ကွန်ဂိုမှာ အီဘိုလာရောဂါကြောင့် လူ ၂၀၀ ကျော်သေဆုံး၊ အခြားနိုင်ငံများသို့ ကူးစက်မှာကို စိုးရိမ်နေရ

  ကင်ရှာဆာ၊ နိုဝင်ဘာ-၁၂ မျိုးဆက် (VOM) ကွန်ဂိုနိုင်ငံမှာ သြဂုတ်လကတည်းစတင်ဖြစ်ပွားခဲ့တဲ့ အီဘိုလာရောဂါကြောင့် လူ ၂၀၀ ကျော်သေဆုံး ခဲ့တယ်လို့ ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုသေဆုံးတာတွေအပြင် လူပေါင်း ၃၀၀ ကျော်ဟာလည်း အီဘိုလာရောဂါ ဖြစ်ပွားနေတာတွေ သို့မဟုတ် ဖြစ်ပွားနိုင်ခြေရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောဆိုလိုက်ပြီး ကွန်ဂိုနိုင်ငံသမိုင်းမှာတော့ အဆိုးရွားဆုံး ဘေးဒုက္ခဖြစ်တယ်လို့ ဆိုပါတယ်။ အီဘိုလာရောဂါဖြစ်ပွားမှုဟာ ကွန်ဂိုနိုင်ငံရှိ အခြားပြည်နယ်တွေအပြင်  နယ်စပ်ချင်းထိစပ်နေတဲ့ အခြားနိုင်ငံတွေကို ကူးစက်ပျံ့နှံ့နိုင်တဲ့ အန္တရယ်မြင့်မားနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးပြောဆိုပါတယ်။ ကွန်ဂိုနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ယူဂန်ဒါနိုင်ငံမှာလည်း အီဘိုလာဗိုင်းရပ်ကူးစက်ခံရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး ကာကွယ်ဆေးတွေအပြင် ရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေကို အလေးထားလုပ်ဆောင်နေပါတယ်။ ဒါပေမယ့် လေးလတာကာလအတွင်း အီဘိုလာဗိုင်းရပ် ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်ကတော့ သိသိသာသာ တိုးတက်မှုရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုဝင်ဘာ…

Read More

ချောင်းဦးမြို့တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲမှာ မီးပုံးပျံ အလုံးရေ ၁၅ လုံး လွှတ်တင်မည်

စစ်ကိုင်း နိုဝင်ဘာ ၁၁-၂၀၁၈ မောင်တာရာ(VOM) စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့မှာ နဝမအကြိမ်မြောက် ကျင်းပမယ့် တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် လွှတ်တင်မယ့် မီးပုံးပျံ အရေအတွက်ဟာ စုစုပေါင်း ၁၅ လုံး ရှိကြောင်း ညောင်ပင်ပဇ္ဇောတာရုံကျောင်းက ဆရာတော်အရှင်ပဝရ က မိန့်ကြားပါတယ်။ နဝမ အကြိမ်မြောက် ကျင်းပမယ့် ချောင်းဦးမြို့ တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲကို ချောင်းဦးမြို့၊နေရှင်နယ်ရပ်ကွက်၊ညောင်ပင်ပဇ္ဇောတာရုံကျောင်းတိုက်မှာ နိုဝင်ဘာ ၂၁ ရက်ကနေ့ ၂၂ ရက်နေ့ အထိ နှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ”ဒီနှစ် လွှတ်တင်မယ့် မီးပုံပျံ အရေအတွက်က ၁၅ လုံးရှိပါတယ်။ မနှစ်က မီးပုံပျံ ၁၇ လုံးရှိပါတယ်။ မနှစ်က ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ နှစ်လုံးကို ပယ်လိုက်တော့ ၁၅ လုံးပဲ ကျန်ပါတယ်။ ဒါကြောင့် မီးလုံးရေ အရေအတွက်ကတော့မနှစ်ကနဲ့…

Read More

“ စသိသိချင်း “ရုပ်ရှင်ဇာတ်ကားရိုက်ရာမှာ အခက်အခဲတွေရှိခဲ့တယ်ဆိုတဲ့ ခင်ဝင့်ဝါ

  ရန်ကုန် နိုဝင်ဘာ ၁၁ သင်းသဒ္ဒါ ( VOM) ပရိသတ်က ပရိတ်သတ်အခိုင်အမာ အားပေးမှုတွေရနေတဲ့ သရုပ်ဆောင် ခင်ဝင့်ဝါကတော့ စသိသိချင်း “ ရုပ်ရှင်ဇာတ်ကားရိုက်ရာမှာ အခက်အခဲတွေရှိခဲ့တယ်လို့ ပြောပါတယ်။ အလှမယ်လောကနေ တဆင့် အနုပညာသရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာပြီးတော့ ပရိသတ်က ပရိတ်သတ်အခိုင်အမာ အားပေးမှုတွေရနေတဲ့ သရုပ်ဆောင် ခင်ဝင့်ဝါကတော့ စသိသိချင်း “ ရုပ်ရှင်ဇာတ်ကားရိုက်ရာမှာ အခက်အခဲတွေရှိခဲ့တယ်လို့ ပြောပါတယ်။ “စသိသိချင်း” ဇာတ်ကားကြီးကို ကာရိုက်တာမရင်းနှီးပဲ ရိုက်ရတော့ အခက်အခဲ တော့ရှိတာ ပေါ့။ ညီမအတွက် တကယ်လို့ ဗန့်ကာရိုက်တာဆိုရင်လည်း အဖြည်လေးတော့ပါစေချင်တယ်လေ။ မလွဲမသာ ဒီလိုကာရိုက်တာမျိုးက ကြုံလာမှာပဲဆိုတော့ အကောင်းဆုံး ဖြစ်အောင် ကာရိုက်တာတစ်ခုကို လုပ် ဆောင်ပါတယ်”လို့ဆိုပါတယ်။ ဒါ့ပြင် သူ့ဘ၀ရဲ့ ပထမဆုံး ရုပ်သံ ဇာတ်လမ်းတွဲဖြစ်တဲ့ “အကြင်နာမြစ်ဖျား”မှာ ပါဝင်သရုပ် ဆောင်ထားပါတယ်လို့ ဆိုပါတယ်။ သူ့မ…

Read More

မုန်းစွဲဇာတ်ကားမှာ ပါဝင်တဲ့ ညီဖြစ်သူ မင်းသွေးအကြောင်း ပြောလာတဲ့ နေတိုး

  ရန်ကုန် နိုဝင်ဘာ ၁၀ ၂၀၁၈ သင်းသဒ္ဒါ (VOM) ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန် တရားတော် “အသေလှတဲ့သူ” တရားတော်ကို ပုံဖော်ရိုက်ထားတဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်း စတဲ့ အနုပညာရှင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာကတော့ မင်းသွေးလည်းပါပါတယ်။ ညီဖြစ်သူ မင်းသွေးနဲ့ ပတ်သက်ပြီးတော့ နေတိုးက ” ကျွန်တော်အတွက် ကြီးမားတဲ့ အမှတ် တရ ကတော့ မင်းသွေးမရှိတော့တာပါပဲ။ ဒီဇာတ်ကားကို ပြန်ပြီးလည်း မကြည့်ခဲ့ရဘူး။အကြိမ် ကြိမ်ပြန်ကြည့်ဖို့ ချိန်းခဲ့ပေမယ့် ကျွန်တော်ပဲ ကြည့်ခွင့်ရခဲ့ပါတယ်။ သူ့အနေနဲ့ ကြည့်ဖို့ ကံမပါလာခဲ့ဘူးပေါ့။သူ့ ဒီ ဇာတ်ကားကို အ ရမ်းလည်း ကြိုးစားထားတယ်။ကျွန်တော်ထက်တောင် စိတ်နှစ်ပြီး ကြိုးစားခဲ့တယ်။သူ့ ဘ၀အတွက်လည်း တကယ်အမှတ်တရတွေဖြစ်ခဲ့ပါတယ်။သေခြင်းတရားပေါ်မှာ သူကိုယ်တိုင်အစွဲဖြတ်နိုင်အောင် အသိတရားနဲ့ လမ်းပြပေးခဲ့တယ်လို့ ကျွန်တော်မြင်ပါတယ်”ဟု ပြောပါတယ်။ ဒီဇာတ်ကားကတော့ ၁၉၅၉ခုနှစ်ဝန်းကျင်က…

Read More

ရွှေ နှစ် ရွှေ ရဲ့ မင်္ဂလာဆွမ်းကပ်လှူပွဲ

မှော်ဘီ နိုဝင်ဘာ၉ ၊ ၂၀၁၈ သင်းသဒ္ဒါ အဆိုတော် ရွှေထူးနှင့် သရုပ်ဆောင် ရွှေမှုံရတီတို့၏ မင်္ဂလာဆွမ်းေ​ကျွးအလှူ မင်္ဂလာပွဲအခမ်းအနားကို​ နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီက မှော်​ဘီမြို့နယ်ရှိ​ အောင်​ဇမ္ဗူတောရ​ကျောင်းတိုက်​၌ ပြုလုပ်​ခဲ့ပါတယ် ရွှေထူးနှင့်  ရွှေမှုံရတီ တို့က  အောက်တိုဘာ ၂၉ ရက်တွင် နေပြည်တော်ရှိတဲ့ Novotel Hotel မှာလက်မှတ်ထိုးခဲ့ကြပြီးတော့  နိုဝင်ဘာ ၁၁ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌  ညစာစား ပွဲကျင်းပသွားမှာဖြစ်ပါတယ် #voiceofmyanmar #ရွှေမှုံရတီနဲ့ရွှေထူးမင်္ဂလာဆွမ်းကျွေး                                      …

Read More
✕
VOM News

FREE
VIEW