မန္တလေး နိုဝင်ဘာ ၂၁- ၂၀၁၈
ဟိန်းကို(VOM)
မန္တလေးမြို့မှာ အာဆီယံအဆင့် (၂၇)ကြိမ်မြောက် အသင့်ထုတ်ပိုး စားသောက်ကုန်လုပ်ငန်းဆိုင်ရာ အစည်းအဝေး( PFPWG) နဲ့ (၁၇)ကြိမ်မြောက် အာဆီယံ အစားအသောက်ဓာတ်ခွဲခန်းများဆိုင်ရာ ကော်မတီအစည်းအဝေး(AFTLC) ကို ယနေ့ နိုဝင်ဘာ(၂၃)ရက် နံနက်ပိုင်းကစပြီး မန္တလေးတောင်ခြေရှိ Mercure Mandalay Hill Resort ဟိုတယ်မှာ ပြုလုပ်နေပါတယ်။
အဲဒီအစည်းအဝေးကို နိုဝင်ဘာ(၂၃)ရက်ကနေ နိုဝင်ဘာ(၂၇)ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး အစည်းအဝေးမှာ အသင့်ထုတ်ပိုးစားသောက်ကုန် နဲ့ ပက်သက်တဲ့ စံချိန်စံညွန်း ဥပဒေ လုပ်ထုံးလုပ်နည်းများ နဲ့ အာဆီယံအစားအသောက်တွေကို စစ်ဆေးတဲ့ စံရည်ညွန်းဓာတ်ခွဲခန်းများရဲ့ စွမ်းဆောင်ရည်မြှင့်တင်ဖို့ စတဲ့အချက်တွေကို ထည့်သွင်းဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar #FDA #အာဆီယံအစားအသောက်ဓာတ်ခွဲခန်းများဆိုင်ရာ ကော်မတီအစည်းအဝေး(AFTLC)