တက္ကသိုလ်အသီးသီးရှိ ဆရာ၊ဆရာမများကို နေအိမ်ကနေ တာဝန်ထမ်းဆောင်ခွင့်ပေးဖို့ တောင်းဆို

တက္ကသိုလ်အသီးသီးရှိ ဆရာ၊ဆရာမများကို နေအိမ်ကနေ တာဝန်ထမ်းဆောင်ခွင့်ပေးဖို့ တောင်းဆို

ရန်ကုန်၊ မတ် ၂၅-၂၀၂၀
စွဲ့ဝတီ(VOM)

တက္ကသိုလ်အသီးသီးရှိ ဆရာဆရာမများကို နေအိမ်ကနေ တာဝန်ထမ်းဆောင်ခွင့်ပေးဖို့ တက္ကသိုလ်ဆရာ/ဆရာမအသင်းများကိုယ်စားပြုကော်မတီ (Representative Committee of University Teacher Associations – RC of UTAS)က တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

“ အခုကတော့ ဆယ်တန်းစာစစ်ကလည်း ရပ်သွားပြီ။ ဒါပေမဲ့ အခုစာမေးပွဲတွေဖြေထားတဲ့ ကိစ္စတွေ ရှိတယ်။ တစ်ချို့ကျောင်းတွေမှာ တစ်ဝက်တစ်ပြတ်နဲ့ ရပ်သွားတာတွေရှိတယ်။ တကယ်တမ်းပြောမယ်ဆိုရင် ကျန်းမာရေးအရ ရပ်ဆိုင်းလိုက်တာပေါ့။ နယ်တက္ကသိုလ်တွေမှာ စာစစ်တဲ့ကိစ္စတွေကို ဆက်လုပ်ခိုင်းတဲ့ ကိစ္စတွေရှိတယ်။ ပြီးတော့ အခုဆိုရင် ကိုယ်ဘာသာကိုယ် အိမ်မှာနေလိုက်တာက အကောင်းဆုံးအခြေအနေပေါ့။ အဲလိုမဟုတ်ဘဲနဲ့ သူတို့က အိမ်ကို ပြန်မလွှတ်တာတို့ ။ နေ့စဉ်လာရမယ်လို့ စတဲ့အခြေအနေတွေကြောင့် ဆရာ၊ဆရာမတွေက တော်တော်လေးကို အကြပ်ရိုက်နေကြတယ်။ နယ်က ဆရာ၊ဆရာမတွေကလည်း ကိုယ့်အိမ်ကိုယ်ပြန် ချင်ကြတယ်။ မြို့ပေါ်က ဆရာ၊ဆရာမတွေကလည်း နေ့စဉ်ကျောင်းကို သွားနေရတာ ရှိတယ်။ တစ်ချို့ကျောင်းတွေက အိမ်မှာပဲအေးဆေးနေ။ လိုအပ်ရင် ဖုန်းဆက်ခေါ်လိုက်မယ်။ အဲ့ဒီလို အခြေအနေတွေ ရှိတယ်။ ဒါပေမဲ့ တရားဝင်မဟုတ်သေးဘူး။ တက္ကသိုလ်တွေအနေနဲ့ ဆရာ၊ဆရာမတွေကို တရားဝင် အိမ်မှာပဲနေပြီးတော့ လုပ်ငန်းဆောင်ရွက်ခိုင်းဖို့ တောင်းဆိုတာပါ”လို့ တက္ကသိုလ်ဆရာ/ဆရာမအသင်းများ ကိုယ်စားပြုကော်မတီအဖွဲ့ဝင် ဦးသန်းထိုက်အောင်က ပြောပါတယ်။

တက္ကသိုလ်စာမေးပွဲများနဲ့ စာစစ်တာဝန်တွေကို ရွှေ့ဆိုင်းထားတာတွေကြောင့် ဆရာ၊ ဆရာမတွေအနေနဲ့ ထမ်းဆောင်ရမယ့်တာဝန်များ မရှိသလောက်နည်းပါးသွားတာတွေ၊ ရောဂါပြန့်ပွားမှုအခြေအနေအရ အချို့ဒေသများမှာ Lock Down အခြေအနေများ အချိန်မရွေးဖြစ်ပေါ်လာနိုင်တာတွေ၊ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်တွေအရ မိမိတို့နေအိမ်မှာ နေထိုင်တာကို ရောဂါပြန့်ပွားမှုကို အထိရောက်ဆုံးကာကွယ်တဲ့ နည်းလမ်းဖြစ်တာတွေ၊ ဆရာ၊ ဆရာမတွေကို ရောဂါကူးစက်မှုအန္တရာယ်က အကာအကွယ်ပေးဖို့ တာဝန်ရှိတာ စတာတွေကို ဆင်ခြင်မျှော်မြင်ပြီးတော့ တက္ကသိုလ်၊ ကောလိပ်ကျောင်း အသီးသီးမှာရှိတဲ့ ဆရာ/ဆရာမတွေကို နေအိမ်က တာဝန်ဝတ္တရားများ ထမ်းဆောင်ခွင့်ပေးဖို့ အဲ့ဒီကော်မတီက ကြေညာချက်ထုတ်ပြန်ပြီးတော့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

“ အခုက နေရာဒေသအတော်များများ ကိုယ့်နည်းကိုယ်ဟန်နဲ့ ကြပ်နေကြတယ်။ ပါမောက္ခချုပ်တွေ၊ ဒု-ပါမောက္ခချုပ်တွေက ဘယ်မှမသွားနဲ့ဆိုပြီးတော့ ကျောင်းထဲမှာ လုပ်ခိုင်းထားတာတစ်မျိုး၊ စာမေးပွဲတွေကိုတောင် ဆက်မဖြေခိုင်းတော့တာ။ ဖြေပြီးသွားတဲ့ အဖြေလွှာတွေကို စစ်ခိုင်းတာတစ်မျိုး။ တာဝန်တွေချထားတွေ မျိုးစုံလုပ်နေတော့ ဆရာ၊ဆရာမတွေ ဒုက္ခရောက်နေကြတာ။ အိမ်တွေ ဘာတွေလည်း ပြန်ချင်တော့ ဆရာတို့ဆီကို အကူအညီတောင်းလာတာတွေရှိတယ် ”လို့ ဆရာသန်းထိုက်အောင်က ဆက်ပြီးတော့ပြောပါတယ်။

ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် COVID-19 Positive လူနာနှစ်ဦးကို ပြည်တွင်းမှာ စတင်တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ် ၂၃ရက်နေ့ ည ၁၁နာရီခွဲတွင် စတင်သတင်းထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း တက္ကသိုလ်အသီးသီးမှာ ကျင်းပနေဆဲ စာမေးပွဲတွေကို ယာယီရပ်ဆိုင်းပြီးဖြစ်တဲ့အပြင် တက္ကသိုလ်ဝင်တန်းစာစစ် လုပ်ငန်းများကိုလည်း ယာယီရွှေ့ ဆိုင်းခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

COVID – 19 ဟာ ကူးစက်မှုနှုန်းအလွန်လျှင်မြန်ပြီးတော့ ကျောင်းသား၊ ကျောင်းသူများနဲ့ တာဝန်ထမ်းဆောင်မဲ့ ဆရာ ၊ ဆရာမတွေအနေနဲ့ အန္တရာယ်ကြီးမားလှတဲ့အတွက် စာမေးပွဲများကျင်းပခြင်းနဲ့ စာစစ်လုပ်ငန်းတွေကို ယာယီရွှေ့ဆိုင်းပေးဖို့ မိမိတို့ RC Of UTAsက မတ် ၁၈ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပေမယ့်လည်း ပညာရေးဝန်ကြီးဌာနနဲ့ တက္ကသိုလ်အာဏာပိုင်တွေက အလေးအနက်ထားခြင်းမရှိ လုံလောက်တဲ့ ကျန်းမာရေးအကာအကွယ် များမရှိဘဲ ဆက်လက်ဆောင်ရွက်စေခဲ့တဲ့အတွက် နေရပ်ပြန်ကြရမဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် မလိုလားအပ်တဲ့ အခက်အခဲများဖြစ်ပေါ်ခဲ့ရတဲ့အတွက် သင်ခန်းစာယူဖွယ်ဖြစ်တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရောဂါပြန့်ပွားနိုင်တဲ့ အခြေအနေတွေကို မည်သို့မျှ မခန့်မှန်းနိုင်တဲ့အတွက် ကြိုတင်ကာကွယ်ရေးအဖြစ် နိုင်ငံအချို့မှာ ဝန်ထမ်းတွေကို မလွှဲမရှောင်သာအခြေအနေက လွဲပြီးတော့ သာမာန်အချိန်များလည်း နေအိမ်တွေကတစ်ဆင့် တာဝန်ထမ်းခြင်းနည်းလမ်းကို အသုံးပြုလာကြပြီးတော့ နည်းပညာတက္ကသိုလ်(မန္တလေး) စီမံခန့်ခွဲရေးအစည်းအဝေးဆုံးဖြတ်ချက် နဲ့ ဆရာ/ဆရာမတွေကို မိမိတို့နေအိမ်က တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ဖို့ ထုတ်ပြန်တဲ့ အပေါ်ကိုလည်းကြိုဆိုတယ်လို့ အဲ့ဒီကော်မတီကနေ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Photo- ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
#VOM #voiceofmyanmar #ရန်ကုန် #တက္ကသိုလ်ဆရာ၊ဆရာများ #နေအိမ်ကနေတာဝန်ထမ်းဖို့ #တောင်းဆို

Zawgyi

တကၠသိုလ္အသီးသီးရွိ ဆရာ၊ဆရာမမ်ားကို ေနအိမ္ကေန တာဝန္ထမ္းေဆာင္ခြင့္ေပးဖို႔ ေတာင္းဆို

ရန္ကုန္၊ မတ္ ၂၅-၂၀၂၀
စြဲ႕ဝတီ(VOM)

တကၠသိုလ္အသီးသီးရွိ ဆရာဆရာမမ်ားကို ေနအိမ္ကေန တာဝန္ထမ္းေဆာင္ခြင့္ေပးဖို႔ တကၠသိုလ္ဆရာ/ဆရာမအသင္းမ်ားကိုယ္စားျပဳေကာ္မတီ (Representative Committee of University Teacher Associations – RC of UTAS)က ေတာင္းဆိုလိုက္တယ္လို႔ သိရပါတယ္။

“ အခုကေတာ့ ဆယ္တန္းစာစစ္ကလည္း ရပ္သြားၿပီ။ ဒါေပမဲ့ အခုစာေမးပြဲေတြေျဖထားတဲ့ ကိစၥေတြ ရွိတယ္။ တစ္ခ်ိဳ႕ေက်ာင္းေတြမွာ တစ္ဝက္တစ္ျပတ္နဲ႔ ရပ္သြားတာေတြရွိတယ္။ တကယ္တမ္းေျပာမယ္ဆိုရင္ က်န္းမာေရးအရ ရပ္ဆိုင္းလိုက္တာေပါ့။ နယ္တကၠသိုလ္ေတြမွာ စာစစ္တဲ့ကိစၥေတြကို ဆက္လုပ္ခိုင္းတဲ့ ကိစၥေတြရွိတယ္။ ၿပီးေတာ့ အခုဆိုရင္ ကိုယ္ဘာသာကိုယ္ အိမ္မွာေနလိုက္တာက အေကာင္းဆုံးအေျခအေနေပါ့။ အဲလိုမဟုတ္ဘဲနဲ႔ သူတို႔က အိမ္ကို ျပန္မလႊတ္တာတို႔ ။ ေန႔စဥ္လာရမယ္လို႔ စတဲ့အေျခအေနေတြေၾကာင့္ ဆရာ၊ဆရာမေတြက ေတာ္ေတာ္ေလးကို အၾကပ္႐ိုက္ေနၾကတယ္။ နယ္က ဆရာ၊ဆရာမေတြကလည္း ကိုယ့္အိမ္ကိုယ္ျပန္ ခ်င္ၾကတယ္။ ၿမိဳ႕ေပၚက ဆရာ၊ဆရာမေတြကလည္း ေန႔စဥ္ေက်ာင္းကို သြားေနရတာ ရွိတယ္။ တစ္ခ်ိဳ႕ေက်ာင္းေတြက အိမ္မွာပဲေအးေဆးေန။ လိုအပ္ရင္ ဖုန္းဆက္ေခၚလိုက္မယ္။ အဲ့ဒီလို အေျခအေနေတြ ရွိတယ္။ ဒါေပမဲ့ တရားဝင္မဟုတ္ေသးဘူး။ တကၠသိုလ္ေတြအေနနဲ႔ ဆရာ၊ဆရာမေတြကို တရားဝင္ အိမ္မွာပဲေနၿပီးေတာ့ လုပ္ငန္းေဆာင္႐ြက္ခိုင္းဖို႔ ေတာင္းဆိုတာပါ”လို႔ တကၠသိုလ္ဆရာ/ဆရာမအသင္းမ်ား ကိုယ္စားျပဳေကာ္မတီအဖြဲ႕ဝင္ ဦးသန္းထိုက္ေအာင္က ေျပာပါတယ္။

တကၠသိုလ္စာေမးပြဲမ်ားနဲ႔ စာစစ္တာဝန္ေတြကို ေ႐ႊ႕ဆိုင္းထားတာေတြေၾကာင့္ ဆရာ၊ ဆရာမေတြအေနနဲ႔ ထမ္းေဆာင္ရမယ့္တာဝန္မ်ား မရွိသေလာက္နည္းပါးသြားတာေတြ၊ ေရာဂါျပန႔္ပြားမႈအေျခအေနအရ အခ်ိဳ႕ေဒသမ်ားမွာ Lock Down အေျခအေနမ်ား အခ်ိန္မေ႐ြးျဖစ္ေပၚလာႏိုင္တာေတြ၊ က်န္းမာေရးဌာနရဲ႕ ၫႊန္ၾကားခ်က္ေတြအရ မိမိတို႔ေနအိမ္မွာ ေနထိုင္တာကို ေရာဂါျပန႔္ပြားမႈကို အထိေရာက္ဆုံးကာကြယ္တဲ့ နည္းလမ္းျဖစ္တာေတြ၊ ဆရာ၊ ဆရာမေတြကို ေရာဂါကူးစက္မႈအႏၲရာယ္က အကာအကြယ္ေပးဖို႔ တာဝန္ရွိတာ စတာေတြကို ဆင္ျခင္ေမွ်ာ္ျမင္ၿပီးေတာ့ တကၠသိုလ္၊ ေကာလိပ္ေက်ာင္း အသီးသီးမွာရွိတဲ့ ဆရာ/ဆရာမေတြကို ေနအိမ္က တာဝန္ဝတၱရားမ်ား ထမ္းေဆာင္ခြင့္ေပးဖို႔ အဲ့ဒီေကာ္မတီက ေၾကညာခ်က္ထုတ္ျပန္ၿပီးေတာ့ ေတာင္းဆိုလိုက္တာျဖစ္ပါတယ္။

“ အခုက ေနရာေဒသအေတာ္မ်ားမ်ား ကိုယ့္နည္းကိုယ္ဟန္နဲ႔ ၾကပ္ေနၾကတယ္။ ပါေမာကၡခ်ဳပ္ေတြ၊ ဒု-ပါေမာကၡခ်ဳပ္ေတြက ဘယ္မွမသြားနဲ႔ဆိုၿပီးေတာ့ ေက်ာင္းထဲမွာ လုပ္ခိုင္းထားတာတစ္မ်ိဳး၊ စာေမးပြဲေတြကိုေတာင္ ဆက္မေျဖခိုင္းေတာ့တာ။ ေျဖၿပီးသြားတဲ့ အေျဖလႊာေတြကို စစ္ခိုင္းတာတစ္မ်ိဳး။ တာဝန္ေတြခ်ထားေတြ မ်ိဳးစုံလုပ္ေနေတာ့ ဆရာ၊ဆရာမေတြ ဒုကၡေရာက္ေနၾကတာ။ အိမ္ေတြ ဘာေတြလည္း ျပန္ခ်င္ေတာ့ ဆရာတို႔ဆီကို အကူအညီေတာင္းလာတာေတြရွိတယ္ ”လို႔ ဆရာသန္းထိုက္ေအာင္က ဆက္ၿပီးေတာ့ေျပာပါတယ္။

ကမာၻ႔ကပ္ေရာဂါ ကို႐ိုနာဗိုင္းရပ္စ္ COVID-19 Positive လူနာႏွစ္ဦးကို ျပည္တြင္းမွာ စတင္ေတြ႕ရွိတယ္လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက မတ္ ၂၃ရက္ေန႔ ည ၁၁နာရီခြဲတြင္ စတင္သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ပိုင္း တကၠသိုလ္အသီးသီးမွာ က်င္းပေနဆဲ စာေမးပြဲေတြကို ယာယီရပ္ဆိုင္းၿပီးျဖစ္တဲ့အျပင္ တကၠသိုလ္ဝင္တန္းစာစစ္ လုပ္ငန္းမ်ားကိုလည္း ယာယီေ႐ႊ႕ ဆိုင္းခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။

COVID – 19 ဟာ ကူးစက္မႈႏႈန္းအလြန္လွ်င္ျမန္ၿပီးေတာ့ ေက်ာင္းသား၊ ေက်ာင္းသူမ်ားနဲ႔ တာဝန္ထမ္းေဆာင္မဲ့ ဆရာ ၊ ဆရာမေတြအေနနဲ႔ အႏၲရာယ္ႀကီးမားလွတဲ့အတြက္ စာေမးပြဲမ်ားက်င္းပျခင္းနဲ႔ စာစစ္လုပ္ငန္းေတြကို ယာယီေ႐ႊ႕ဆိုင္းေပးဖို႔ မိမိတို႔ RC Of UTAsက မတ္ ၁၈ ရက္စြဲနဲ႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့ေပမယ့္လည္း ပညာေရးဝန္ႀကီးဌာနနဲ႔ တကၠသိုလ္အာဏာပိုင္ေတြက အေလးအနက္ထားျခင္းမရွိ လုံေလာက္တဲ့ က်န္းမာေရးအကာအကြယ္ မ်ားမရွိဘဲ ဆက္လက္ေဆာင္႐ြက္ေစခဲ့တဲ့အတြက္ ေနရပ္ျပန္ၾကရမဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ မလိုလားအပ္တဲ့ အခက္အခဲမ်ားျဖစ္ေပၚခဲ့ရတဲ့အတြက္ သင္ခန္းစာယူဖြယ္ျဖစ္တယ္လို႔ အဲ့ဒီထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ေရာဂါျပန႔္ပြားႏိုင္တဲ့ အေျခအေနေတြကို မည္သို႔မွ် မခန႔္မွန္းႏိုင္တဲ့အတြက္ ႀကိဳတင္ကာကြယ္ေရးအျဖစ္ ႏိုင္ငံအခ်ိဳ႕မွာ ဝန္ထမ္းေတြကို မလႊဲမေရွာင္သာအေျခအေနက လြဲၿပီးေတာ့ သာမာန္အခ်ိန္မ်ားလည္း ေနအိမ္ေတြကတစ္ဆင့္ တာဝန္ထမ္းျခင္းနည္းလမ္းကို အသုံးျပဳလာၾကၿပီးေတာ့ နည္းပညာတကၠသိုလ္(မႏၲေလး) စီမံခန႔္ခြဲေရးအစည္းအေဝးဆုံးျဖတ္ခ်က္ နဲ႔ ဆရာ/ဆရာမေတြကို မိမိတို႔ေနအိမ္က တာဝန္ဝတၱရားေတြကို ထမ္းေဆာင္ဖို႔ ထုတ္ျပန္တဲ့ အေပၚကိုလည္းႀကိဳဆိုတယ္လို႔ အဲ့ဒီေကာ္မတီကေန ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

Photo- ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္
#VOM #voiceofmyanmar #ရန္ကုန္ #တကၠသိုလ္ဆရာ၊ဆရာမ်ား #ေနအိမ္ကေနတာဝန္ထမ္းဖို႔ #ေတာင္းဆို

Related posts

Leave a Comment

VOM News

FREE
VIEW