ဒေါ်နယ်ထရန့်ဟာ ယုံကြည်စိတ်ချမရလို့ အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းမှုက အကျိုးမရှိဘူးဟု အီရန်ဆို 

 

ရောမ၊ နိုဝင်ဘာ-၂၃-၂၀၁၈

မျိုးဆက် (VOM)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ယုံကြည်စိတ်ချလို့ မရတာကြောင့် ၂၀၁၅ ခုနှစ် အီရန် နျူကလီးယားသဘောတူစာချုပ်ကို ထိန်းသိမ်းဖို့ အမေရိကန်နဲ့ စေ့စပ်ညှိနှိုင်းတာဟာ ဘာအကျိုးမရှိဘဲ အချည်းအနှီးသာဖြစ်လိမ့်မယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်ဖ်က ပြောဆိုလိုက်ပါတယ်။

အီတလီနိုင်ငံ ရောမမြို့မှာ ပြုလုပ်တဲ့ လေးကြိမ်မြောက် မြေထဲပင်လယ်ဆွေးနွေးပွဲမှာ အီရန်နိုင်ငံခြားရေးဝန်ကြီးက အခုလိုပြောဆိုလိုက်တာဖြစ်ပြီး အီရန်အနေနဲ့တော့ ပြုလုပ်ခဲ့တဲ့ ဘယ်လိုသဘောတူညီချက်ကိုမဆို ဖျက်သိမ်းမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

မဖြစ်မနေလိုအပ်တဲ့ အာမခံချက်တွေမပါဘဲ နောက်ထပ်ဆွေးနွေးပွဲတွေအတွက် အမေရိကန်ကို ယုံကြည်စိတ်ချ၍ မရနိုင်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။ အီရန်နိုင်ငံနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ရုရှား ၊ ဂျာမနီ နိုင်ငံတို့အကြား သမိုင်းဝင်ချုပ်ဆိုခဲ့တဲ့ ၂၀၁၅ နျူကလီးယားစာချုပ်ကနေ မေလအတွင်းက ဒေါ်နယ်ထရန့်က နှုတ်ထွက်လိုက်ပြီး အဆိုပါစာချုပ်ဟာ ဆိုးရွားတဲ့ ချို့ယွင်းချက်တွေရှိနေတယ်လို့ ဆိုပါတယ်။

ဒီလိုနှုတ်ထွက်လိုက်ပြီနောက် နျူကလီးယားစာချုပ်နဲ့ ပတ်သက်ပြီး ထပ်မံဆွေးနွေးတဲ့အချိန်အထိ အီရန်အပေါ် စီးပွားရေးရေးယူပိတ်ဆို့မှုတွေ အမေရိကန်က ချမှတ်ထားပါတယ်။ အီရန်အနေနဲ့ လက်ရှိနျူကလီးယားသဘောတူစာချုပ်စည်းမျဉ်းတွေကို ဆက်လက်ကိုင်စွဲထားပြီး အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်ဖို့ စာချုပ်လက်မှတ်ရေးထိုးထားတဲ့ ဥရောပနိုင်ငံတွေနဲ့ အတူ လုပ်ဆောင်နေပါတယ်။

Ref : Press TV Photo : ISPS

#voiceofmyanmar #ဒေါ်နယ်ထရန့်ဟာမယုံကြည်ရလို့အီရန်ဆို

Related posts

Leave a Comment

VOM News

FREE
VIEW