ပရိသတ်စိတ်ဝင်စားအောင် အွန်လိုင်းမှာ ချစ်သူနဲ့ အဖြစ်သည်းပြတာမဟုတ်ဘူးဆိုတဲ့ ထွန်းထွန်း

ရန်ကုန် နိုဝင်ဘာ ၂၃ -၂၀၁၈

သင်းသဒ္ဒါ

 

ဂီတပိုင်းမှာလည်း အောင်မြင်သလို သရုပ်ဆောင်ပိုင်းမှာလည်း နေရာတစ်ခုကို ရထားတဲ့ အကယ်ဒမီ ထွန်းထွန်းက ” ပရိသတ်စိတ်ဝင်စားအောင် အွန်လိုင်းမှာ ချစ်သူနဲ့ အဖြစ်သည်းပြတာမဟုတ်ဘူး”လို ဆိုပါတယ်။

 

“အမှန်တော့ ပရိသတ်စိတ်ဝင်စားအောင် တစ်ယောက်နဲ့ တစ်ယောက်အဖြစ်သည်းပြနေတာလဲ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်ရှိတယ်။ ချစ်တယ်။ ပျော်ပျော်ရွှင်ရွှင်လေး နေသွားချင်ပါတယ်။ ပရိ သတ် စိတ်ဝင်စားအောင် လုပ်ယူထားတာ မရှိပါဘူး”လို့ ဆိုပါတယ်။

 

ထွန်းထွန်းက “ကျွန်တော်ရဲ့ ဖေ့စ်ဘွတ်တွေ ၊ Installgram မှာ ကြည့်ရင် ကိုယ့်ကောင်မလေးကို ဘယ် လောက်ချစ်လဲဆိုတာ တွေ့ရမှာပါ။ ကျွန်တော် ဘယ်လောက် Ro လဲဆိုတာ သိမှာပါ။ အများကြီးတော့ ပြောစရာမရှိပါဘူး။ ကျွန်တော် ကောင်မလေးကို ကျွန်တော်အရမ်းလည်း ချစ်ပါတယ်။ကျွန်တော်ရဲ့ အိမ်ထောင် ရေးနဲ့ ပတ်သက်ပြီး အနာဂတ် Plan တွေ စဉ်းစားထားတာရှိပါတယ်။ ဘာတွေ လုပ်သွားမယ်ဆိုတာ ပါးစပ် ကပြောတာထက် ကိုယ်တိုင်တည်ဆောက်ပြီးတော့ အဲအလုပ်ကို လုပ်သွားတာကောင်းမယ်လို့ ထင်ပါတယ်” လို့ဆိုပါတယ်။

 

လက်ရှိမှာတော့ ဒီနေ့ ရုံတင်ပြသမယ့် မင်္ဂလာရက်မြတ် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပြီး ဒလန် ၊ နိုင်ငံကြီးသား ၊ ကျားနဲ့ဆင် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဆက်တိုက်ရိုက်ကူးနေတယ်လို့ ထွန်းထွန်းက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW