မကွေးတိုင်းမှာ ကိုယ်စားလှယ်လောင်းအင်အားတူပါတီ ၄ခုရှိ

Magway canditate

မကွေးတိုင်းမှာ ကိုယ်စားလှယ်လောင်းအင်အားတူပါတီ ၄ခုရှိ   Voice Of Myanmar   မကွေးတိုင်း ၂၅ မြို့နယ်က မဲဆန္ဒနယ်အကုန်လုံးကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီ ၄ခုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) တို့ဖြစ်ပါတယ်။ သူတို့ပါတီတွေဟာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေအတွက် စုစုပေါင်း ၈၈ နေရာလုံး ဝင်ပြိုင်မှာဖြစ်ပါတယ်။   တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက နေရာ ၅၁ နေရာ  အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ( DNP )က ၁၆ နေရာပြိုင်ပြီး၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၁၂နေရာ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုင်းရင်းသားများပါတီ နဲ့ တသီးပုဂ္ဂလ ၁၆ ယောက် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။   #voiceofmyanmar #VOM #မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ်များ…

Read More

ရှမ်းပြည်နယ်တခုလုံးမှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံးဟာ ညီညွတ်သောဒီမိုကရက်တစ်ပါတီဖြစ်

ရှမ်းပြည်နယ်တခုလုံးမှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံးဟာ ညီညွတ်သောဒီမိုကရက်တစ်ပါတီဖြစ်   Voice Of Myanmar   ရှမ်းပြည်နယ်တခုလုံးမှာ မဲဆန္ဒနယ် ၅၅ ခုရှိတဲ့အနက် မြို့နယ် ၅၀ မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာထားပါတယ်။   ရှမ်းပြည်နယ်ကနေပြီးတော့ လွှတ်တော်အသီးသီးကိုဝင်ရောက်ယှယ်ပြိုင်မယ့် ပါတီပေါင်း ၃၃ ခုနဲ့ တသီးပုဂ္ဂလိကကိုယ်စားလှယ်လောင်း အရေအတွက်ဟာ ၁၀၁၈ ဦးရှိပါတယ်။ ဒီထဲကနေ ကိုယ်စားလှယ်လောင်း ၁၆၅ယောက်နဲ့ အများဆုံးယှဉ်ပြိုင်တာကတော့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP ) ဖြစ်ပါတယ်။ ဒုတိယကိုယ်စားလှယ်အများဆုံးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) ဖြစ်ပြီး  ၁၅၅ ယောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ တတိယကတော့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ဖြစ်ပြီး ၁၅၁ယောက်ပြိုင်မှာပါ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ကတော့ ၁၁၀ စတုတ္ထနေရာက  ရှိပါတယ်။   ကျန်တဲ့ ပါတီတွေကတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊…

Read More
VOM News

FREE
VIEW