လက်ပံတန်း၊ ဇွန် ၂၆ – ၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်းက ဘုန်းကြီးကျောင်းနဲ့ စေတီတော်တွေမှာရှိတဲ့ စိန်ဖူးတော် ၃၀ ကျော် မနေ့ညနေပိုင်းက ခိုးယူခံရတယ်လို့ အဲဒီကျေးရွာတွေက သိရပါတယ်။ “ချမ်းသာကုန်းဘုန်းတော်ကြီးကျောင်းမှာ မနေ့ညနေ ငါးနာရီဝန်းကျင်လောက်က ဘုရားမီးပူဇော်တဲ့အချိန်မှာ စိန်ဖူးတော် အခိုးခံရတာကို သိရတာပါ။ ကွမ်းခြံကုန်းအုပ်စုက စေတီတော်တွေက အရံစေတီတော်တွေရဲ့စိန်ဖူးတော်တွေပါ အခိုးခံရတယ်။ နောက်ကျေးနီကျေးရွာက ကိုးနဝင်းကပ်ကျော် စေတီတော်ကစိန်ဖူးတော်၊ အားလုံးခန့်မှန်းခြေ ၃၀ကျော်ခိုးယူခံရပါတယ်။”လို့ ချမ်းသာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ငွေက ပြောပါတယ်။ ချမ်းသာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း တည်ထားတဲ့ လာဘမုနိ ကမ္ဘာ့ချမ်းသာရစေတီတော်နဲ့ ချမ်းသာကုန်းဘုန်းကြီးကျောင်းစေတီတော်၊ ကွမ်းခြံကုန်းအုပ်စုမှ စေတီတော်၊ ကျေးနီကျေးရွာရှိ ကိုးနဝင်းကပ်ကျော် စေတီတော်တို့က စိန်ဖူးတော်တွေ တစ်နေ့တည်း ခိုးယူခံခဲ့ရတာ ဖြစ်ပြီး အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မြို့နယ်အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနကိုလည်း…
Read MoreCategory: ရိုးရာယဉ်ကျေးမှု
အမဲစိမ်း ဆက်တဲ့ ပြည်မြို့စောင့် ကန်တော်သခင်မောင်နှမ ကန်တော့ပွဲ
ဇွန်လ ၁၅ ရက် လမင်း (VOM) သရေခေတ္တရာမင်းဆက် ဒုတ္တဘောင်ဘုရင်သတ်မှတ်ခဲ့တဲ့ ပြည်မြို့စောင့် ကန်တော်သခင်မောင်နှမရဲ့ နယုန်လ ကန်တော့ပွဲကို ဇွန်လ ၁၅ ရက်နေ့ကစပြီး ပြည်မြို့က ကန်တော်သခင်မနတ်နန်း မှာပြုလုပ်နေကြပါတယ် ။ “ဒွတ္တဘောင်ဘုရင်လက်ထက်က စရမှာပေါ့ ဒွတ္တဘောင်ဘုရင် သတ်မှတ်ခဲ့တဲ့ နယုန်လဆန်းကနေ နယုန်လပြည့်ကျော်တဲ့ အထိကို ဒီသခင်ကြီးနဲ့သခင်မကြီး အကိုတော်ဘုရားနဲ့ အမတော်ဘုရားကို သရက်သီးမှည့်နဲ့ ဆီထမင်းစားတော်စာကို ဒွတ္တဘောင်မင်းကိုယ်တိုင် နန်းသူနန်းသားတွေနဲ့ ဆက်လာပြီးတော့ ခေတ်အဆက်ဆက်က လုပ်လာတာဖြစ်လို့ ၇ ရက် သားသမီးအပေါင်း ပြည်မြို့သူမြို့သားအပေါင်း ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ရည်ရွယ်ပြီး ဒီကနားပွဲကို စုပေါင်းပြီးတော့ ကန်တော့ကြတာပေါ့ ” ဟု နန်းထိန်းမိသားစုဝင်ဖြစ်တဲ့ ကိုညီက ပွဲတော်ဖြစ်ပေါ်လာရတဲ့အကြောင်းကို ရှင်းပြပါတယ် ။ ဒွတ္တဘောင်မင်း လက်ထက်ကတည်းက ကန်တော့ပွဲ မှာ ဆီထမင်းနဲ့ သရက်သီးမှည့်ကို…
Read Moreရန်ကုန်မှာ အမြန်ထိမ်းသိမ်းဖို့လိုအပ်နေတဲ့ ယဉ်ကျေးမှုအမွေအနှစ်အဆောက်အဦးတွေရှိနေ
ရန်ကုန်၊မေ၂၆-၂၀၁၉ သိင်္ဂီ(VOM) ရန်ကုန်မြို့လယ်မှာအမြန်ထိန်းသိမ်းဖို့လိုအပ်နေတဲ့ယဉ်ကျေးမှုအမွေအနှစ် အဆောက်အဦတွေရှိနေတယ်လို့Yangon Heritage Trust ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ စာရင်းတွေအရသိရပါတယ်။ လက်ရှိရန်ကုန်မြို့လယ်မှာက ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံပေါင်း၂၀၀၀ကျော်လောက်ရှိပေမယ့် တချို့အဆောက်အဦးတွေကတော့ကြံ့ခိုင်မှူအားကောင်းပေမယ့်တချို့အဆောက်အဦးတွေကတော့ထိန်းသိမ်းဖို့အမြန်လိုအပ်နေတာတွေရှိတယ်လို့လည်းYangon Heritage Trust အဖွဲ့က ဆိုပါတယ်။ “YHT ဆိုတာကNGO ဖြစ်လို့ ဘယ်အဆောက်အဦးကိုဘာလုပ်ပါလို့တော့အစိုးရကိုပြောဖို့ခက်ပါတယ်။ ဒါပေမယ့်ဒီအဆောက်အဦးတွေကိုပြင်ချင်တယ်ဆန္ဒရှိတယ်ဆိုရင်အကြံဥဏ်ပေးတယ်၊အခကြေးငွေးမယူပါဘူး၊ ထိန်းသိမ်းဆိုတဲ့နေရာမှာအဆောက်အဦးပိုင်တဲ့သူကဘာလုပ်ချင်လဲဆိုတဲ့အပေါ်လည်းမူတည်တယ်။ အဓိကရန်ကုန်၊ ကိုယ်နေတဲ့ဧရိယာမြို့နယ်အမွေအနှစ်တန်ဘိုးတက်လာမယ်ဆိုရင် ပိုင်ရှင်တွေအနေနဲ့ထိန်းသိမ်းဖို့ကိုပိုပြီးတော့စိတ်ပါလာမယ်လ်ို့ယူဆတယ်။”လို့ Yangon Heritage Trustအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုသူရိန်အောင်ကပြောပါတယ်။ ဒီလိုအမြန်ထိန်းသိမ်းဖို့လိုအပ်နေတဲ့အဆောက်အအုံတွေနဲ့ပတ်သက်ပြီးရန်ကုန်မြို့လယ်ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံစာရင်းပြုစုထားကြောင်း၊ဒီစာရင်းတွေအရအဆောက်အအုံတွေအခြေအနေအနေအထားအားလုံးကိုYCDC နဲ့တာဝန်ရှိအဖွဲ့အစည်းတွေကိုတင်ပြထားတယ်လို့သိရပါတယ်။ ” အမွေအနှစ်ဆိုပြီးဒီအဆောက်အဦးအဟောင်းကြီးအတိုင်းထားလို့ကမရဘူးလေ။ခုခေတ်အိမ်တစ်လုံးပြင်တာကလည်းစရိတ်ကကြီးတယ်။လူမနေပဲထိန်းသိမ်းမယ်ဆိုရင်တော့ပိုကြာရှည်ခံမှာပေါ့။ မဟုတ်ရင်ဝိတ်ဒဏ်နဲ့ကြာရင်သက်တမ်းကရင့်လာတော့လူနေလို့အဆင်မပြေတာဖြစ်လာမယ်၊ပြုပြင်ရမယ်။သက်သက်မဲ့အကောင်းကြီးကိုဖြိုဖျက်လိုက်တာတော့မဟုတ်ဘူး။ ကိုယ့်ဝင်ငွေနဲ့ကိုယ်ချိန်ဆပြီးလုပ်ရတာဖြစ်တယ်၊ တစ်ခါတလေကျအဆင်မပြေတာတွေလည်းရှိတယ်။”လို့ကျောက်တံတားမြို့နယ်ထဲကအဆောက်အအုံပိုင်ရှင်တစ်ဦးကပြောပါတယ်။ အဆောက်အအုံပိုင်ရှင်တွေကအဆောက်အအုံကိုဖျက်စီးဖို့ဆန္ဒရှိပါကအမှန်တကယ်ဖျက်သင့်မဖျက်သင့်ဆိုတာကိုလည်းရှင်းလင်းဆွေးနွေးအကြံညဏ်ပေးကြောင်း၊ ဒီကနေ့ရန်ကုန်မှာဖြစ်နေတဲ့အမွေအနှစ်အဆောက်အအုံတွေဖြိုဖျက်ခံနေရခြင်းကစိုးရိမ်ဖွယ်ရာအခြေနေဖြစ်နေတယ်လို့သိရပါတယ်။ ဒါကြောင့်ဖြိုဖျက်နေတာတွေကို ရပ်တန့်နိုင်ဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီးYangon Heritage Trust YHT နဲ့အတူယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးကိုအထောက်အပံ့ပေးနေတဲ့Slade Property Services SPS ရဲ့တည်ထောင်သူHugo Slade ကလည်းရန်ကုန်မြို့ဆိုတာလှပတဲ့ဗိသုကာလက်ရာတွေပိုင်ဆိုင်ထားတဲ့ဒေသတွင်းမြို့ကြီးတွေထဲကတစ်ခုဖြစ်တယ်၊ ဒါကြောင့်ကျန်ရစ်နေသေးတဲ့ရန်ကုန်မြို့ရဲ့အမွေအနှစ်တွေကိုမူလအခြေအနေအတိုင်းတွေ့မြင်နေရတဲ့အဆောက်အအုံတွေဟာအရေအတွက်အနေနဲ့ရောယိုယွင်းနေတဲ့အခြေနေတွေကပါထူးခြားပြီးဆွဲဆောင်မှုရှိတယ်လို့ပြောဆိုထားပါတယ်။ #voiceofmyanmar…
Read Moreမြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးပြင်ဆင်နေမှု လုပ်ငန်း ၇၀ ရာခိုင်နှုန်းကျော် ပြီးစီး
ရန်ကုန် ၊မေ – ၂၂ – ၂၀၁၉ သိင်္ဂီ (VOM) မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး ပြင်ဆင်နေမှု လုပ်ငန်းပမာဏ ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီလို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြောပါတယ်။ ဒီနေ့မနက် ရန်ကုန်မြို့၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲရုံးမှာ ပြုလုပ်ခဲ့တဲ့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် တင်သွင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာပြောခဲ့တာ ဖြစ်ပါတယ်။ ” မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသက ပုံစံမျိုးစုံတဲ့ ယဉ်ကျေးမှုအထောက်အထားတွေနဲ့ ခိုင်မာတဲ့ ယဉ်ကျေးမှုအထောက်အထားတွေကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းသယ်ဆောင်ခဲ့တာကို ဒီနေ့တွေ့နိုင်တယ်။ ဒီလိုပြည့်စုံတဲ့ ဒေသတစ်ခုကို UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ပါဝင်ခံရနိုင်ဖို့ အချိန်မီတင်သွင်းနိုင်ရမှာဖြစ်တယ်။ ဒီလို အချိန်မီတင်သွင်းနိုင်ဖို့ကလည်း ပညာရှင်တွေ၊…
Read Moreမန္တလေးသင်္ကြန် ဒီနှစ် ဘာတွေထူးမလဲ
မန္တလေး မတ် ၁၀ – ၂၀၁၉ နေလင်း+သွေးသစ် (VOM) မန္တလေးက စခဲ့တဲ့ လမ်းလျှောက်သင်္ကြန်ဆိုတဲ့ ယဉ်ကျေးမှုဟာ နိုင်ငံနဲ့အဝှမ်း ခေတ်စားခဲ့ပါတယ်။ အဲဒီနောက် တောသင်္ကြန်ဆိုပြီး လုပ်ခဲ့ပါသေးတယ်။ ဒီနှစ်မှာတော့ တိုင်းရင်းသားသွေးချင်းများရဲ့စုပေါင်းသင်္ကြန်ဆိုတာ စီစဉ်နေပါတယ်။ ဒီနှစ် မန္တလေးသင်္ကြန်မှာ ဘယ်လိုတွေစည်ကားအောင်လုပ်မလဲဆိုတာ မန္တလေးစည်ပင်သာယာရေးကော်မတီဝင် စာရေးဆရာ ကျော်ရင်မြင့်ကို ဗီအိုအမ်ဝိုင်းတော်သား ကိုနေလင်းက တွေ့ဆုံမေးမြန်းတင်ဆက်ထားပါတယ်။ ရိုက်ကူး သွေးသစ် #voiceofmyanmar #သင်္ကြန် #မန္တလေးသင်္ကြန် #လမ်းလျှောက်သင်္ကြန်
Read Moreနည်းပညာတက္ကသိုလ်(မန္တလေး) ရဲ့ ကျောင်းတွင်းသင်္ကြန်
မန္တလေး၊ မတ် ၇-၂၀၁၉ ဟိန်းကို(VOM) နည်ပညာတက္ကသိုလ်(မန္တလေး) TUM ရဲ့ တတိယအကြိမ်မြောက် ကျောင်းတွင်းသင်္ကြန်ကျင်းပတာကို ယနေ့နေ့လယ်ပိုင်းက TUMကျောင်းအတွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခြားသောမြို့တွေက တက္ကသိုလ်တွေမှာ ခုလို ကျောင်းတွင်းသင်္ကြန်ကျင်းပရင်း ခိုက်ရန်ဖြစ်ပွားတာတွေဖြစ်ခဲ့တာကြောင့် နည်းပညာတက္ကသိုလ်(မန္တလေး)ရဲ့ ကျောင်းတွင်းသင်္ကြန်ကျင်းပရာမှာလည်း ခိုက်ရန်ဖြစ်ပွားမှုမရှိစေဖို့ လုံခြုံရေးတင်းကျပ်ထားတာ တွေ့ရပါတယ်။ ဟိန်းကိုရိုက်ကူးတင်ဆက်ထားပါတယ်။ #voiceofmyanmar# နည်ပညာတက္ကသိုလ်(မန္တလေး)# TUM
Read Moreကျောက်ဂူဆရာတော် ကမ္မဌာနာစရိယ ဣန္ဒာစရိယရဲ့ ရုပ်ကလာပ်ကို မီးသဂြိုလ်မည်
ဂန့်ဂေါ မတ် ၂-၂၀၁၉ မိုင်ချယ်ရီ (VOM) မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကန်ကျေးရွာအနီးမှာ ရှိတဲ့ ကျောက်ဂူတောရကျောင်း ဆရာတော် ဣန္ဒာစရိယရဲ့ ရုပ်ကလာပ် ကို ဒီနေ့ မတ်လ ၂ ရက်နေ့ ညဦးပိုင်းမှာ မီးသဂြိုလ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆရာတော် ပျံလွန်တော်မူပြီးနောက်မှာ သူရဲ့ ရုပ်ကလာပ်ကို ဂန့်ဂေါမြို့နယ်မှာရှိတဲ့ ကျောက်ဂူတောရကျောင်းမှာ ရပ်ဝေးရပ်နီးက ဆရာတော်ရဲ့ ဒကာ ဒကာမတွေ ဖူးမြှော်နိုင်ဖို့ ပူဇော်ခံထားရာကနေ မီးသဂြိုလ်တော့မှာ ဖြစ်ပါတယ်။ “ယောဆရာတော်ဘုရားကြီးရဲ့ ညတရားပွဲ ရှိတယ်။ တရားပွဲပြီမှ မီးသဂြိုလ်မှာ စီစဉ်ထားတာတွေကတော့ အားလုံးပြီးပြီ။ ကျောက်ဂူတောရကျောင်းက စွယ်တော်ဘုရားဝန်းထဲ မုခ်တည့်တည့်မှာပဲ မီးသဂြိုလ်ဖို့ နေရာပြင်ထားတယ်။ မီးသဂြိုလ်တဲ့နေရာ အတိုင်းပဲ လွမ်းစေတီတော် (မဟာဗောဓိ(ဗုဒ္ဓဂယာ))ပုံတူ စေတီတည်မယ်” လို့ ကန်ကျေးရွာက ဆရာတော် ရဲ့ ဒကာတစ်ဦးဖြစ်တဲ့ ဦးသန်းဝင်းနိုင်…
Read More၂၀၁၉ မတ်လ အတွက်နေ့ဖွားဟောတမ်း
မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ဝင် ဆရာကြီး ဦးမင်းသိန်းတွက်ချက်ထားတဲ့ ၇ ရက်သားသမီးများအတွက် မတ်လအတွင်း အကောင်းအဆိုးနဲ့ ဆောင်ရန် ရှောင်ရန် ဟောစာတမ်း တနင်္ဂနွေသားသမီးတို့သည် ဤလတွင် အစုဝင်ရှယ်ယာလုပ်ငန်းများတွင် သတိနှင့် လုပ်ကိုင်လျှင် အကျိုးအမြတ် ရရှိနိုင်သည်။ ၀င်ငွေကောင်းနိုင်ပြီး စုဆောင်မှုနည်းတတ်သည်။ လုပ်ငန်းအကြံအစီသစ်များ ဆောင်ရွက်ရာတွင် အစပထမပိုင်းတွင် အနောက်အယှက် တွေ့ကြုံနိုင်ပြီး နောက်ပိုင်းကာလတွင် အောင်မြင်မှုရရှိတတ်သည်။ တစ်ခါတရံ မိတ်ဆွေအပေါင်းအသင်းများနှင့် စကားများရတတ်သည်။ နိုင်ငံရပ်ခြားခရီး၊ ရပ်ဝေးခရီး မမျှော်လင့်ဘဲ သွားရတတ်သည်။ စိတ်ကူးကများနေ၍ လက်တွေ့အကောင်အထည်ဖော်မှု အားနည်းနေတတ်သည်။ တဇွတ်ထိုး လုပ်ကိုင်လျှင် အမှားတွေ့နိုင်သည်။ (ယတြာ။ ။ အရှေ့အရပ် မျက်နှာမူပြီး စနေနံဘုရားတွင် ပေါက်စီကပ်လှူပါ) ………………………. တနင်္လာသားသမီးတို့သည် ဤလတွင် စိတ်လှုပ်ရှားစရာများ တွေ့ကြုံနေတတ်သည်။ စိတ်တည်ငြိမ်စွာဖြင့် လုပ်ကိုင်လျှင် အောင်မြင်မှု ရရှိနိုင်သည်။ ရည်ရွယ်ချက်၊ ရည်မှန်းများများ မထားဘဲ တစ်ခုထဲကိုသာ အာရုံစိုက် လုပ်ဆောင်သင့်သည်။ စိတ်ကူးစိတ်သန်းကောင်းများကို အကောင်အထည်ဖော်ရန်…
Read Moreပထမဆုံးကျောင်းတွင်းသင်္ကြန် ပြည်တက္ကသိုလ်တွင်ကျင်းပ
ပြည်၊ မတ် ၁၊ ၂၀၁၉ လမင်း (VOM) ကျောင်းသားလူငယ်တွေ ဦးဆောင်ကျင်းပတဲ့ ပြည်တက္ကသိုလ်အတွက် ပထမဦးဆုံးကျောင်းတွင်းသင်္ကြန်ကို ပြည်တက္ကသိုလ်ဝန်းထဲမှာ မတ်လ ၁ ရက်နေ့ မနက်က ကျင်းပခဲ့ကြပါတယ် ။ “ကျွန်တော်တို့ ပထမဆုံးလုပ်တဲ့ ကျောင်းသင်္ကြန်ပါ အရင်နှစ်တွေက ဒါမျိုးမလုပ်ပါဘူး။ ကျောင်းသားသမဂ္ဂဦးဆောင်ပြီး သံချပ်တွေလည်းထိုးမှာပါ အဆိုတော်တွေလည်း လာဆိုကြမှာပါ ခု လို ကျောင်းသားအားလုံး စည်စည်ကားကားဆင်နွှဲတဲ့အတွက် ကျွန်တော်တို့ လုပ်ရကျိုးနပ်ပါတယ် ” လို့ ပြည်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ အတွင်းရေးမှူး ကိုကျော်ရဲသူက ပြောပါတယ်။ ကျောင်းသင်္ကြန်ကို ပြည်တက္ကသိုလ်ဝန်းထဲရှိ ဘွဲနှင်းသဘင်ခန်းမရှေ့တွင် မဏ္ဍပ်ထိုးပြုလုပ်ခဲ့ကြတာဖြစ်ပါတယ် ။ ဖွင့်ပွဲအခမ်းအနားကို မနက် ၈ နာရီခွဲခန့်ကစတင်ကာ ပါမောက္ခချုပ်နှင့်ဆရာကြီး ၊ ဆရာမကြီးများမှ တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းသားကျောင်းသူ ၇ ထောင်ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်…
Read Moreကောင်းမှုတော်စေတီ အဖြူရောင်ဆေးသင်္ကန်းကပ်လှူခြင်း ၇၅ရာခိုင်နှုန်းပြီးစီး
စစ်ကိုင်း ဖေဖော်ဝါရီ ၂၁-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့၊ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီး အဖြူရောင်ဆေးသင်္ကန်းကပ်လှူဖို့ လုပ်နေတာမှာ ၇၅ရာခိုင်နှုန်းပြီးစီးနေပြီလို့ ကောင်းမှုတော်စေတီတော် ဂေါပကအဖွဲ့ကပြောပါတယ်။ စေတီတော်ကြီးရဲ့ အောက်ခြေကနေစပြီး ဆေးဖြူသင်္ကန်းကို စသုတ်နေပြီး၊ စေတီတော် လုံးတော်မှာတော့ ရွှေဆေးတွေ ခွာချတုန်းက ကွာသွားတဲ့နေရာ၊ ချိုင့်ဖြစ်နေတဲ့နေရာတွေကို အင်္ဂတွေဖြည့်တဲ့လုပ်ငန်းတွေ ပြီးစီလုဖြစ်နေပြီလို့ ဆိုပါတယ်။ စေတီတော်လုံးတော်မှာ အင်္ဂတေဖြည့်တဲ့ လုပ်ငန်းတွေ ပြီးတာနဲ့ တပတ်အတွင်း လုံးတော်ပြည့် ဆေးဖြူသင်္ကန်းကပ်တော့မှာဖြစ်တယ်လို့ ကောင်းမှုတော် စေတီတော် ဂေါပကအဖွဲ့က ပြောပါတယ်။ လာမယ့်တပေါင်းလပြည့်နေ့မှာတော့ အဖြူရောင်ဆေးသင်္ကန်းကပ်လှူပြီးသွားတဲ့ ကောင်းမှုတော်စေတီတော်မြတ်ကြီးကို စစ်ကိုင်းမြို့မှ ပင့်သံဃာ အပါး ၁၀၀၀ တို့နဲ့ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာသဘင် ဆင်ယင်ကျင်းပခြင်း၊ သံဃာအပါး ၁၀၀၀ အား ဆွမ်းကြီးလောင်းလှူ ပြီး ကမ္ဘာ့အကြီးဆုံးစည်တော်ကြီး ဖွင့်လှစ်ခြင်း အခမ်းအနားများ ကျင်းပသွားမှာလို့ ဂေါပက ဥက္ကဋ္ဌ ဦးနီတင်က VOM ကို ပြောပါတယ်။ #ကောင်းမှုတော် #ကောင်းမှုတော်စေတီတော် #စစ်ကိုင်း
Read More