဘေးမှာ “ဖွေးဖွေးလှုပ်” ဟုသုံးနှုန်းလိုက်တော့ မန္တလေးသားတွေကတော့ ယဲ့ယဲ့ကလေး ပြုံးမိကြမှာပေါ့။ ဟုတ်တော့လည်းဟုတ်သည်။ အားကစားဝတ်စုံရောင်စုံနှင့် မနက်စောစော ကစားခုန်စား လုပ်နေနိုင် သူတွေက“ဖွေးဖွေးလှုပ်”သူတွေမို့ဖြစ်သည်။ မန္တလေးသူမန္တလေးသား ညိုပြာညက်၊ ညိုမောင်းမောင်းတွေက ပါသည်ဆိုရုံ အနည်းအပါး။ ““……မတ်ရပ်တံခါး၊ ပြူတင်းလေသာတံခါး စသော နံရံများတွင် ရွှေကျင်ခတ်ထည်၊ ပန်းအပြောက်တို့ဖြင့် ပြီးသော ဘဲခတ္တီပါ အထည်များကို။ ရွက်ကာမုတ်လှဇရွဲကြာပျံ၊ နံရံအကာမှစ၍ ကြက်မွှမ်းလုပ်ဆောင်စေ…
Read Moreပြည်ကြီးမွန်ဖောင်တော်
ဆူးငှက် မန္တလေးကို နေပြည်တော်အဖြစ် တည်ထောင် ကတည်းက မြို့တည်နန်းတည် ခုနစ်ဌာန နှင့်အတူ နိုင်ငံနှင့်အဝှန်းအာဏာ၃ရပ် တည်ရှိရာ အဓိက အမြင့်မားဆုံး နေရာဖြစ်သည်။ သက်ဦးဆံပိုင် ပဒေသရာဇ်နှင့် အတူ အာဏာ၃ရပ်ကို ကိုင်စွဲထားသော မူးကြီး မတ်ရာ၊ စစ်သူကြီး သေနာပတိတို့၏ စိုးစံ၊ ရုံးစိုက်ရာ ဖြစ်သည်။ အာဏာ၏ အထွတ်အထိပ် ဖြစ်သောရာဇပလ္လင် ၉ရပ် ရှိသည့် နန်းတော်ကြီးနှင့်အတူ လွှတ်တော် ရုံးတော်လည်း ရှိသည်။ ကိုယ့်အရှင် ကိုယ့်သခင် လက်ထက်တော်ကာလ အချိန်အခါတွင် မန္တလေးနန်းမြို့သည် တစ်တိုင်းတစ်ပြည်လုံး၏ အထွတ်အထိပ်၊ အမြင့်အမြတ် နေရာဖြစ်ပါ၏။ ဤကဲ့သို့ အရေးပါလှသော နေရာဌာနကို ဓာတ်တံခါး မိတ်တံခါး ၁၂၊ ထောင့်ပြကြီး ၄၊ ပြငယ် ၃၂ အပါအဝင်…
Read Moreဓာတ်ရထားမှသည် မီနီအိုးဝေသို့
ဆူးငှက် မန္တလေး ရတနာပုံ နေပြည်တော် တည်ထောင်ရာတွင် သတ္တဌာန အပါအဝင် ဖြစ်သည့် နန်းတော်မြို့ရိုးကို သာသနာ ၂၄ဝဝပြည့်နှစ် အထိမ်းအမှတ်အဖြစ် မြို့တော်ကို လေးထောင့် စတုရန်းတည်၍ မြို့ရိုးအနား တစ်ဘက်လျှင် တာ ၆ဝဝ စီဖွဲ့လျက် ကိုက်ပေါင်း ၂၂၁၆ကိုက်၊ လေးဘက်ပတ်လည် စုစုပေါင်း ၅မိုင်၁ဖာလုံရှည် စတုရန်းအကွက်ချ တည်ဆောက် သည်။ တစ်မျက်နှာလျှင်၁မိုင်၂ဖာလုံကျော်မျှ ရှိသည်ဟု ခန့်မှန်းနိုင်သည်။ မြို့ရိုးထုအမြင့် ၂၇ပေ၊ ထု ၁ဝပေရှိ၏။ မြို့ရိုးတစ်လျှောက် သူရဲခိုများထားရှိရာသူရဲခို ၃၈ဝဝ ခန့်ရှိသဖြင့် ရှေးခေတ်မြန်မာစစ်သည် အင်အား သုံးနိုင်ပုံကို ခန့်မှန်းနိုင်သည်။ သူရဲခိုများတွင် သေနတ်ပစ်ရန် အပေါက်ငယ်မှာ ၂ပေ၉လက်မကျယ်ဝန်း၏။ ၁ပြကြားတွင် သူရဲခိုပေါင်း ၇ဝ ရှိသည်။ မြို့ရိုးတစ်လျှောက်…
Read More