ဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာ မီးနင်းပွဲ

စရီမာရီယမ္မာန် မယ်တော်ကြီးဘုရားကျောင်း(၂၄)ကြိမ်မြောက် မီးနင်းပွဲ ကျင်းပ မန္တလေး၊ ဖေဖေါ်ဝါရီ ၁၉-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက် ၇၇လမ်း ၂၆လမ်း နဲ့ ၂၇လမ်းကြား မှာ တည်ထားကိုးကွယ်တဲ့ စရီမာရီယမ္မာန် မယ်တော်ကြီးဘုရားကျောင်းရှေ့မှာ ဒီကနေ့ ညနေပိုင်းက ရိုးရာမီးနင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ” ကျန်းမာရေးမကောင်းဘူးဆိုရင် ကျန်းမာရေးကောင်းရမယ်ဆိုတဲ့ အဓိဋ္ဌာန်နဲ့ ကျန်းမာရေးကောင်းသွားရင် မီးကိုနင်းရတာ အဓိဋ္ဌာန်အောင်သွားပြီဆိုတဲ့သဘောနဲ့ နင်းရတာပေါ့၊ စီးပွားရေးဆိုလည်း အဲ့လိုပဲ စီးပွားရေးမှာ အောင်မြင်ရင် အဲ့လို မီးနင်းတယ်၊ အစတည်းက မယ်တော်ကြီးဆီလာပြီး အဓိဋ္ဌာန်ထားလိုက်တာ အောင်မြင်သွားတိုင်း ခုလို မီးလာနင်းရတယ် ” လို့ မဟာပိန္နဲဘုရားကျောင်း နဲ့ စရီမာရီယမ္မာန် မယ်တော်ကြီး ဘုရားကျောင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးNအပါဦး (ခ) ဦးမောင်မောင်လွင် က ပြောပါတယ်။ ခုလို မီးနင်းပွဲတော်ကျင်းပလာတာဟာ နှစ်ပေါင်းများစွာကြာခဲ့ပြီး…

Read More

ပျူရိုးရာ ဥာဏ်ရိုးမီးပူဇော်ပွဲကို ပြည်မြို့မှာ အစဉ်လာမပျက် စည်ကားစွာကျင်းပ

ပြည် ဖေဖေါ်ဝါရီ ၁၉ – ၂၀၁၉ လမင်း (VOM)   ပျူလူမျိုးတို့ရဲ့ရိုးရာယဉ်ကျေးမှု ဘာသာရေးပွဲတော်တစ်ခုဖြစ်တဲ့ ဥာဏ်ရိုးမီးပူဇော်ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တပို့တွဲလပြည့်နေ့ မနက် ၄ နာရီအချိန်ခန့်က ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ ပြည်မြို့ရှိ ရှေးဟောင်းသမိုင်းဝင်စေတီတစ်ဆူဖြစ်တဲ့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးမှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါတယ်။ ဥာဏ်ရိုးမီးပူဇော်ပွဲကိုကျင်းပလာခဲ့တာဟာ  နှစ်ပေါင်းနှစ်ထောင်ကျော်ခန့်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံမှာ အထူးခြားဆုံး ရှေးရိုးရာဘာသာရေးပွဲတစ်ခုလည်းဖြစ်ပါတယ်။ ချမ်းအေးတဲ့ တပို့တွဲလရာသီမှာ ဗုဒ္ဓဘုရားရှင်ကို အလင်းဓာတ်နဲ့ အနွေးဓာတ်လှူဒါန်းလိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ရှေးလူကြီးတွေက ပြောခဲ့တာကြောင့် ဒီနေ့ခေတ်လူငယ်တွေထိ လက်ဆင့်ကမ်း သယ်ဆောင်လာတဲ့ ယဉ်ကျေးမှုဖြစ်ပါတယ် ။ တပို့တွဲလပြည့်နေ့မတိုင်မီ တောသူတောင်သားတွေဟာ  တောတောင်တွေထဲက ဆင်စွယ်အလားသဏ္ဍန်တူပြီး  ဥာဏ်ပင်လို့ခေါ်တဲ့ အဖြူရောင်အဆင်းရှိ ပေါ့ပါးတဲ့ သစ်ကိုင်းချောင်းကလေးတွေကို ခုတ်ယူနေပူလှန်း လှပမှုရှိအောင်အချောကိုင်ပြီး ရွှေဆံတော်ဘုရားကြီး မြောက်စောင်းတန်းအရှေ့ဘက်မှာ ရောင်းချကြပါတယ်။ ကိုယ်တိုင်မခုတ်နိုင်သူတွေက အဲဒီဆိုင်တွေကနေဝယ်ပြီး…

Read More

စစ်ကိုင်းမြို့က ဘဲဥထုပွဲတော်

စစ်ကိုင်း ဖေဖော်ဝါရီ ၁၉-၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်အတွင်းရှိတဲ့  ဇိနမာရ်အောင် လောကချမ်းသာ ကြေးဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်မှာရိုးရာ အစဉ် အလာမပြတ်ထည့်သွင်းကျင်းပလာတဲ့ဘဲဥ ထုပွဲတော်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညပိုင်းအချိန်က စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။ VOM ရဲ့ စစ်ကိုင်းသတင်းထောက် စောပြည့်ချမ်းသာက ရိုက်ကူးတင်ဆက်ထားပါတယ်။   စစ်ကိုင်း#voiceofmyanmar#ဘဲဥထုပွဲ

Read More

သမဝါယမ တက္ကသိုလ် (စစ်ကိုင်း)က ထမနှဲထိုးပွဲ ပြိုင်ပွဲ

စစ်ကိုင်း။ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉ စောပြည့်ချမ်းသာ(VOM)     သမဝါယမ တက္ကသိုလ် (စစ်ကိုင်း)မှာ ယနေ့ နံနက်ပိုင်းအချိန်က ထမနှဲထိုးပွဲပြိုင်ပွဲကျင်းပ ခဲ့ပါတယ်။   အဲ့ဒီ ထမနှဲထိုးပွဲပြိုင်ပွဲမှာသမဝါယမကျောင်းရှိ မေဂျာပေါင်းစုံကပါဝင်ယှဉ်ပြိုင်တာဖြစ်ပြီး ထမနှဲထိုးပြိုင်ပွဲ ကိုသမဝါ ယမ တက္ကသိုလ် (စစ်ကိုင်း)မှာ သင်ကြားပေးလျက်ရှိတဲ့ စီမံခန့်ခွဲမှုပညာဌာန၊ ဘောဂဗေဒဌာန၊ ဝါဏိဇ္ဇဗေဒဌာန၊ သမဝါယမ ပညာဌာန၊ စာရင်းအင်းပညာဌာန နဲ့ ယခု တက်ရောက်ပညာသင်ကြားတဲ့ ပထမနှစ်ကျောင်းသူ၊ ကျောင်းသားများက စုစုပေါင်း အသင်း ၆ သင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။   ပထဆုကို စီမံခန့်ခွဲမှုပညာဌာနမှ ရရှိခဲ့ပြီး၊ ဒုတိယဆုကိုတော့ ယခုနှစ်တက်ရောက် ပညာသင်ကြားတဲ့ ပထမနှစ်ကျောင်းသူ၊ ကျောင်းသားများရရှိခဲ့ပြီး တတိယဆုကို ဘောဂဗေဒပညာဌာန  ရရှိကာ နှစ်သိမ့်ဆုများ အနေနဲ့ ဝါဏိဇ္ဇဗေဒဌာန၊ သမဝါယမ ပညာဌာန၊ စာရင်းအင်းပညာဌာနတို့က ရရှိခဲ့ပါတယ်။

Read More

မြင်စိုင်းမြို့ဟောင်းဝန်းကျင် ထုံးကျောက်မိုင်းခွဲလို့ ရှေးဟောင်းအမွေအနှစ် ပျက်စီးမှု တိုင်းအစိုးရကို အကြံပြုစာပို့မည်

  ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၉ TGH(VOM)   မြင်စိုင်း မြို့ဟောင်းရဲ့ အရှေ့ဘက်နဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ထုံးကျောက်တောင်ကနေ ထုံးကျောက်ထုတ်ယူဖို့အတွက် မိုင်းခွဲရာမှ စိတ္တဂုတ္တဂူအတွင်းရှိ ပင်းယခေတ် ၁၄ ရာစု နံရံပန်းချီတွေ ပြိုကျခဲ့တာနဲ့ပတ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးအစိုးရထံကို ယခုလအတွင်း အကြံပြုချက်တွေ တရားဝင်ပေးပို့သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအသင်းရဲ့ အတွင်းရေးမှူး ကိုသူရအောင်က ပြောပါတယ်။   ” ဖြစ်စဉ်ဖြစ်ရတဲ့ အကြောင်းအရင်းတွေကို တင်ပြပြီး ဒီဖြစ်စဉ်ကို ဥပဒေအရ ဘယ်လိုအားနည်းချက်တွေကြောင့်ဖြစ်တယ်၊ တည်ဆဲဥပဒေတွေကို အသုံးချပြီး ဘယ်လိုဖြေရှင်းရမယ်၊ ဝန်ကြီးဌာန နဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရတို့ ဘယ်လိုပူးပေါင်းဖြေရှင်းရမယ် စတဲ့ အကြံပြုချက်တွေကို သက်ဆိုင်ရာကို ပေးပို့မှာဖြစ်တယ်။ ရှေ့တစ်ပတ်ထဲမှာ အကြံပြု စာပေးပို့သွားမှာဖြစ်တယ်။ ဒါတွေက စစ်ဆးရုံနဲ့ ပြီးတဲ့ကိစ္စမဟုတ်တာကြောင့် အကြံချက်ကတော့ပို့မှာဖြစ်တယ်”လို့ ဆိုပါတယ်။  …

Read More

ဖေဖေါ်ဝါရီလအတွက် ဆရာဦးမင်းသိန်း၏ ဗေဒင်ဟောစာတမ်း

တနင်္ဂနွေ တနင်္ဂနွေနေ့ဖွားသားသမီးတို့သည် ဤလသည် ရိုးရိုးကျင့် မြင့်မြင့်ကြံလုပ်ကိုင်နေထိုင်ပါက အကြံအစည် ရည်ရွယ်ချက်များအောင်မြင်အံ့။ အင်္ဂါနေ့၊ ကြာသပတေးနေ့ဖွားသူတို့နှင့် အကျိုးပေးကောင်းအံ့။ အချစ်ရေး၊ လူမှုရေး၊ ရှုပ်ထွေးမှုများကို အသိ၊ သတိဖြင့်ရှောင်ရှားနိုင်လျှင် ကံကောင်းနိုင်အံ့။ အိမ်ထောင်ရေးတွင် အမျိုးသမီးများအဖို့ ပိုမို ကံကောင်းနိုင်အံ့။ ပညာနှင့် ပတ်သက်သောလုပ်ငန်း၊အိမ်၊ ခြံ၊ မြေလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ဆေးနှင့် ဆေးပစ္စည်းရောင်းဝယ်ရေးတို့နှင့် အကျိုးပေးကောင်းအံ့။ ကျန်းမာရေး စောင့်ရှောင်မှုကောင်းခြင်းကြောင့် နှလုံး၊ အသည်း၊ ဝေဒနာတို့မှ သက်သာအံ့။ ကြီးကဲသူတို့က မိမိ၏သစ္စာရှိမှုနှင့် သတ္တိရှိရှိလုပ်ကိုင်မှုကြောင့် မိမိအားကူညီစောင့်ရှောက်အံ့။ စစ်မှန်သော နှလုံးသားရေးရာ ကိစ္စများကြုံတွေ့ရအံ့၊ လုပ်ငန်းစီးပွားတိုးတက်ပါမည်။ (ယတြာ။အနောက်တောင်အရပ်မျက်နှာမူပြီး သောကြာနံဘုရားတွင် မေမြို့ပန်းကပ်လှူပါ။)   တနင်္လာ တနင်္လာနေ့ဖွားသားသမီးတို့သည် ဤလတွင် အတိုက်အခံ၊ အနှောက်အယှက်များကို စိတ်စေတနာကောင်းဖြင့် အဖြေရှာ ၊ဖြေရှင်းနိုင်လျှင် ယှဉ်ပြိုင်လာသမျှအောင်မြင်အံ့။ အကြွားမဖက်ဘဲ ကတိတည်ပြီး လုံ့လ ဝီရိယဖြင့် လုပ်ငန်းကိစ္စများကို…

Read More

ဟိုတယ်တိုင်းရဲ့ မနက်စာအစီအစဉ်မှာ မုန့်ဟင်းခါးကို မြန်မာအစားအစာအဖြစ် ထည့်သွင်းပေးစေလို

ရန်ကုန်- ဇန်ဝါရီ ၃၀၊ ၂၀၁၉   ပြည်တွင်းမှာဖွင့်လှစ်ထားတဲ့ ဟိုတယ်၊ မိုတယ်တွေ အနေနဲ့ မနက်စာ ကျွေးမွေးတဲ့ အစီအစဉ်တွေထဲမှာ မုန့်ဟင်းခါးကို ထည့်သွင်းပေးစေချင်တယ်လို့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဌဦးနေလင်းက အကြံပြုပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ကြတဲ့ခရီးသွား ဧည့်သည် ၊ နိုင်ငံတကာက ခရီးသွားဧည့်သည်တွေအနေနဲ့ မုန့်ဟင်းခါးကို မြန်မာ့အစားအစားအစာအဖြစ် သိရှိစေဖို့ စတင်လုပ်ဆောင်နေတာကြောင့် နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့လည်း ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်ပေးစေလိုခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ “မနက်စာကျွေးတဲ့အခါ  မုန့်ဟင်းခါးကိုထည့်ကျွေးစေချင်တယ်။ အဲ့လိုထည့်ခြင်းအားဖြင့် နိုင်ငံတကာက ဧည့်သည်တွေ ဟိုတယ်မှာ တည်းတဲ့အခါ မြန်မာအစားအစာ ဘယ်ဟာလည်းလို့မေးရင် ဒီဟာက မုန့်ဟင်းခါး၊ မြန်မာအစားအစာဖြစ်တယ်ဆိုတာသိမယ်။ သူတို့မြည်းစမ်းကြည့်မယ်၊ ကြိုက်တာမကြိုက်တာထက် မုန့်ဟင်းခါးဆိုတာ မြန်မာအစားအစာမှန်း သူတို့သိသွားတာပေါ့။ ဒါမျိုးလေးတွေလုပ်စေချင်တယ်။”လို့ ဦးနေ လင်းကပြောပါတယ်။ ဒါ့အပြင် နိုင်ငံတော်အစိုးရအနေနဲ့လည်း ပံ့ပိုးမှုတွေရှိလာခဲ့မယ်ဆိုရင် ထိရောက်မှုပိုပြီးရှိစေမယ်လို့လဲဆိုပါ တယ်။ ဒါကြောင့် နိုင်ငံခြားသားခရီးသွားတွေ  မြန်မာနိုင်ငံကို လာရောက်တဲ့…

Read More

မိတ်အင် စစ်ကိုင်း လို့ဂုဏ်ယူစွာပြောနိုင်တဲ့ မြန်မာ့ရိုးရာအရုပ်များ

စစ်ကိုင်း ဇန်နဝါရီ ၂၆-၂၀၁၉ စောပြည့်ချမ်းသာ (VOM) မြန်မာ့ရိုးရာအရုပ်တွေဖြစ်တဲ့ ပစ်တိုင်းထောင် ၊ ဇီးကွက်၊ ဖိုးဝရုပ် စတဲ့ အရုပ်တွေကို စစ်ကိုင်းမြို့နယ်က အလုပ်များပြီး နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်တဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။  တစ်နှစ်ပတ်လုံး လုပ်ကိုင်သောလုပ်ငန်းဖြစ်ပြီး နတ်တော်၊ ပြာသို၊ တပို့တွဲလများမှာ အရောင်းပါးသော်လည်း တပေါင်း၊ တန်ခူးလမှာတော့အရောင်းပြန်စလာရာ ဝါဆိုလ မှာရောင်းရဆုံးကာလလို့သိရပါတယ်။ စစ်ကိုင်းမြို့ တဲကြီးတိုက်နယ် ဂုံညင်းထောင်ကျေးရွာက  မြန်မာ့ရိုးရာအရုပ်လုပ်ငန်းပြု လုပ်ပုံအကြောင်းကိုVoice Of Myanmar သတင်းဌာနက သွားရောက်မေးမြန်းခဲ့ပါတယ်။ #voiceofmyanmar#စစ်ကိုင်း#ရိုးရာအရုပ်လေးများ

Read More

ကုန်းဘောင်ခေတ်က ရှေးဟောင်း အိမ်ကြီးအကြောင်း

မုံရွှာ ဒီဇင်ဘာ ၁၈-၂၀၁၈ စောပြည့်ချမ်းသာ (VOM) စစ်ကိုင်းတိုင်း မုံရွှာမြို့ လယ်ဇင်စံပြကျေးရွာမှာရှိတဲ့ ကုန်းဘောင်ခေတ်က  ရှေးဟောင်းအိမ်ကြီး အကြောင်းကို Voice Of Myanmar သတင်းဌာနကသွားရောက်မေးမြန်းခဲ့ပါတယ်။ အဲဒီ ရှေးဟောင်းအိမ်ကြီးဟာ ကုန်းဘောင်ခေတ်က လယ်ဇင်းနယ်ပိုင် သူကြီးဦးရာဗိုလ်၊ ဒေါ်မေရှန်တို့ရဲ့ နေအိမ်ဖြစ်ပြီး ခေတ်အဆက်ဆက် ဆွေးမျိုးတော်စပ်သူတွေက ထိန်းသိမ်းစောင့်ရှောက်လာတာ ယနေ့ထိတိုင်ပါပဲ။ ရှေးဟောင်းအိမ်ကြီးမှာ ရှိတဲ့  ရှေးဟောင်းလက်ရာတွေနဲ့အတူ အလှဓါတ်ပုံရိုက်ကူးကြပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ တင်လာကြတဲ့အတွက် ခုနောက်ပိုင်းမှာလူသိများပြားလာပြီး ပြည်တွင်း ခရီးသွားတွေသာမက ပြည်ပခရီးသွားတွေကပါ လာရောက့်လေ့လာ မှတ်တမ်းတင်ဓါတ်ပုံတွေ ရိုက်ကူးလျက်ရှိပါတယ်။ #voiceofmyanmar#မုံရွာ# ကုန်းဘောင်ခေတ်ကရှေးဟောင်းအိမ်ကြီးအကြောင်း#

Read More

ပထမ လယ်တီဆရာတော်ဘုရာကြီး သတင်းသုံးခဲ့တဲ့ ရှေးဟောင်းကျောင်းပျက်စီးနေ

မုံရွာ ဒီဇင်ဘာ ၁၈-၂၀၁၈ စောပြည့်ချမ်းသာ (VOM) ကိုလိုနီခေတ်ကတည်းက တည်ဆောက်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ လယ်ဇင်စံပြကျေးရွာ၊ သာသနဝိသောဓနိကျောင်းတိုက်အတွင်းက ပထမလယ်တီဆရာတော်ဘုရားကြီး သီတင်းသုံး ကျမ်းပြုစုသွားတဲ့  ရှေးဟောင်းကျောင်းဆောင်ကြီး မှာ ပျက်စီးယိုယွင်းနေပြီးဖြစ်ပါတယ်။ ရှေးဟောင်းကျောင်းဆောင်ကြီးကို လယ်ဇင်နယ်ပိုင်သူကြီး ဦးရာဗိုလ်နဲ့ဇနီး ဒေါ်မေရှန်တို့က ၁၂၅၈ ခုနှစ် စတင်တည်ဆောက်လှူဒါန်းခဲ့တာဖြစ်ပြီး ၁၂၆၁ ပြီးစီးခဲ့တာဖြစ်ပါတယ်။ ယခုမှာ  နှစ်ကာလသက်တမ်း ကြာမြင့်နေတဲ့အတွက် ရာသီဥတုဒဏ်၊သဘာဝဘေးဒဏ်တွေခံရပြီး ပျက်စီးယိုယွင်ပျက်စီးလျက်ရှိတယ်လို့  သာသနဝိသောဓနိကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ဦးပဏ္ဍိတ က မိန့်ကြားပါတယ်။ “နယ်ပိုင်ကြီးဦးရာဗိုလ်၊ဒေါ်မေရှန်တို့က ၁၂၅၈ ခုနှစ်မှာ ကျောင်ဆောက်လုပ်လှူဒါန်းတယ်၊ ကျောင်းကြီးပြီးသွားတော့ ပထမလယ်တီဆရာတော်ကြီး ဦးဥာဏဓဇ ကို ပင့်ပြီး လှူဒါန်းခဲ့တယ်၊လယ်တီဆရာတော်ဘုရားကြီးက စာလိုက်သံဃာတွေနဲ့ စာချရင်နဲ့ နိဗ္ဗာန ဒီပနီကျမ်း ကို ဒီကျောင်းကြီးမှ ပြုစုသွားတာ၊လက်ရှိ ပျက်စီးနေပြီး ဒီကျောင်းကြီးပြင်ဖို့ဆိုတာကလည်း ခက်ခဲတယ်၊ ပြင်ဖို့ အောင်မြင်ဖို့ ဆိုတာလည်း မလွယ်ဘူး၊ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေဝင်လာရင်တော့…

Read More
VOM News

FREE
VIEW