နှစ်သက်တမ်း ၇၀၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ စစ်ကိုင်းမြို့ က “ရုပ်စုံကျောင်း”

  စစ်ကိုင်း၊ ဒီဇင်ဘာ ၈-၂၀၁၈ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းတောင်ဆင်းလမ်း၊ အရိယ၀ံသချောင်”မှာ နှစ်သက်တမ်း ၇၀၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ကျောင်းတစ်ကျောင်းရှိပါတယ်။ အဲ့ဒီ ကျောင်း ကို “ရုပ်စုံကျောင်း” လို့ ခေါ်ပါတယ်။ ဘာကြောင့် “ရုပ်စုံကျောင်း”  လို့ ခေါ်ရသလဲဆိုရင် ဇာတ်ကြီးဆယ်ဘွဲ့ နိပါတ် ဇာတ်ရုပ်တွေကို စုံလင်စွာ ထည့်သွင်း တည်ဆောက်ထားတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီကျောင်းဆောင်လေးကို အင်းဝခေတ် ရေငုံဆရာတော်ကြီး ထံမှာ စာပေသင်ကြားနေတဲ့ “ရှင်အရိယာဝံသ” ကိုယ်တော်ရဲ့ စာပေကျမ်းဂန် တတ်မြောက်မှုကို ကြည်ညိုတဲ့အနေနဲ့ အင်းဝဘုရင်”ဒုတိယမင်းခေါင်” ကကျောင်းဆောက်ကာ လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိမှာ  တိုင်းဒေသကြီးအစိုးရအဖွဲ့က ခရီးသွား နေရာတစ်ခု အဖြစ် ဖော်ဆောင်ထားရှိပြီး အများပြည်သူ လာရောက် ကြည့်ရှု့လေ့လာနိုင်ရန် သန့်ရှင်းလှပ မှုတွေ ပြုလုပ်ထားပါတယ်။ ခု နောက်ပိုင်းမှာ “ရုပ်စုံကျောင်း”လေးကို ပြည်တွင်းဘုရားဖူးတွေသာမက ပြည်ပ…

Read More

မြောက်ဦးမှာ တစ်ကိုယ်တော် ပန်းချီပြပွဲ ကျင်းပမည်

မြောက်ဦး၊ဒီဇင်ဘာ ၆-၂၀၁၈ ခိုင်လင်းစံ(VOM) မြောက်ဦးရဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်အသိအမှတ်ပြုခံရရေးအတွက် ဆောင်ရွက်နေကြတဲ့အပေါ် ကြိုဆိုထောက်ခံတဲ့ အသည်းနှလုံးထဲကမြောက်ဦး တစ်ကိုယ်တော်ပန်းချီပြပွဲတစ်ခုကို ပန်းချီဆရာမောင်မောင်စောက ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာ ကျင်းပသွားဖို့ရှိနေပါတယ်။ မြောက်ဦးရဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေထဲက သာသနိကအဆောက်အအုံတွေနဲ့သက်ဆိုင်တဲ့ ပန်းချီကားပေါင်း ၃၀ နီးပါးပါဝင်မှာဖြစ်ပြီး အဲဒီပြပွဲဟာ မြောက်ဦးနဲ့ပတ်သက်ပြီးတော့ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ပန်းချီပြပွဲလည်း ဖြစ်ပါတယ်။ အဲဒီပန်းချီပြပွဲကို မြောက်ဦး၊ ကျောက်တော်၊ စစ်တွေမြို့တွေမှာ ပြုလုပ်သွားမှာဖြစ်ပြီး တစ်ပွဲကိုတစ်ပတ်ခန့်အကြာပြသပေးသွားမှာဖြစ်ပါတယ်။ #voiceofmyanmar#မြောက်ဦး#တစ်ကိုယ်တော်ပန်းချီပြပွဲ#

Read More

စစ်ကိုင်းက တိမ်ကောနေတဲ့ ရှေးဟောင်းကျောင်းဖြူကန်ကို  ပြန်တူးဖော်မည်

စစ်ကိုင်း ဒီဇင်ဘာ- ၁- ၂၀၁၈ မောင်တာရာ(VOM) စစ်ကိုင်းမြို့နယ်၊ကျောင်းဖြူရွာနဲ့ တလိုင်းရွာကြားက  တိမ်ကောနေတဲ့ ရှေးဟောင်းသမိုင်းဝင် ကျောင်းဖြူကန်ကြီးကို  ပြန်လည်တူးဖော်သွားမယ်လို့ သိရပါတယ်။ အဲဒီကန်ကို ရှေးမြန်မာမင်းတွေ လက်ထက်ကတည်းက  တဖက်ရပ် ဆည်ပုံစံအဖြစ် တည်ဆောက်ထားရှိခဲ့တာဖြစ်ပြီး လက်ရှိမှာ ကန်အတွင်း ဗေဒါ၊ကြာပန်း၊ပိန်းပင်တွေ ပေါက်ရောက်ပြီး တိမ်ကော နေပါတယ်။ အဲလို တိမ်ကောနေတဲ့အတွက် ကန်အတွင်းက ကြာပန်း၊ပိန်းပင်တွေ၊သဲနုန်းတွေကိုဖယ်ရှားပြီး ရေလှောင်ပမာဏ ပိုမိုရရှိရေးအတွက် တူးဖော်ဆောင်ရွက်ပေးရန် ဒုတိယအကြိမ် ပြည်သူလွှတ်တော်ပဉ္စမပုံမှန်အစည်အဝေးမှာ စစ်ကိုင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းခဲ့ရာ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်ပြန်လည်တူးဖော်ဆည် ယူသွားမယ်လို့ စိုက်ပျိုးရေးမွေးမြူရေး နဲ့ ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ဖြေကြားခဲ့ပါတယ်။ “လွှတ်တော်မှာမေးတော့ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေခွဲဝေမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမှာပါဆိုတဲ့အဖြေရခဲ့ပါတယ်။ တိုင်းဒေသကြီးအစိုးရက ဒီဘက်ဂျက်မှာ ကျောင်းဖြူကန် အရှေအနောက်ပေ ၇၂၀၀၊တောင်မြောက် ပေ ၄၀၀ကျော်ကို ပြန်လည်ဆယ်ယူဖို…

Read More

ကောင်းမှုတော်စေတီကို ဒီဇင်ဘာ ၁ရက်ကစပြီး  အဖြူရောင်ဆေးင်္ကန်းကပ်တော့မည်

စစ်ကိုင်း၊ နိုဝင်ဘာ ၂၅-၂၀၁၈ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့၊ကောင်းမှုတော်စေတီတော်ကြီးကို လက်ရှိ ရွှေဆေးသင်္ကန်းမှ အဖြူရောင်ဆေးသင်္ကန်း အဖြစ် ပြောင်းလဲကပ်လှူပူဇော်ခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ကာ လုပ်ဆောင်သွားမယ်လို့ ကောင်းမူတော်စေတီဂေါပကအဖွဲ့က ပြောပါတယ်။ ကောင်းမှုတော်စေတီတော်ကြီးရဲ့ လက်ရှိ ရွှေဆေးသင်္ကန်းကနေ အဖြူရောင်ဆေးသင်္ကန်း အဖြစ် ပြောင်းလဲကပ်လှူပူဇော်ရန်အတွက် အဆိုပြုလွှာ တင်ထားတဲ့ ကုမ္ပဏီသုံးခုထဲကနေ  ကုမ္ပဏီတခု ကိုရွေးချယ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း နဲ့ အဖြူရောင်ဆေးသင်္ကန်းပြောင်းလဲ ကပ်လှူပူဇော်မှုကို  သီတဂူဆရာတော်ဘုရားကြီးမွေးနေ့ လာမည့် (တပေါင်းလပြည့်)နေ့ အမှီ လုပ်သွားမယ်လို့ ကောင်းမှုတော်စေတီ ဂေါပကဥက္ကဌ ဦးတင်မျိုးလွင်က ပြောပါတယ်။ “ဆေးကုမ္ပဏီသုံးခုဖြစ်တဲ့ ယူပီဂျီ၊ ကန်ဆမ်၊ အောင်ပြည်တန်တို့လာပြီး ဆေးစမ်းသပ် သုတ်ပြပါတယ်။ သုံးခုထဲကမှ အောင်ပြည်တန်ကုမ္ပဏီကိုရွေးချယ်ခဲ့ပါတယ်။ သီတဂူဆရာတော်ကြီးမွေးနေ့ တပေါင်းလပြည့်အမီ အဖြူရောင်ဆေးအပြီးကပ်လှူသွားမှာပါ။ ဒါကြောင့် လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့က စပြီး အဖြူရောင်ဆေးကပ်လှူခြင်းလုပ်ငန်းကို လုပ်သွားမှာပါ။…

Read More

ချောင်းဦးမြို့တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲမှာ မီးပုံးပျံ အလုံးရေ ၁၅ လုံး လွှတ်တင်မည်

စစ်ကိုင်း နိုဝင်ဘာ ၁၁-၂၀၁၈ မောင်တာရာ(VOM) စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့မှာ နဝမအကြိမ်မြောက် ကျင်းပမယ့် တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် လွှတ်တင်မယ့် မီးပုံးပျံ အရေအတွက်ဟာ စုစုပေါင်း ၁၅ လုံး ရှိကြောင်း ညောင်ပင်ပဇ္ဇောတာရုံကျောင်းက ဆရာတော်အရှင်ပဝရ က မိန့်ကြားပါတယ်။ နဝမ အကြိမ်မြောက် ကျင်းပမယ့် ချောင်းဦးမြို့ တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲကို ချောင်းဦးမြို့၊နေရှင်နယ်ရပ်ကွက်၊ညောင်ပင်ပဇ္ဇောတာရုံကျောင်းတိုက်မှာ နိုဝင်ဘာ ၂၁ ရက်ကနေ့ ၂၂ ရက်နေ့ အထိ နှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ”ဒီနှစ် လွှတ်တင်မယ့် မီးပုံပျံ အရေအတွက်က ၁၅ လုံးရှိပါတယ်။ မနှစ်က မီးပုံပျံ ၁၇ လုံးရှိပါတယ်။ မနှစ်က ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ နှစ်လုံးကို ပယ်လိုက်တော့ ၁၅ လုံးပဲ ကျန်ပါတယ်။ ဒါကြောင့် မီးလုံးရေ အရေအတွက်ကတော့မနှစ်ကနဲ့…

Read More
VOM News

FREE
VIEW