ဒေါ်နယ်ထရန့်ဟာ ယုံကြည်စိတ်ချမရလို့ အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းမှုက အကျိုးမရှိဘူးဟု အီရန်ဆို 

  ရောမ၊ နိုဝင်ဘာ-၂၃-၂၀၁၈ မျိုးဆက် (VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ယုံကြည်စိတ်ချလို့ မရတာကြောင့် ၂၀၁၅ ခုနှစ် အီရန် နျူကလီးယားသဘောတူစာချုပ်ကို ထိန်းသိမ်းဖို့ အမေရိကန်နဲ့ စေ့စပ်ညှိနှိုင်းတာဟာ ဘာအကျိုးမရှိဘဲ အချည်းအနှီးသာဖြစ်လိမ့်မယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်ဖ်က ပြောဆိုလိုက်ပါတယ်။ အီတလီနိုင်ငံ ရောမမြို့မှာ ပြုလုပ်တဲ့ လေးကြိမ်မြောက် မြေထဲပင်လယ်ဆွေးနွေးပွဲမှာ အီရန်နိုင်ငံခြားရေးဝန်ကြီးက အခုလိုပြောဆိုလိုက်တာဖြစ်ပြီး အီရန်အနေနဲ့တော့ ပြုလုပ်ခဲ့တဲ့ ဘယ်လိုသဘောတူညီချက်ကိုမဆို ဖျက်သိမ်းမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ မဖြစ်မနေလိုအပ်တဲ့ အာမခံချက်တွေမပါဘဲ နောက်ထပ်ဆွေးနွေးပွဲတွေအတွက် အမေရိကန်ကို ယုံကြည်စိတ်ချ၍ မရနိုင်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။ အီရန်နိုင်ငံနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ရုရှား ၊ ဂျာမနီ နိုင်ငံတို့အကြား သမိုင်းဝင်ချုပ်ဆိုခဲ့တဲ့ ၂၀၁၅ နျူကလီးယားစာချုပ်ကနေ မေလအတွင်းက ဒေါ်နယ်ထရန့်က နှုတ်ထွက်လိုက်ပြီး အဆိုပါစာချုပ်ဟာ ဆိုးရွားတဲ့ ချို့ယွင်းချက်တွေရှိနေတယ်လို့…

Read More

တောင်ကိုရီးယားရှိ အကြီးမားဆုံး ခွေးသတ်ရုံ ပိတ်သိမ်း

ဆိုးလ်၊ နိုဝင်ဘာ-၂၃-၂၀၁၈ မျိုးဆက် (VOM) တောင်ကိုရီးယားနိုင်ငံရှိ အကြီးမားဆုံးခွေးသတ်ရုံကြီးကို နိုဝင်ဘာ ၂၂ ရက်က တောင်ကိုရီးယား တာဝန်ရှိသူများက စတင်ဖြိုဖျက်နေပြီဖြစ်ပါတယ်။ ခွေးကောင်ရေရာပေါင်းများစွာ ထိန်းသိမ်းထားနိုင်တဲ့ ဆိုးလ်မြို့တောင်ပိုင်း၊ ဆောင်နမ်မြို့ရှိ တိုက်ပီရွန်ဒေါင်း ခွေးသတ်အဆောက်အအုံကို နှစ်ရက်အတွင်းမှာ ရှင်းလင်းသွားပြီး အပန်းဖြေပြည်သူ့ ဥယျာဉ်တစ်ခု အဖြစ်ပြောင်းလဲဖန်တီးမယ်လို့ ဆိုပါတယ်။ ခွေးသားကို တောင်ကိုရီးယားနိုင်ငံမှာ စားကောင်းသောက်ဖွယ်အဖြစ် စားသုံးလေ့ရှိပြီး နှစ်စဉ် ခန့်မှန်းခြေ ခွေးကောင်ရေ တစ်သန်းခန့်ကို စားသုံးလေ့ရှိပြီး မကြာသေးမီနှစ်များအတွင်း ဒီလိုစားသုံးမှုအပေါ် သဘောထား ပြောင်းလဲလာခဲ့ပါတယ်။ ခွေးသားစားတဲ့ ဓလေ့ကို တိရိစ္ဆာန်အရေး တက်ကြွလှုပ်ရှားသူတွေက အဆုံးသတ်ဖို့ ကြိုးပမ်းနေကြပြီး တစ်ဖက်မှာလည်း တောင်ကိုရီးယားနိုင်ငံသားတွေဟာ ခွေးတွေကို အိမ်မွေးတိရိစ္ဆာန်တွေအဖြစ်မွေးရန်သာ ပိုမိုရွေးချယ် လာကြပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ခွေးသားရောင်းချတဲ့ စားသောက်ဆိုင်တွေဟာလည်း တစ်ဖြည်းဖြည်း အရေးအတွက် လျော့ကျလာနေပါတယ်။ ဆိုးလ်မြို့မှာ ခွေးသားရောင်းတဲ့ စားသောက်ဆိုင် ၁၅၀၀ လောက်ရှိရာကနေ…

Read More

အာဆီယံအဆင့်​ စားသောက်ကုန်​လုပ်​ငန်းဆိုင်​ရာ အစည်းအ​ဝေး မန္တ​လေးမှာကျင်းပ

မန္တလေး နိုဝင်ဘာ ၂၁- ၂၀၁၈ ဟိန်းကို(VOM) မန္တ​လေးမြို့မှာ​ အာဆီယံအဆင့်​ (၂၇)ကြိမ်​​မြောက်​ အသင့်​ထုတ်​ပိုး စား​သောက်​ကုန်​လုပ်​ငန်းဆိုင်​ရာ အစည်းအ​ဝေး( PFPWG) နဲ့ (၁၇)ကြိမ်​​မြောက်​ အာဆီယံ အစားအ​သောက်​ဓာတ်​ခွဲခန်းများဆိုင်​ရာ ​ကော်​မတီအစည်းအ​ဝေး(AFTLC) ကို ယ​နေ့ နိုဝင်​ဘာ(၂၃)ရက်​ နံနက်​ပိုင်းကစပြီး မန္တ​လေး​တောင်​​ခြေရှိ Mercure Mandalay Hill Resort ဟိုတယ်​မှာ ပြုလုပ်​​နေပါတယ်​။ အဲဒီအစည်းအ​ဝေးကို နိုဝင်​ဘာ(၂၃)ရက်​က​နေ နိုဝင်​ဘာ(၂၇)ရက်​​နေ့အထိ ပြုလုပ်​သွားမှာဖြစ်​ပြီး အစည်းအ​ဝေးမှာ အသင့်​ထုတ်​ပိုးစား​သောက်​ကုန်​ နဲ့ ပက်​သက်​တဲ့ စံချိန်​စံညွန်း ဥပ​ဒေ လုပ်​ထုံးလုပ်​နည်းများ နဲ့ အာဆီယံအစားအ​သောက်​​တွေကို စစ်​​ဆေးတဲ့ စံရည်​ညွန်းဓာတ်​ခွဲခန်းများရဲ့ စွမ်း​ဆောင်​ရည်​မြှင့်​တင်​ဖို့ စတဲ့အချက်​​တွေကို ထည့်​သွင်း​ဆွေး​နွေးသွားမှာဖြစ်​တယ်​လို့ သိရပါတယ်​။ #voiceofmyanmar #FDA  #အာဆီယံအစားအ​သောက်​ဓာတ်​ခွဲခန်းများဆိုင်​ရာ ​ကော်​မတီအစည်းအ​ဝေး(AFTLC)

Read More

ပရိသတ်စိတ်ဝင်စားအောင် အွန်လိုင်းမှာ ချစ်သူနဲ့ အဖြစ်သည်းပြတာမဟုတ်ဘူးဆိုတဲ့ ထွန်းထွန်း

ရန်ကုန် နိုဝင်ဘာ ၂၃ -၂၀၁၈ သင်းသဒ္ဒါ   ဂီတပိုင်းမှာလည်း အောင်မြင်သလို သရုပ်ဆောင်ပိုင်းမှာလည်း နေရာတစ်ခုကို ရထားတဲ့ အကယ်ဒမီ ထွန်းထွန်းက ” ပရိသတ်စိတ်ဝင်စားအောင် အွန်လိုင်းမှာ ချစ်သူနဲ့ အဖြစ်သည်းပြတာမဟုတ်ဘူး”လို ဆိုပါတယ်။   “အမှန်တော့ ပရိသတ်စိတ်ဝင်စားအောင် တစ်ယောက်နဲ့ တစ်ယောက်အဖြစ်သည်းပြနေတာလဲ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်ရှိတယ်။ ချစ်တယ်။ ပျော်ပျော်ရွှင်ရွှင်လေး နေသွားချင်ပါတယ်။ ပရိ သတ် စိတ်ဝင်စားအောင် လုပ်ယူထားတာ မရှိပါဘူး”လို့ ဆိုပါတယ်။   ထွန်းထွန်းက “ကျွန်တော်ရဲ့ ဖေ့စ်ဘွတ်တွေ ၊ Installgram မှာ ကြည့်ရင် ကိုယ့်ကောင်မလေးကို ဘယ် လောက်ချစ်လဲဆိုတာ တွေ့ရမှာပါ။ ကျွန်တော် ဘယ်လောက် Ro လဲဆိုတာ သိမှာပါ။ အများကြီးတော့ ပြောစရာမရှိပါဘူး။ ကျွန်တော် ကောင်မလေးကို ကျွန်တော်အရမ်းလည်း ချစ်ပါတယ်။ကျွန်တော်ရဲ့…

Read More

ပါကစ္စတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရ

ကရာချီ၊ နိုဝင်ဘာ-၂၃ မျိုးဆက် (VOM)   ပါကစ္စတန်နိုင်ငံ ကရာချီမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို နိုဝင်ဘာ ၂၃ ရက်က လက်နက်ကိုင်တွေ တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး လုံခြုံရေးအစောင့်တစ်ဦး ဒဏ်ရာရရှိသွားပါတယ်။ သေနတ်သမားလေးဦးက ကောင်စစ်ဝန်ရုံးအတွင်း ၀င်ရောက်ဖို့ကြိုးစားပေမယ့်  လုံခြုံရေးအစောင့်တွေက စစ်ဆေးရေးဂိတ်မှာ တားဆီးခဲ့ပြီး သေနတ်သမားသုံးဦးကတော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်ရင်း သေဆုံးသွားပါတယ်။ အဆိုပါနေရာမှာ ရဲတပ်ဖွဲ့ဝင်တွေ ထူထပ်စွာချထားပြီး အတားအဆီးများကို ဖြတ်ကျော်ပြီး သေနတ် သမားတွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကောင်စစ်ဝန်ရုံးအတွင်းရှိ ၀န်ထမ်းအားလုံး ဘေးကင်းလုံခြုံတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုကို ဘာလိုချီစတန်ပြည်နယ်ရှိ ခွဲထွက်ရေးအုပ်စုက လုပ်ဆောင်ခဲ့တယ်လို့ ပြောဆိုပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ဘာလိုချီစတန်ပြည်နယ်ဟာ တရုတ်ရင်းနှီးမြုပ်နှံမှုတွေရဲ့ ဗဟိုချက်နေရာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အိမ်နီးချင်းပါကစ္စတန်နိုင်ငံနဲ့ ရင်းနှီးတဲ့ မဟာမိတ်ဖြစ်ပြီး ပါကစ္စတန်အတွက် အဓိက ငွေကြေးထောက်ပံ့တာတွေနဲ့ အခြေခံအဆောက်အဦစီမံကိန်းတွေမှာ များပြားလှတဲ့ ငွေပမာဏကို…

Read More
VOM News

FREE
VIEW