မတ် ၁၀ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်နေမှုတွေကြောင့် ဒေသခံ ၅၀၀၀ ကျော် စစ်ဘေး အရေးပေါ် တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ အစိုးရတပ်တွေဟာ ယင်းမာပင်မြို့နယ်ရှိ ဘန့်ဘွေးရွာကတဆင့် အနီးဝန်းကျင်က ကျေးရွာတွေကို ပြီးခဲ့တဲ့ မတ် ၇ ရက်၊ မနက်ပိုင်းကစတင်ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ “အစိုးရတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး နယ်မြေရှင်းလင်းရေး လုပ်လာတာပါ။ စစ်ကား အစီး ၂၀ ဝန်းကျင်လောက် ရှိမယ်။ နယ်မြေ ရှင်းလင်းရေးလုပ်တဲ့ လမ်းကြောင်း တလျှောက်မှာလည်း လက်နက်ကြီး ပစ်ခတ်တာတွေ၊ ဒရုန်းတွေနဲ့ လေကြောင်း တိုက်ခိုက်တာတွေပါ ရှိနေတော့ ဒေသခံတွေ ဘေးလွတ်မယ်ထင်တဲ့ နေရာတွေကို ချက်ချင်း ရှောင်ကြရတာ”…
Read MoreCategory: သတင်း
တကောင်းမြို့ကို အစိုးရတပ်က ပြန်လည် ထိန်းချုပ်
မတ် ၁၀ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်းအတွင်း ဒေသတွင်းလက်နက်ကိုင်တွေရဲ့ ထိန်းချုပ်မှုအောက်က တခုတည်းသာကျန်တော့တဲ့ တကောင်းမြို့ကို ဒီကနေ့ မတ် ၁၀ ရက်မှာ အစိုးရတပ်တွေက အပြည့်အဝ ပြန်လည် ထိန်းချုပ်လိုက်ပြီ ဖြစ်တယ်လို့ စစ်ရေးသတင်းတွေ အရသိရပါတယ်။ မတ်လ ၉ ရက်နေ့မှာ တကောင်းမြို့နဲ့အနီး နှစ်မိုင်လောက်သာကွာဝေးတဲ့ မကျီးကုန်းရွာ ၊ဆင်ညှပ်ကုန်းရွာကို အစိုးရတပ်က ထိန်းချုပ်ခဲ့ပြီးနောက်မှာ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် တကောင်းမြို့ကနေ ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေ နောက်ဆုတ်ပေးလိုက်ရပြီး အစိုးရတပ်က ပြန်လည်ထိန်းချုပ် နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” တကောင်းမြို့ကို တပ်မတော်က ပြန်ရပါပြီ။ မကြာခင် ပုံတွေနဲ့တကွ ထုတ်ပြမှာပါ။ PDF တွေမရှိတော့ပါဘူး ။ ” လို့ လုံခြုံရေးတပ်ဖွဲ့ နဲ့နီးစပ်သူတယောက်က ပြောပါတယ်။ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်သူတွေ ဘက်ကလည်း…
Read Moreရန်ပွဲကို ဖြေရှင်းပေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကားနဲ့တိုက်ခံရပြီး တုတ်နဲ့ပါရိုက်ခံရလို့ နှစ်ယောက်သေဆုံး၊ နှစ်ယောက်ဒဏ်ရာရရှိခဲ့
မတ် ၁၀ ၊ ၂၀၂၆ CC (VOM) ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာ ၊ ရွှေပေါက်ကံမြို့သစ်၊(၁၂)ရပ်ကွက် ၊ပုဂံလမ်းမကြီး(၁၂)စျေးထိပ်မှာ ရန်ဖြစ်တာကို ဝင်ရောက်ဖြေရှင်းပေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကားနဲ့တိုက်ခံရတဲ့အပြင် ရိုက်နှက်ခံရတာကြောင့် နှစ်ယောက်သေဆုံးပြီး နှစ်ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၉ ရက်နေ့ညက (၁၂)စျေးထိပ်မှာ ရန်ဖြစ်နေတဲ့အဖွဲ့ကို ရဲတပ်ဖွဲ့ဝင်လေးယောက်က ဝင်ရောက်ဖြန်ဖြေပြီး ဖြေရှင်းပေးစဥ် ရန်ဖြစ်တဲ့အဖွဲ့ထဲက လူတချို့က ရဲတပ်ဖွဲ့ဝင်တွေကို ကားနဲ့ ဝင်တိုက်ခဲ့တဲ့အပြင် သံတုတ်တွေနဲ့ပါ ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ညကဆေးရုံပို့လိုက်တယ် ။ အဲထဲက နှစ်ယောက်က ဒီမနက်ဆုံးသွားတယ် ။ ရဲတွေကို တိုက်တာက မြတ်ကိုကိုဆိုတဲ့သူလို့ သိရတယ်။ တုတ်နဲ့ဝင်ရိုက်တာက သူ့မိသားစုဝင်တွေလို့တော့ ပြောတယ်။ အခုစစ်နေတယ်။ ” လို့ လုံခြုံရေး တပ်ဖွဲ့နဲ့နီးစပ်သူက…
Read Moreထိုင်းမှာ အစိုးရဝန်ထမ်းတွေကို လှေကားပဲအသုံးပြုဖို့နဲ့ အိမ်ကနေ အလုပ်လုပ်ဖို့ ညွှန်ကြား
မတ် ၁၁-၂၀၂၆ MT(VOM) အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် ထိုင်းမှာ စွမ်းအင်အခက်အခဲတွေ ကြုံနေရတဲ့အတွက် အစိုးရဝန်ထမ်းတွေအနေနဲ့ စွမ်းအင်ကို ချွေချွေတာတာ သုံးကြဖို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရာကူးလ်က အမိန့်ထုတ်လိုက်တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့ (မတ်လ ၁၀ ရက်) မှာ ပြောကြားခဲ့ပါတယ်။ ဒီအစီအစဉ်ထဲမှာ ပြည်ပခရီးစဉ်တွေကို ရပ်နားထားဖို့နဲ့ ဓာတ်လှေကားအစား လှေကားကိုပဲ အသုံးပြုဖို့ ဆိုတဲ့အချက်တွေလည်း ပါဝင်ပါတယ်။ ပြောရေးဆိုခွင့်ရှိသူ လလိတာ ပီရိဆီဝပ်တာနာက သတင်းထောက်တွေကို ပြောပြရာမှာ “ဝန်ကြီးချုပ်က ဒီနေ့ကစပြီး အစိုးရဝန်ထမ်းတွေကို အိမ်ကနေပဲ အလုပ်လုပ်ဖို့ ညွှန်ကြားထားပါတယ်” လို့ ဆိုပါတယ်။ ဒါပေမဲ့ လူထုကို တိုက်ရိုက်ဝန်ဆောင်မှု ပေးရမယ့်သူတွေကတော့ ချွင်းချက်အနေနဲ့ ရုံးတက်ရမှာပါ။ အရှေ့တောင်အာရှရဲ့ ဒုတိယစီးပွားရေး အင်အားအကောင်းဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံမှာ လက်ရှိ စွမ်းအင် အရန် သိုလှောင်ထားမှုက ၉၅ ရက်စာပဲ…
Read Moreတက္ကသိုလ်ဝင်စာမေးပွဲကာလ မော်တော်ယာဥ်တွေကို စုံ / မ မခွဲဘဲ သွားခွင့်ပေးဖို့ လိုအပ်
မတ် ၉ ၊ ၂၀၂၆ GG (VOM) မတ်လ (၁၁)ရက်မှာ စတင်ဖြေဆိုရတော့မယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ကျောင်းသူကျောင်းသားနဲ့ ဆရာဆရာမတွေ သွားလာရေး အဆင်ပြေစေဖို့အတွက် ကားနဲ့ဆိုင်ကယ်ကို စုံ / မ ရက်မခွဲဘဲ သွားလာခွင့်ပြုပေးရေး တရားဝင်ညွှန်ကြားစာထုတ်ပြန်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။ လက်ရှိမှာ တက္ကသိုလ်ဝင်စာမေးပွဲ ကာလအတွင်း သွားလာခွင့်နဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းဘက်မှာတော့ ပညာရေးဌာန တာဝန်ရှိသူတွေက စုံ / မ ရက်မခွဲဘဲ သွားလာခွင့်ပြုကြောင်း ပြောဆိုတာတွေရပြီး ရန်ကုန်က ရပ်ကွက်တချို့မှာ ယာဥ်မောင်းခွင့်အတွက် ထောက်ခံချက် ရယူဖို့ အသိပေးတာမျိုးသာ ရှိတယ်လို့ သိရပါတယ်။ ” ရပ်ကွက်ထဲတော့ ညကလိုက်အော်နေတယ် ။ စာမေးပွဲရက်မှာ ကားတွေမောင်းခွင့်ရအောင် ကားပိုင်ရှင်တွေ ရပ်ကွက်ရုံးမှာ မောင်းခွင့်စာရွက် ထုတ်ရမယ်တဲ့ ပြောသွားတယ်။ ” လို့ ရန်ကုန် နေထိုင်သူ…
Read Moreအီရန်စစ်ပွဲအပေါ် ထရမ့်ကို မဲပေးခဲ့သူတွေက လေကြောင်းကပဲတိုက်၊ ခြေလျင်တပ်တော့မလွှတ်ဖို့ သဘောထားရှိ
မတ်၉-၂၀၂၆ MT(VOM) အီရန်နဲ့စစ်ဖြစ်တာ တပတ်လောက်ရှိလာပြီဖြစ်ပြီး အမေရိကန်လူထုကြားမှာ ဒီစစ်ပွဲက သိပ်ရေပန်းမစားလှပါဘူး။ သမ္မတ ထရမ့်ကတော့ ဗုံးကြဲရတဲ့ အကြောင်းရင်းတွေကို အမျိုးမျိုးရှင်းပြနေသလို၊ ဒီစစ်ပွဲက ရက်သတ္တပတ်အတော်ကြာနိုင်တယ်၊ အမေရိကန်စစ်သားတွေ ထိခိုက်တာမျိုးလည်း ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။ ဓာတ်ဆီဈေးတွေ တက်လာတာကိုလည်း သူက သိပ်ဂရုမစိုက်တဲ့ပုံစံမျိုး ပြောထားတာပါ။ ဒီအခြေအနေတွေကြောင့် အမေရိကန်တော်တော်များများ စိုးရိမ်နေကြပေမယ့် ထရမ့်ကို မဲပေးခဲ့တဲ့သူတွေကတော့ အခုထိတော့ သူ့ဘက်က ရပ်တည်နေကြတုန်းပါပဲ။ ဒါပေမဲ့ “ခြေလျင်တပ်တွေ အလုံးအရင်းနဲ့ အီရန်ထဲကို လွှတ်မယ်ဆိုရင်တော့” လက်မခံနိုင်ဘူးလို့ ထရမ့်ကို အသေအလဲထောက်ခံသူတွေကတောင် သတိပေးထားပါတယ်။ Reuters သတင်းဌာနက ထရမ့်ကို မဲပေးခဲ့သူ (၈) ယောက်ကို မေးမြန်းကြည့်တဲ့အခါ အားလုံးက အီရန်ထဲကို မြေပြင်တပ်တွေ အများကြီးပို့တာ ဒါမှမဟုတ် အီရန်အစိုးရကို ဖြုတ်ချပြီး အစိုးရအသစ်တင်ဖို့ ကြိုးစားတာမျိုးကို လုံးဝသဘောမတူကြပါဘူး။ မေးမြန်းခဲ့သူ (၅)…
Read Moreမြန်မာ့မျက်နှာစာသစ်ဖိုရမ် နေပြည်တော်မှာ ကျင်းပမယ်
မတ် ၉-၂၀၂၆ VOM မကြာခင်တက်လာတော့မယ့် အစိုးရသစ် အုပ်ချုပ်မယ့်ကာလနဲ့ အနာဂါတ်မှာ ယုံကြည်မှု၊ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာ့မျက်နှာစာသစ််ဖိုရမ်ကို နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန MICC 1 မှာ မတ်လ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ကျင်းပတော့မှာပါ။ ဒီဖိုရမ်မှာ တတ်သိပညာရှင်တွေ၊ အနိုင်ရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားတယ်လို့ ဖိုရမ်ကျင်းပရေးကော်မတီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဒီဖိုရမ်ပြီးလို့ မတ်လ ၁၅ ရက်မှာ တတိယအကြိမ်လွှတ်တော်အတွက် ပြည်သူ့လွှတ်တော် ပထမနေ့ အစည်းအဝေး စတင်ကျင်းပဖို့ ကြေငြာထားတာမို့ နေပြည်တော်မှာ လွှတ်တော်တက်ရောက်ရမယ့်ကိုယ်စားလှယ်တွေ မနက်ဖြန် နေပြည်တော်ကို သွားရောက်ရမယ်လို့ သိရပါတယ်။
Read Moreနမ့်ဖတ်ကာမှာ အိမ်မီးလောင်ပြီး မြေးအဖွားနှစ်ယောက်မီးလောင်သေဆုံးခဲ့ရ
မတ် ၉ ၊ ၂၀၂၆ GG (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်ခရိုင် ၊ နမ့်ဖတ်ကာမြို့၊ ၆ ရပ်ကွက်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး မြေးအဖွားနှစ်ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။ မနေ့က မတ် ၈ ရက်နေ့ည ၉ နာရီလောက်မှာ နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ မီးလောင်မှုကို အချိန်မီ ငြိမ်းသတ်နိုင်ခြင်း မရှိခဲ့တဲ့အတွက် နေအိမ်တခုလုံးမီးလောင်ကျွမ်းပြီး အဖွားဖြစ်သူနဲ့ မြေးဖြစ်သူတို့ မီးလောင်သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ” ကလေးက ဖယောင်းတိုင်ထွန်းတာမှာ ဓာတ်ဆီပုံးပေါ်ကျပြီး မီးလောင်တာလို့ သိရတယ်။ မီးသတ်ကားက အချိန်မီမရောက်တော့ မီးကမငြိမ်းနိုင်ဘဲ မြေးအဖွားနှစ်ယောက်လည်း မီးလောင်သေသွားတာ ။ အိမ်လည်း အကုန်လုံးလောင်သွားတယ်။ ဓာတ်ဆီကနေလောင်တော့ မီးကပိုမြန်သွားတာ။ ဒီမှာက အဖွဲ့အစည်းတွေကအုပ်ချုပ်တော့ မီးသတ်ကလည်း သူတို့ကိုင်တာလေ ။ပတ်ဝန်းကျင်ကလည်း.ဝိုင်းငြိမ်းပေမယ့် မီးအားကပြင်းတော့…
Read Moreလားရှိုးမှာ ဓါတ်ဆီတလီတာ ပြင်ပပေါက်ဈေး ကျပ်တသောင်းဝန်းကျင် ဖြစ်နေလို့ ဈေးတင်မရောင်းဖို့ လိုက်လံသတိပေး
မတ် ၉၊ ၂၀၂၅ NN (VOM) ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းမှာ စက်သုံးဆီ ပြင်ပပေါက်ဈေး တလီတာကို ကျပ်တသောင်းကျော် ဈေးနှုန်းနဲ့ ရောင်းချနေကြလို့ ဈေးနှုန်းတွေ အဆမတန် တင်မရောင်းဖို့ အာဏာပိုင်တွေက လိုက်လံသတိပေး နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စက်သုံးဆီရောင်းတဲ့ ဆီပန့်ဆိုင်ကြီးတွေက ဓာတ်ဆီတလီတာကို ကျပ်လေးထောင်ကျော်နဲ့ ရောင်းချပေးနေပေမယ့် ပြင်ပဈေးကွက်မှာ ကျပ်ခြောက်ထောင်၊ ရှစ်ထောင်၊ တသောင်း ဈေးနှုန်းနဲ့ ရောင်းချနေကြတာပါ။ “ဆီဆိုင်တွေမှာ သွားတန်းစီပြီးတော့ အပြင်မှာ ပြန်ရောင်းကြတာ။ ပြီးတော့ တရုတ်ဆီတွေ ယူလာပြီး ရောင်းကြတာ။ ရေသန့်တဗူးကို တသောင်း၊ တချို့ရှစ်ထောင်တဲ့။ ဆိုင်တွေတော့ မတူဘူးပေါ့” လို့ လားရှိုးမြို့ခံ တယောက်က ပြောပါတယ်။ ဈေးတင်ရောင်းနေတဲ့ ပြင်ပဆိုင်တွေကို အာဏာပိုင်တွေက လိုက်ပြီး စစ်ဆေး နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ “ဈေးတင်ရောင်းတဲ့ လမ်းဘေးဆိုင်တွေကို ရဲတွေက…
Read Moreသိန္နီကနေ ကွတ်ခိုင်မြို့ကို ကုန်ပစ္စည်းတင်ပို့တာတွေ ကိုးကန့်တပ်ဖွဲ့ ပိတ်
မတ်၉။ ၂၀၂၅။ NN(VOM) ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကနေ TNLA ထိန်းချုပ်တဲ့ ကွတ်ခိုင်မြို့ကို ကုန်ပစ္စည်းတင်တဲ့ ကားတွေ ဖြတ်ခွင့်မပေးတော့ဘဲ ပိတ်ဆို့ထားလိုက်ပြီ လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကုန်ပစ္စည်းပါတဲ့ ကားတွေကို ကိုးကန့်တပ်ဖွဲ့က ပြန်လှည့်ခိုင်းပြီး ခရီးသည်နဲ့ ကားသေးတွေကိုပဲ ဖြတ်ခွင့်ပေးတယ်လို့ သိရပါတယ်။ “မနေ့ညကစပြီး ပိတ်လိုက်တာ။ ကုန်ပါရင် ဘာကားမှ ပေးမသွားတော့ဘူး။ လူပဲ သွားလို့ရတယ်။ အဆင်းကားတွေတော့ ရတယ်။ အတက်မရတာ” လို့ သိန္နီမြို့ခံ တယောက်က ပြောပါတယ်။ လမ်းပိတ်ထားတဲ့အတွက် သိန္နီကနေ မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့ကို ကုန်ပို့မယ့် ကားတွေ အားလုံး သိန္နီမြို့မှာ ရပ်စောင့်နေကြရတယ်လို့ သိရပါတယ်။ “တချို့လည်း ပြန်လှည့်တယ်။ တချို့ကတော့ ရမလားဆိုပြီး ဆက်စောင့် နေကြတာ။ ကိုးကန့်စစ်သားတွေလည်း အများကြီး အပေါ်တက်သွားတော့ စစ်ဖြစ်မလားတောင်…
Read More