အမေရိကန်ရဲ့  ၄၁ ဦးမြောက်သမ္မတ စီနီယာဂျော့ခ်ျဘုရှ် အသက် ၉၄ နှစ်တွင် ကွယ်လွန်

ဝါရှင်တန်၊ ဒီဇင်ဘာ-၁- ၂၀၁၈ မျိုးဆက် (VOM) အမေရိကန် သမ္မတဟောင်းတစ်ဦးဖြစ်တဲ့  ဂျော့ခ်ျအိပ်ခ်ျဒဗလျူဘုရှ်ဟာ  အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန်သွားတယ်လို့ ၎င်းရဲ့  မိသားစုက  ဒီဇင်ဘာ ၁ ရက်မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ စီနီယာဂျော့ခ်ျဘုရှ်လို့ လူသိများတဲ့ ဂျော့ခ်ျအိပ်ခ်ျဒဗလျူဘုရှ်ဟာ  အမေရိကန်ပြည်ထောင်စုရဲ့  ၄၁ ဦးမြောက် သမ္မတဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက် ညပိုင်းမှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။ ဧပြီလအတွင်းက ဇနီးဖြစ်သူ ဘာဘရာသေဆုံးပြီး တစ်ပတ်အကြာမှာ  စီနီယာဘုရှ်လည်း  ကူးစက် ရောဂါတစ်မျိုးကြောင့် ဆေးရုံအထူးကြပ်မတ်ဆောင်မှာ  ကျန်းမာရေးစောင့်ရှောက်မှု ခံယူခဲ့ရပါတယ်။ ၎င်းဟာ  အမေရိကန်ပြည်ထောင်စုရဲ့ ၄၃ ဦးမြောက် သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်ရဲ့ဖခင်လည်းဖြစ်ပါတယ်။ ၎င်းဟာ  အမေရိကန် သမ္မတ ရော်နယ်ရေဂင်လက်ထက်မှာ ဒုတိယသမ္မတအဖြစ် သက်တမ်းနှစ်ခု တာဝန်ထမ်းဆောင်ပြီးနောက် ၁၉၈၉ မှ ၁၉၉၃ ခုနှစ်အထိ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်ပါတယ်။…

Read More

သဘာဝသရုပ်​​ဖော် သရုပ်​မှန်​ဝါဒ ပန်းချီပြပွဲ မန္တ​လေးမှာ ပြုလုပ်

မန္တလေး ဒီဇင်ဘာ ၁-၂၀၁၈ ဟိန်းကို (VOM) ခရီးသွားရင်း ​တွေ့ကြုံခဲ့တဲ့ သဘာဝအလှတရား​တွေကို ပန်းချီဆရာ (၁၆) ​ယောက်​စု​ပေါင်း​ရေးဆွဲပြီး သဘာဝသရုပ်​​ဖော် သရုပ်​မှန်​၀ါဒ ပန်းချီပြပွဲကို ဒီက​နေ့ ဒီဇင်​ဘာ(၁)ရက်​​နေ့ နံနက်​ပိုင်းက စပြီး မန္တ​လေး​တောင်​​ခြေ ပန်းချီပြခန်းမှာ ပြသ​နေပါတယ်​။ ပန်းချီပြပွဲမှာ ပန်းချီကား​ပေါင်း (၁၀၀)ခန့်​ကို ခင်းကျင်းပြသထားပြီး ဒီဇင်​ဘာလ(၁)ရက်​​နေ့က​နေ ဒီဇင်​ဘာ(၃)ရက်​​နေ့အထိ ပြုလုပ်​သွားမှာဖြစ်​ပြီး စိတ်​ပါဝင်​စားသူတွေ အခမဲ့ကြည့်နိုင်တယ်လို့သိရပါတယ်။ #voiceofmyanmar #ပန်းချီပြပွဲ                                                        …

Read More

ရတနာပုံတက္ကသိုလ်​​ကျောင်းသားသမဂ္ဂဝင်တွေဆန္ဒပြ

မန္တလေး နိုဝင်ဘာ ၂၉-၂၀၁၈ ဟိန်းကို (VOM) ရတနာပုံတက္ကသိုလ်​​ကျောင်းဝင်းအတွင်းမှာ ဆိုင်​ကယ်​​ပျောက်​ဆုံး​နေတာနဲ့ ပက်​သက်​ပြီး လုံခြုံ​ရေးတာဝန်​ချထား​ပေးဖို့ နဲ့ ​ကျောင်းအိမ်​သာ​တွေ သန့်​ရှင်းမှုမရှိတာ​တွေကို သန့်​ရှင်းဖို့အတွက်​ ဝန်​ထမ်းတိုးမြင့်​ချထား​ပေးဖို့​ ဗကသများအဖွဲ့ချုပ်မူနဲ့ဖွဲ့စည်းထားတဲ့ ရတနာပုံတက္ကသိုလ်​​ကျောင်းသားသမဂ္ဂအဖွဲ့ က ယ​နေ့ နိုဝင်​ဘာ(၂၉)ရက်​​နေ့ ​နေ့လယ်က ရတနာပုံတက္ကသိုလ်ရှေ့မှာ ဆန္ဒပြ​တောင်းဆိုမှု ပြုလုပ်​ခဲ့ပါတယ်​။  

Read More

နေတိုးစစ်သင်္ဘောတွေ ကရိုင်းမီးယားကျွန်းဆွယ်ကို စေလွှတ်ပေးဖို့ ယူကရိန်းသမ္မတ တိုက်တွန်း

ကိယက်ဗ်၊ နိုဝင်ဘာ-၂၉-၂၀၁၈ မျိုးဆက် (VOM) ကရိုင်းမီးယားကျွန်းဆယ်ရေလက်ကြားမှာ ရုရှားနဲ့ ယူကရိန်းရေတပ်တို့ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားပြီးနောက် အေဇော့ဗ်ပင်လယ်ပြင်သို့ စစ်သင်္ဘောများစေလွှတ်ပေးဖို့ ယူကရိန်းသမ္မတ ပက်ထရိုပိုရိုရှန်ကိုက နေတိုးအဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။ ပင်လယ်နက်နဲ့ အေဇော့ဗ်ပင်လယ်အကြားမှာရှိတဲ့ ခရာ့ခ်ျ်ရေလက်ကြားမှာ ယူကရိန်းစစ်သင်္ဘောသုံးစင်းကို ရုရှားရေတပ်က နိုဝင်ဘာ ၂၅ ရက်မှာ လက်နက်တွေနဲ့ ပစ်ခတ်ပြီး သင်္ဘောအမှုထမ်းတွေကို ဖမ်းဆီးလိုက်ပြီးနောက် ယူကရိန်းသမ္မတက ဒီလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ ယူကရိန်းနိုင်ငံကို အပြည့်အ၀ထောက်ခံတယ်လို့ နေတိုးအဖွဲ့က ထုတ်ဖော်ပြောဆိုထားပါတယ်။ ယူကရိန်းနိုင်ငံကို ကူညီရန်ဖို့နဲ့ လုံခြုံရေးအတွက် နေတိုး စစ်သင်္ဘောတွေကို နေရာပြောင်းရွှေ့ချထားနိုင်ဖို့ မျှော်လင့်တယ်လို့ ယူကရိန်းသမ္မတက ဂျာမန်သတင်းစာတစ်စောင်သို့ နိုဝင်ဘာ ၂၈ ရက်က ပြောဆိုပါတယ်။ ၂၀၁၉ ခုနှစ် ယူကရိန်း ရွေးကောက်ပွဲများမတိုင်မီ ထောက်ခံမှုပိုမို ရရှိဖို့အတွက် ပင်လယ်ရေကြောင်း ကျူးကျော်မှုကို ယူကရိန်းသမ္မတက လုပ်ခဲ့တာလို့ ရုရှားသမ္မတ…

Read More

သံတွဲမြို့မဈေးကြီးအပေါ်ထပ်မှာမီးလောင်

သံတွဲ၊ နိုဝင်ဘာ ၂၉-၂၀၁၈ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ သံတွဲမြို့မဈေးကြီးရဲ့ အပေါ်ထပ်မှာ ဒီကနေ့မနက်ပိုင်း ၁၀ နာရီ ၃၀ အချိန်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အခန်းမှာ ဈေးဆိုင်ရောင်းချနေတဲ့အခန်းမဟုတ်ဘဲ ပလက်စတစ်ပိုက်တွေနဲ့ တခြားရောင်းကုန်တွေကို သိုလှောင်ထားတဲ့အခန်းဖြစ်ပြီး မီးဘယ်လိုစလောင်တယ်ဆိုတာကို မသိရှိရကြောင်း ဈေးဆိုင်သည် ဦးစိန်ချစ်ကပြောပါတယ်။ “မီးလောင်တဲ့အချိန်တောင် မကြည့်လိုက်ရဘူးဗျ။ မီးလောင်တယ်ဆိုတာနဲ့ ပစ္စည်းတွေလိုက်သိမ်းဆည်းနေရတာနဲ့ တော်တော်လေးကို စိုးရိမ်သွားတာပေါ့။ မီးသတ်ဌာနကိုအကြောင်းကြားလိုက်တဲ့အတွက် မီးသတ်ကားတွေရောက်လာပြီး အချိန်မီငြိမ်းသတ်နိုင်ခဲ့ပါတယ်။”လို့ ဦးစိန်ချစ်ကပြောပါတယ်။ ယင်းမီးလောင်မှုကြောင့် စတင်လောင်ကျွမ်းခဲ့သည့် ပစ္စည်းသိုလှောင်ခန်းအတွင်းမှ ပစ္စည်းများမှာဆုံးရှုံးသွားခဲ့ပြီး အချိန်မီမီးငြိမ်းသတ်နိုင်ခဲ့တဲ့အတွက် တခြားဈေးဆိုင်ခန်းတွေကို လောင်ကျွမ်းခဲ့ခြင်းမရှိသလို ထိခိုက်ဒဏ်ရာရသူတွေလည်း မရှိခဲ့ကြောင်းသိရပါတယ်။ “မီးလောင်တာက မနက် ၁၀ နရာရီခွဲမှာစလောင်တာပါ။ ဈေးကြီးရဲ့အပေါ်ထပ်အခန်းတစ်ခန်းကလောင်တာဖြစ်ပါတယ်။ ဝါယာရှော့ဖြစ်ပြီးတော့လောင်တာပါ။ လောလောဆယ်တော့ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်”လို့ သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းကပြောပါတယ်။ အခုလို ပွင့်လင်းရာသီကိုရောက်တိုင်း ရခိုင်ပြည်နယ်အတွင်း မီးလောင်ကျွမ်းမှုတွေနှစ်စဉ်ဖြစ်ပွားလေ့ရှိပြီးတော့ ဈေးတွေမီးလောင်မှုမျာလည်း မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ #voiceofmyanmar…

Read More

ယူကရိန်းစစ်သင်္ဘော သုံးစင်းကို ရုရှားရေတပ် ဖမ်းဆီးထား၊ ကုလလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူမည်

  ကိယက်ဗ်၊ နိုဝင်ဘာ-၂၆-၂၀၁၈ မျိုးဆက် (VOM) ရုရှားက သိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားဒေသအနီးရှိ ရေလက်ကြားကို ဖြတ်သန်းလာတဲ့ ယူကရိန်းရေတပ်သင်္ဘော သုံးစင်းကို နိုဝင်ဘာ ၂၅ ရက်က ရုရှားရေတပ်က ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။ ကရိုင်းမီးယားကျွန်းဆွယ်အနီးမှာရှိတဲ့ အဆိုပါ ရေလက်ကြားဟာ ရုရှးနဲ့ ယူကရိန်းနှစ်နိုင်ငံ အတွက် အေဇော့ဗ်ပင်လယ်ကို သွားရာထွက်ပေါက်လည်းဖြစ်ပြီး ယခုဖြစ်စဉ်ကြောင့် နှစ်နိုင်ငံတင်းမာမှုတွေ မြင့်တက်နေပါတယ်။ ယူကရိန်းနိုင်ငံ ကိယက်ဗ်မှာရှိတဲ့  ရုရှားသံရုံးပြင်ပမှာလည်း ဆန္ဒပြတာတွေ ဖြစ်ပေါ်နေပြီး ရုရှားနှင့် ယူကရိန်းတို့အကြား ယခုကဲ့သို့ တင်းမာမှုတွေဖြစ်ပေါ်လာတာနဲ့  ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အရေးပေါ်အစည်းအဝေး တစ်ရပ်ကို ပြုလုပ်ဖို့ရှိနေပါတယ်။ ဒီဖြစ်စဉ်ကြောင့်  ယူကရိန်းရဲ့  အနောက်မဟာမိတ်များအကြားမှာ သတိပေးတပ်လှန့်သကဲ့ဖြစ်စေပြီး ရုရှားနဲ့ စစ်ရေးတင်းမာမှုတွေမြင့်တက်လာမှာကို စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ ကရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်မှာ ရုရှားတို့က တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။ ကရိုင်းမီးယားကျွန်းဆွယ်အနီးက ကာ့ခ်ျရေလက်ကြားမှာ ယူကရိန်းစစ်သင်္ဘောတွေကို ပစ်ခတ်ခြင်းများအပါအ၀င်…

Read More

အာဆီယံအဆင့်​ စားသောက်ကုန်​လုပ်​ငန်းဆိုင်​ရာ အစည်းအ​ဝေး မန္တ​လေးမှာကျင်းပ

မန္တလေး နိုဝင်ဘာ ၂၁- ၂၀၁၈ ဟိန်းကို(VOM) မန္တ​လေးမြို့မှာ​ အာဆီယံအဆင့်​ (၂၇)ကြိမ်​​မြောက်​ အသင့်​ထုတ်​ပိုး စား​သောက်​ကုန်​လုပ်​ငန်းဆိုင်​ရာ အစည်းအ​ဝေး( PFPWG) နဲ့ (၁၇)ကြိမ်​​မြောက်​ အာဆီယံ အစားအ​သောက်​ဓာတ်​ခွဲခန်းများဆိုင်​ရာ ​ကော်​မတီအစည်းအ​ဝေး(AFTLC) ကို ယ​နေ့ နိုဝင်​ဘာ(၂၃)ရက်​ နံနက်​ပိုင်းကစပြီး မန္တ​လေး​တောင်​​ခြေရှိ Mercure Mandalay Hill Resort ဟိုတယ်​မှာ ပြုလုပ်​​နေပါတယ်​။ အဲဒီအစည်းအ​ဝေးကို နိုဝင်​ဘာ(၂၃)ရက်​က​နေ နိုဝင်​ဘာ(၂၇)ရက်​​နေ့အထိ ပြုလုပ်​သွားမှာဖြစ်​ပြီး အစည်းအ​ဝေးမှာ အသင့်​ထုတ်​ပိုးစား​သောက်​ကုန်​ နဲ့ ပက်​သက်​တဲ့ စံချိန်​စံညွန်း ဥပ​ဒေ လုပ်​ထုံးလုပ်​နည်းများ နဲ့ အာဆီယံအစားအ​သောက်​​တွေကို စစ်​​ဆေးတဲ့ စံရည်​ညွန်းဓာတ်​ခွဲခန်းများရဲ့ စွမ်း​ဆောင်​ရည်​မြှင့်​တင်​ဖို့ စတဲ့အချက်​​တွေကို ထည့်​သွင်း​ဆွေး​နွေးသွားမှာဖြစ်​တယ်​လို့ သိရပါတယ်​။ #voiceofmyanmar #FDA  #အာဆီယံအစားအ​သောက်​ဓာတ်​ခွဲခန်းများဆိုင်​ရာ ​ကော်​မတီအစည်းအ​ဝေး(AFTLC)

Read More

မတူတာလက်ခံမှုနည်းပြီး တန်းတူညီမျှမှု အားနည်းလို့ ပဋိပက္ခဖြစ်ရတာလို့ ကေအန်ယူဥက္ကဋ္ဌပြော

  နေပြည်တော် နိုဝင်ဘာ ၂၁-၂၀၁၈ မြတ်မင်းခန့် (VOM)   မြန်မာနိုင်ငံအတွင်း ဒီကနေ့အချိန်အထိလက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေရတာဟာ မတူကွဲပြားမှုတွေကို လက်ခံအသိအမှတ်ပြုမှု လေးစားမှုမရှိတာ အတူကွဲမပြားမှုတွေအကြားမှာ လွတ်လပ်မှုတန်းတူညီမျှမှုအစရှိတဲ့ အခြေခံအကြောင်းတရားတွေကို ကျင့်သုံးမှုအားနည်းခဲ့တာကြောင့်ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး က နေပြည်တော်မှာလုပ်တဲ့  ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့ရဲ့ အကြံပေးဆွေးနွေးဝိုင်းမှာ ပြောဆိုလိုက်ပါတယ်။ ဒီအခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တိုယ်တိုင်တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘာသာပေါင်းစုံက ဘာသာရေးဆရာများ မြန်မာဘုန်းတော်ကြီးများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ တပ်မတော်ဒုတိယကာကွယ်ရေးဦးစီးချု့ပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့တက်ရောက်ခဲ့ပါတယ်။ #voiceofmyanmar #ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ရဲ့အကြံပေးဆွေးနွေးဝိုင်း

Read More

နောက်ဆုံးပေါ်နည်းပညာသုံး အဆင့်မြင့်လက်နက်တစ်မျိုး မြောက်ကိုရီးယား ထုတ်လုပ်လိုက်ပြန်

  ပြုံးယမ်း၊နိုဝင်ဘာ-၁၆ မျိုးဆက် (VOM) မြောက်ကိုရီးယားရဲ့ နောက်ဆုံးပေါ် နည်းပညာနဲ့ ထုတ်လုပ်လိုက်တဲ့ အဆင့်မြင့် လက်နက်တစ်မျိုး အောင်မြင်စွာ စမ်းသပ်ပစ်ခတ်မှုတစ်ခုမှာ ခေါင်းဆောင်ကင်ဂျုံအန်ဟာ ကြီးကြပ်စောင့်ကြည့်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက နိုဝင်ဘာ ၁၆ ရက်မှာ ဖော်ပြလိုက်ပါတယ်။ အဆိုပါလက်နက်ပုံစံအမျိုးအစားနဲ့ ပတ်သက်တဲ့  အသေးစိတ်အချက်အလက်များတွေကိုတော့ ကေစီအင်အေ သတင်းဌာနက ထုတ်ပြန်ထားခြင်းမရှိပေမယ့် ယင်းလက်နက်ကို  အချိန်များစွာယူပြီး  တီထွင် ထုတ်လုပ်ထားတယ်လို့ဆိုပါတယ်။ မြောက်ကိုရီးယားက ဒီလို လက်နက်သစ်ကို စမ်းသပ်မှုဟာ နျူးကလီးယားစွန့်လွှတ်ရေး အမေရိကန် တောင်ကိုရီးယားတို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်နေတဲ့ တစ်နှစ်အတွင်း ပထမဆုံးအကြိမ် စမ်းသပ်ခြင်း လည်းဖြစ်ပါတယ်။ ဇွန်လအတွင်းက ကင်ဂျုံအန်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ကိုရီးယားကျွန်းဆွယ်နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို ရှေးရှုလုပ်ဆောင်ဖို့  သဘောတူညီခဲ့ပေမယ့် ယေဘူယျဆန်နေသလို အသေးစိတ်အချက်အလက်တွေကိုလည်း ထုတ်ပြန်ခြင်းမရှိပါဘူး။ မစ္စတာကင်နဲ့ မစ္စတာထရန့်တို့အကြား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ စီစဉ်ရေးအတွက် ရည်ရွယ်ပြီး နှစ်နိုင်ငံ…

Read More

ပါလက်စတိုင်းစစ်သွေးကြွတွေနဲ့ အပစ်ရပ်တဲ့ ဆုံးဖြတ်ချက်ကြောင့် အစ္စရေးကာကွယ်ရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်

  ဂျေရုဆလင်၊ နိုဝင်ဘာ-၁၅ မျိုးဆက် (VOM) လွန်ခဲ့တဲ့နှစ်ရက်က အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက်မှာ ပါလက်စတိုင်းစစ်သွေးကြွတွေနဲ့ အပစ်အခတ်ရပ်စဲရန် လက်ခံလိုက်တဲ့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကြောင့်  အစ္စရေးကာကွယ်ရေးဝန်ကြီး ရာထူးကနေ နှုတ်ထွက်လိုက်ပါတယ်။ ဒီလို စစ်သွေးကြွတွေနဲ့ အပစ်အခတ်ရပ်စဲဖို့  သဘောတူလိုက်တာဟာ အကြမ်းဖက်ဝါဒကို လက်နက်ချ အရှုံးပေးလိုက်ခြင်း အဖြစ် နှုတ်ထွက်လိုက်တဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး အဘစ်ဒေါလိဘာမာ ရှုတ်ချပြောဆိုလိုက်ပါတယ်။ လက်ယာယိမ်း ယီစရေးဘေတီနူပါတီလည်း အစ္စရေး ညွှန့်ပေါင်းအစိုးရအဖွဲ့ကနေ  နှုတ်ထွက် သွားမှာဖြစ်တယ်လို့ ၎င်းက ပြောဆိုလိုက်ပြီး အစ္စရေးရွေးကောက်ပွဲလည်း အချိန်စောပြီး ကျင်းပနိုင်ဖွယ်ရှိပါတယ်။ နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွေက အစ္စရေးကိုဦးတည်ပြီး ဒုံးကျည် အစင်း ၄၆၀နဲ့ ပါလက်စတိုင်းစစ်သွေးကြွများက ပစ်ခတ်တိုက်ခိုက်တာကြောင့် လူ ရှစ်ဦးသေဆုံးခဲ့ပြီး ဂါဇာရှိ စစ်သွေးကြွ ပစ်မှတ် ၁၆၀ ကိုလည်း အစ္စရေးလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဘာတိုက်ခိုက်မှုမှာ…

Read More
VOM News

FREE
VIEW