စည်းကမ်းမဲ့ ခရီးသွားတွေကြောင့် ရွှေနန်းတော်ကျောင်းကို လုံခြုံရေးချပေးဖို့လိုအပ်

စည်းကမ်းမဲ့ ခရီးသွားတွေကြောင့် ရွှေနန်းတော်ကျောင်းကို လုံခြုံရေးချပေးဖို့လိုအပ်

မန္တလေး-ဒီဇင်ဘာ ၂-၂၀၁၉
ဇာနည်မာန် + ရှိုင်းအောင်

မန္တလေးက ရွှေနန်းတော်ကျောင်းကို ကမ္ဘာလှည့်ခရီးသွားတွေ ဒီနှစ်ပိုင်း အလာများပြီး ဒီထဲမှာ ဆေးလိပ်သောက်တာ၊ ပန်းပုရုပ်တွေကို ကိုင်တွယ်တာတွေနဲ့ စည်းမဲ့ကမ်းမဲ့အမှိုကစွန့်တာတွေကြောင့် ရွှေကျောင်းကြီးအတွက် လုံခြုံရေးက အရေးတကြီးလိုအပ်နေတယ်လို့ ပြုပြင်ထိမ်းသိမ်းရေးလုပ်နေသူတွေက ဆိုပါတယ်။

အမေရိကန်သံအမတ်တွေရဲ့ ရံပုံငွေနဲ့ ရှေးမူမပျက် ပြုပြင်ထိမ်းသိမ်းမှုတွေလုပ်နေတဲ့ World Monument Fund က Program Director ဂျက်ဖ်အလန်နဲ့ မြန်မာမမှု ပန်းပုပညာရှင် ဦးကံချွန်တို့ကို ရွှေနန်းတော်ကျောင်းမှာ မဇာနည်မာန်က တွေ့ဆုံပြီး ကိုရှိုင်းအောင်က ရိုက်ကူးတင်ဆက်ထားပါတယ်။

World Monument Fund က Program Director ဂျက်ဖ်အလန် ပြောတာတွေကတော့

ဒီနှစ်အဖို့ ကြုံရတဲ့ အခက်အခဲက ခရီးသွားတွေ တအားများလာတာပါပဲ။ ခရီးသွားတွေထဲမှာ တရုတ်ပြည်မကြီးက ခရီးသွားတွေ တော်တော်များလာတော့ သူတို့ အများစုဟာ ဒီကျောင်းကြီးထဲ လာတဲ့အခါ ဆေးလိပ်သောက်တာတွေ၊ လက်မှုပစ္စည်းတွေကို ကိုင်တွယ်တာတွေ၊ ကျောင်းပေါ် ခုန်ပေါက်တာမျိုးတွေ၊ အမှိုက်စည်းကမ်းမဲ့ ပစ်တာတွေ ရှိလာတယ်။

ဒါတွေ မလုပ်ဖို့ တားမြစ်တာတွေ လုပ်ထားပြီး ဧည့်လမ်းညွှန်တွေကိုလည်း ပညာပေးတာတွေ လုပ်ထားပေမယ့် ဧည့်သည် တအားပြုံကျလာတဲ့ အခါမျိုးဆို ဘယ်လိုမှ မတားနိုင်တော့ ဒီကျောင်းအတွက် လုံခြုံရေး ချထားပေးဖို့ လိုအပ်နေပါတယ်။

ဒီကိစ္စ မန္တလေးတိုင်း အစိုးရကို တင်ပြတောင်းဆိုထားတာ ကြာလှပြီ။ ၂၀၁၅ တုန်းကတော့ လုံခြုံရေး ၂ ယောက် ချပေးထားပေမယ့် နှစ်လည်းကုန်ရော မရှိတော့တာ ခုထိပဲ။ ခုက သန့်ရှင်းရေး အမကြီး ၂ ယောက်ရှိတယ်။ သူတို့က လုံခြုံရေးအတွက် ကူကြည့်ပေးပေမယ့် သန့်ရှင်းရေးကလည်း တဖက်ဆိုတော့ မလုံလောက်ပါဘူး။

မန္တလေးတိုင်း အစိုးရအနေနဲ့ ဒီကျောင်းကြီး ရေရှည်တည်မြဲဖို့ လုံခြုံရေးလေး ထားပေးစေချင်ပါတယ်။ အကယ်လို့များ မီးလောင်တာမျိုး ပျက်စီးတာမျိုး ဖြစ်သွားရင် ဒါက အင်မတန်ကို စိတ်မကောင်းစရာ ဆုံးရှုံးမှု ဖြစ်သွားလိမ့်မယ်။

မန္တလေးတိုင်း အစိုးရအနေနဲ့ ဒီရွှေနန်းတော်ကျောင်းပြုပြင် ထိန်းသိမ်းရေးကို စီမံခန့်ခွဲဖို့ အဖွဲ့လိုမျိုး ထားဖို့လည်း လိုအပ်နေပါတယ်။ အခုက အဲ့ဒီလို စီမံခန့်ခွဲရေးအဖွဲ့က သတ်သတ်မှတ်မှတ်မရှိသေးတော့ ကျနော်တို့အဖွဲ့ပြန်သွားတဲ့အချိန် ကျနော်တို့ လုပ်ခဲ့တာတွေကို လက်လွှဲခဲ့ဖို့ အဆင်မပြေဖြစ်နေပါတယ်။

ရှေးဟောင်းအဆောက်အဦတွေကို ပြင်ဆင်ထိန်းသိမ်းတဲ့အခါ စီမံခန့်ခွဲရေးက သတ်သတ်မှတ်မှတ်မရှိခဲ့ရင် နောင်တချိန် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်တဲ့အခါ လွဲမှားတာတွေ၊ ရှေးမူမပျက် ပြင်ဆင်ရေးမှာထိရောက်မှု မရှိတာတွေ ဖြစ်လာပြီး ဒီအဆောက်အဦတွေ ရေရှည်တည်မြဲဖို့ ခက်ခဲပါလိမ့်မယ်။

အခု ကျနော်တို့ အသစ်ထပ်ရတဲ့ ရံပုံငွေနဲ့ ကျောင်းကြီးကို ဖျက်ဆီးနေတဲ့ ခြနဲ့ပိုးရွတွေကို ရှင်းလင်းတာကို အဓိကထား လုပ်ပါမယ်။ ပြီးတော့ ပျက်စီးပျောက်ဆုံးနေတဲ့ ပန်းပုလက်ရာတွေရယ်၊ အပြင်ဝရန်တာ ကြမ်းခင်းတွေ ပြင်ဆင်တာတွေကို လုပ်နေပါတယ်။ ဒါ့အပြင် ရေဆင်းစနစ် ဒီထက်ပိုကောင်းအောင် လုပ်ဖို့ရယ်၊ အုတ်လှေကားကို ခိုင်မာအောင်ထိန်းသိမ်းအားဖြည့်တာတွေ လုပ်ပါမယ်။ ပြီးတော့ ကျနော်တို့ လုပ်ခဲ့တာတွေ အကုန်လုံးကို မှတ်တမ်းမှတ်ရာ အပြည့်နဲ့ ထားခဲ့ဖို့ မှတ်တမ်းတင်တာတွေလုပ်ပါမယ်။

နောက်ထပ်ပြီးတော့ ရွှေကျောင်းကို လာသူတွေ လေ့လာဖို့ သမိုင်းကြောင်းတွေ၊ ခေတ်အဆက်ဆက် ပြင်ဆင်မွမ်းမံခဲ့တဲ့ မှတ်တမ်းတွေ စတာတွေ ခင်းကျင်းပြသမယ့် ပြတိုက်လိုမျိုး အဆောက်ဦလေး တခု လုပ်သွားဖို့လည်း ရှိပါတယ်။ ဒါမှ နောင် ကျနော်တို့လုပ်ငန်းတွေ ပြီးလို့ ပြန်သွားတဲ့အခါ နောင်မြန်မာလူငယ်မျိုးဆက်တွေက လေ့လာထိန်းသိမ်းနိုင်ကြမှာဖြစ်ပါတယ်။ လို့ ဆိုသွားတာပါ။

#voiceofmyanmar #မန္တလေးရွှေနန်းတော်ကျောင်း # World Monument Fund

 

Zawgyi

စည္းကမ္းမဲ႕ ခရီးသြားေတြေၾကာင့္ ေရႊနန္းေတာ္ေက်ာင္းကိုု လံုုျခံဳေရးခ်ေပးဖိုု႕လိုုအပ္

မႏၱေလး-ဒီဇင္ဘာ ၂-၂၀၁၉
ဇာနည္မာန္ + ရွိဳင္းေအာင္

မႏၱေလးက ေရႊနန္းေတာ္ေက်ာင္းကိုု ကမၻာလွည့္ခရီးသြားေတြ ဒီႏွစ္ပိုုင္း အလာမ်ားျပီး ဒီထဲမွာ ေဆးလိပ္ေသာက္တာ၊ ပန္းပုုရုုပ္ေတြကိုု ကိုုင္တြယ္တာေတြနဲ႕ စည္းမဲ႕ကမ္းမဲ႕အမိွဳကစြန္႕တာေတြေၾကာင့္ ေရႊေက်ာင္းၾကီးအတြက္ လံုုျခံဳေရးက အေရးတၾကီးလိုုအပ္ေနတယ္လိုု႕ ျပဳျပင္ထိမ္းသိမ္းေရးလုုပ္ေနသူေတြက ဆိုုပါတယ္။

အေမရိကန္သံအမတ္ေတြရဲ႕ ရံပံုုေငြနဲ႕ ေရွးမူမပ်က္ ျပဳျပင္ထိမ္းသိမ္းမွဳေတြလုုပ္ေနတဲ႕ World Monument Fund က Program Director ဂ်က္ဖ္အလန္နဲ႕ ျမန္မာမမွဳ ပန္းပုုပညာရွင္ ဦးကံခ်ြန္တိုု႕ကိုု ေရႊနန္းေတာ္ေက်ာင္းမွာ မဇာနည္မာန္က ေတြ႕ဆံုုျပီး ကိုုရွိဳင္းေအာင္က ရိုုက္ကူးတင္ဆက္ထားပါတယ္။

World Monument Fund က Program Director ဂ်က္ဖ္အလန္ ေျပာတာေတြကေတာ့

ဒီႏွစ္အဖို႔ ၾကံဳရတဲ့ အခက္အခဲက ခရီးသြားေတြ တအားမ်ားလာတာပါပဲ။ ခရီးသြားေတြထဲမွာ တရုတ္ျပည္မၾကီးက ခရီးသြားေတြ ေတာ္ေတာ္မ်ားလာေတာ့ သူတို႔ အမ်ားစုဟာ ဒီေက်ာင္းၾကီးထဲ လာတဲ့အခါ ေဆးလိပ္ေသာက္တာေတြ၊ လက္မႈပစၥည္းေတြကို ကိုင္တြယ္တာေတြ၊ ေက်ာင္းေပၚ ခုန္ေပါက္တာမ်ိဳးေတြ၊ အမႈိက္စည္းကမ္းမဲ့ ပစ္တာေတြ ရွိလာတယ္။

 

ဒါေတြ မလုပ္ဖို႔ တားျမစ္တာေတြ လုပ္ထားျပီး ဧည့္လမ္းညႊန္ေတြကိုလည္း ပညာေပးတာေတြ လုပ္ထားေပမယ့္ ဧည့္သည္ တအားျပံဳက်လာတဲ့ အခါမ်ိဳးဆို ဘယ္လိုမွ မတားႏိုင္ေတာ့ ဒီေက်ာင္းအတြက္ လံုျခံဳေရး ခ်ထားေပးဖို႔ လိုအပ္ေနပါတယ္။

 

ဒီကိစၥ မႏၱေလးတိုင္း အစိုးရကို တင္ျပေတာင္းဆိုထားတာ ၾကာလွျပီ။ ၂၀၁၅ တုန္းကေတာ့ လံုျခံဳေရး ၂ ေယာက္ ခ်ေပးထားေပမယ့္ ႏွစ္လည္းကုန္ေရာ မရွိေတာ့တာ ခုထိပဲ။ ခုက သန္႔ရွင္းေရး အမၾကီး ၂ ေယာက္ရွိတယ္။ သူတို႔က လံုျခံဳေရးအတြက္ ကူၾကည့္ေပးေပမယ့္ သန္႔ရွင္းေရးကလည္း တဖက္ဆ္ိုေတာ့ မလံုေလာက္ပါဘူး။

 

မႏၱေလးတိုင္း အစိုးရအေနနဲ႔ ဒီေက်ာင္းၾကီး ေရရွည္တည္ျမဲဖို႔ လံုျခံဳေရးေလး ထားေပးေစခ်င္ပါတယ္။ အကယ္လို႔မ်ား မီးေလာင္တာမ်ိဳး ပ်က္စီးတာမ်ိဳး ျဖစ္သြားရင္ ဒါက အင္မတန္ကို စိတ္မေကာင္းစရာ ဆံုးရွံဳးမႈ ျဖစ္သြားလိမ့္မယ္။

 

မႏၱေလးတိုင္း အစိုးရအေနနဲ႔ ဒီေရႊနန္းေတာ္ေက်ာင္းျပဳျပင္ ထိန္းသိမ္းေရးကို စီမံခန္႔ခြဲဖို႔ အဖြဲ႔လိုမ်ိဳး ထားဖို႔လည္း လိုအပ္ေနပါတယ္။ အခုက အဲ့ဒီလို စီမံခန္႔ခြဲေရးအဖြဲ႔က သတ္သတ္မွတ္မွတ္မရွိေသးေတာ့ က်ေနာ္တို႔အဖြဲ႔ျပန္သြားတဲ့အခ်ိန္ က်ေနာ္တို႔ လုပ္ခဲ့တာေတြကို လက္လႊဲခဲ့ဖို႔ အဆင္မေျပျဖစ္ေနပါတယ္။

 

ေရွးေဟာင္းအေဆာက္အဦေတြကို ျပင္ဆင္ထိန္းသိမ္းတဲ့အခါ စီမံခန္႔ခြဲေရးက သတ္သတ္မွတ္မွတ္မရွိခဲ့ရင္ ေနာင္တခ်ိန္ လိုအပ္တဲ့ ျပင္ဆင္မႈေတြ လုပ္တဲ့အခါ လြဲမွားတာေတြ၊ ေရွးမူမပ်က္ ျပင္ဆင္ေရးမွာထိေရာက္မႈ မရွိတာေတြ ျဖစ္လာျပီး ဒီအေဆာက္အဦေတြ ေရရွည္တည္ျမဲဖို႔ ခက္ခဲပါလိမ့္မယ္။

 

အခု က်ေနာ္တို႔ အသစ္ထပ္ရတဲ့ ရံပုံေငြနဲ႔ ေက်ာင္းၾကီးကို ဖ်က္ဆီးေနတဲ့ ျခနဲ႔ပိုးရြေတြကို ရွင္းလင္းတာကို အဓိကထား လုပ္ပါမယ္။ ျပီးေတာ့ ပ်က္စီးေပ်ာက္ဆံုးေနတဲ့ ပန္းပုလက္ရာေတြရယ္၊ အျပင္ဝရန္တာ ၾကမ္းခင္းေတြ ျပင္ဆင္တာေတြကို လုပ္ေနပါတယ္။ ဒါ့အျပင္ ေရဆင္းစနစ္ ဒီထက္ပိုေကာင္းေအာင္ လုပ္ဖို႔ရယ္၊ အုတ္ေလွကားကို ခိုင္မာေအာင္ထိန္းသိမ္းအားျဖည့္တာေတြ လုပ္ပါမယ္။ ျပီးေတာ့ က်ေနာ္တို႔ လုပ္ခဲ့တာေတြ အကုန္လံုးကို မွတ္တမ္းမွတ္ရာ အျပည့္နဲ႔ ထားခဲ့ဖို႔ မွတ္တမ္းတင္တာေတြလုပ္ပါမယ္။

 

ေနာက္ထပ္ျပီးေတာ့ ေရႊေက်ာင္းကို လာသူေတြ ေလ့လာဖို႔ သမိုင္းေၾကာင္းေတြ၊ ေခတ္အဆက္ဆက္ ျပင္ဆင္မြမ္းမံခဲ့တဲ့ မွတ္တမ္းေတြ စတာေတြ ခင္းက်င္းျပသမယ့္ ျပတိုက္လိုမ်ိဳး အေဆာက္ဦေလး တခု လုပ္သြားဖို႔လည္း ရွိပါတယ္။ ဒါမွ ေနာင္ က်ေနာ္တို႔လုပ္ငန္းေတြ ျပီးလို႔ ျပန္သြားတဲ့အခါ ေနာင္ျမန္မာလူငယ္မ်ိဳးဆက္ေတြက ေလ့လာထိန္းသိမ္းႏိုင္ၾကမွာျဖစ္ပါတယ္။ လိုု႕ ဆိုုသြားတာပါ။

#voiceofmyanmar #မႏၱေလးေရႊနန္းေတာ္ေက်ာင္း # World Monument Fund

Related posts

Leave a Comment

VOM News

FREE
VIEW