ခရီးသည်တင် ရေယာဉ်လိုင်းတွေ ပြေးဆွဲသွားလာမှုကို မြစ်ရေအခြေအနေကြည့်ပြီး ကန့်သတ်ပိတ်ထားဖို့ တိုင်းအစိုးရအဖွဲ့က စီစဉ်

ခရီးသည်တင် ရေယာဉ်လိုင်းတွေ ပြေးဆွဲသွားလာမှုကို မြစ်ရေအခြေအနေကြည့်ပြီး ကန့်သတ်ပိတ်ထားဖို့ တိုင်းအစိုးရအဖွဲ့က စီစဉ်

မုံရွာ ၊ သြဂုတ် ၁၈ – ၂၀၂၀
ကိုတိုးကြီး (VOM)

ချင်းတွင်းမြစ်ဖြားက ဒေသတွေမှာ ဒီရက်ပိုင်း မိုးရွာသွန်းမှုတွေ နေ့ညမပြတ် ဖြစ်ပေါ် နေပြီး မြစ်ရေ မြင့်တက်နေတာကြောင့် ခရီးသည်တင် ရေယာဉ်လိုင်းတွေ ပြေးဆွဲသွားလာမှုကို မြစ်ရေအခြေအနေကြည့်ပြီး ကန့်သတ်ပိတ်ထားမယ်လို့ သိရပါတယ်။

“ အခုလို မြစ်ရေကြီးတဲ့ကာလမှာ ရေလမ်းသွားခရီးသည်တွေရဲ့ အသက်အန္တရာယ်က စိုးရိမ်ရတယ်၊ ရေယာဉ်တွေပေါ်မှာ ခရီးသည်အရေအတွက်နဲ့ အညီအမျှ အသက်ကယ် အင်္ကျီတွေ ပလပ်စတစ်ပုံးအဝါတွေ အသင့်စောင်ထားတာကို မတွေ့ရဘူး ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ပို့ဆောင်ရေးနဲ့ လမ်းပန်းဝန်ကြီးဌာနနဲ့ ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီတို့ ပူးပေါင်းပြီး မြစ်ရေအခြေအနေကို ကြည့်ပြီး ခရီးသည်တင်ရေယာဉ်လိုင်း တွေ ပြေးဆွဲသွားလာမှုကို ကန့်သတ်ပိတ်ထားဖို့ စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ ရေလမ်းကြောင်း ကုန်စည်စီးဆင်းမှုတွေ အဟန့်အတား မဖြစ်ဖို့ကိုလဲ ကုန်တင်ရေယာဉ်တွေကို သတ်မှတ်ကုန်အလေးချိန်နဲ့ စီစစ်ပြီးမှ ခွင့်ပြုပေးသွားမှာပါ ” လို့ စစ်ကိုင်းတိုင်း မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးက ပြောပါတယ်။

မုံရွာဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းမှာရှိတဲ့ ကနီ ၊ မင်းကင်း ၊ ကလေး၀ ၊ မော်လိုက် ၊ ဖောင်ပြင်း ၊ ဟုမ္မလင်း ၊ ခန္တီး စတဲ့မြို့နယ်တွေက ရေလမ်းသွား ခရီးသည်တွေဟာ နေ့စဉ် တစ်ထောင်နီးပါးရှိပါတယ် ။

အဲ့ဒီဒေသတွေဟာ တောင်ပေါ်မြေသားလမ်း နေရာအများစုရှိတာကြောင့် အခုလို မိုးရာသီမှာ လမ်းရေကျော်တာ ၊ ဗွက်ထပျက်စီးတာ နဲ့ လမ်းချော်တာတွေရှိလို့ ကုန်းလမ်းနဲ့ မသွားလာပဲ ရေလမ်းကြောင်းကို အဓိကအားထားပြီး သွားလာနေရတာဖြစ်ပါတယ်။

မနှစ်က မြစ်ရေအခြေအနေကြောင့် ခရီးသည်တင် ရေယာဉ်လိုင်းတွေ ပိတ်ထားတာကို တွေ့ကြုံခဲ့ရသူ ခရီးသည်တစ်ဦးပြောပြတာက “ ခရီးသွား ခရီးလာဆိုတာ စရိတ်စကကို ချင့်ချိန်တိုင်းထွားပြီးး ယူခဲ့ကြတာလေ ၊ ရေယာဉ်လိုင်းတွေပိတ်တော့ မုံရွာမြို့ပေါ်မှာ တည်းခိုနေထိုင် စားသောက်ရေး ကိစ္စတွေအားလုံး အခက်အခဲကြုံရတယ် ၊ နောက်တော့ ပါလာတဲ့ပစ္စည်းတွေကို ရရာဈေးနဲ့ရောင်းချပြီး အဲ့ဒီဒုက္ခကို ဖြေရှင်းခဲ့ရတယ် ကလေး တွေပါတဲ့ ခရီးသွား မိသားစုဆိုရင် တော်တော့ကို ခက်ခဲကြပါတယ် ” လို့ ပြောပါတယ်။

ချင်းတွင်းမြစ်ရေရဲ့ မုံရွာမြို့ စိုးရိမ်ရေမှတ် ၁၀၀၀ စင်တီမီတာ အထက်ကျော်လွန် ရောက်လာတာနဲ့ ရေယာဉ်ပြေးဆွဲသွားလာမှုကို ကန့်သတ်ပိတ်ထားမှာ ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ် ၁၈ရက် မနက်ပိုင်း မြစ်ရေတိုင်းထွာချက်အရ မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်ရေအမှတ်ဟာ ၉၁၈ စင်တီမီတာ ဖြစ်ပြီး နောက်နှစ်ရက်အတွင်းမှာ အဲ့ဒီရေအမှတ်ထက် မြှင့်တက်လာဖို့ အခြေအနေမှာရှိတယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Zawgyi

ခရီးသည္တင္ ေရယာဥ္လိုိင္းေတြ ေျပးဆြဲသြားလာမႈကို ျမစ္ေရအေျခအေနၾကည္႔ျပီး ကန္႔သတ္ပိတ္ထားဖို႔ တိုင္းအစိုးရအဖြဲ႔က စီစဥ္

မံုရြာ ၊ ၾသဂုတ္ ၁၈ – ၂၀၂၀
ကိုတိုးၾကီး (VOM)

ခ်င္းတြင္းျမစ္ျဖားက ေဒသေတြမွာ ဒီရက္ပိုင္း မိုးရြာသြန္းမႈေတြ ေန႔ညမျပတ္ ျဖစ္ေပၚ ေနျပီး ျမစ္ေရ ျမင္႔တက္ေနတာေၾကာင္႔ ခရီးသည္တင္ ေရယာဥ္လိုင္းေတြ ေျပးဆြဲသြားလာမႈကို ျမစ္ေရအေျခအေနၾကည္႔ျပီး ကန္႔သတ္ပိတ္ထားမယ္လို႔ သိရပါတယ္။

“ အခုလို ျမစ္ေရၾကီးတဲ႔ကာလမွာ ေရလမ္းသြားခရီးသည္ေတြရဲ႕ အသက္အႏၱရာယ္က စိုးရိမ္ရတယ္၊ ေရယာဥ္ေတြေပၚမွာ ခရီးသည္အေရအတြက္နဲ႔ အညီအမွ် အသက္ကယ္ အက်ႌေတြ ပလပ္စတစ္ပံုးအ၀ါေတြ အသင္႔ေစာင္ထားတာကို မေတြ႔ရဘူး ၊ တိုင္းေဒသၾကီး အစိုးရအဖြဲ႔ ပို႔ေဆာင္ေရးနဲ႔ လမ္းပန္း၀န္ၾကီးဌာနနဲ႔ ေရယာဥ္မ်ား စနစ္တက်ေျပးဆြဲေရး ေကာ္မတီတို႔ ပူးေပါင္းျပီး ျမစ္ေရအေျခအေနကို ၾကည္႔ျပီး ခရီးသည္တင္ေရယာဥ္လိုင္း ေတြ ေျပးဆြဲသြားလာမႈကို ကန္႔သတ္ပိတ္ထားဖို႔ စီစဥ္ေဆာင္ရြက္ထားျပီးျဖစ္ပါတယ္။ ေရလမ္းေၾကာင္း ကုန္စည္စီးဆင္းမႈေတြ အဟန္႔အတား မျဖစ္ဖို႔ကိုလဲ ကုန္တင္ေရယာဥ္ေတြကို သတ္မွတ္ကုန္အေလးခ်ိန္နဲ႔ စီစစ္ျပီးမွ ခြင္႔ျပဳေပးသြားမွာပါ ” လို႔ စစ္ကိုင္းတိုင္း မီးသတ္ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးမင္းစမ္းေအးက ေျပာပါတယ္။

မံုရြာဆိပ္ကမ္းကေန ခ်င္းတြင္းျမစ္ေၾကာင္းမွာရွိတဲ႔ ကနီ ၊ မင္းကင္း ၊ ကေလး၀ ၊ ေမာ္လိုက္ ၊ ေဖာင္ျပင္း ၊ ဟုမၼလင္း ၊ ခႏၱီး စတဲ႔ျမိဳ႕နယ္ေတြက ေရလမ္းသြား ခရီးသည္ေတြဟာ ေန႔စဥ္ တစ္ေထာင္နီးပါးရွိပါတယ္ ။

အဲ႔ဒီေဒသေတြဟာ ေတာင္ေပၚေျမသားလမ္း ေနရာအမ်ားစုရွိတာေၾကာင္႔ အခုလို မိုးရာသီမွာ လမ္းေရေက်ာ္တာ ၊ ဗြက္ထပ်က္စီးတာ နဲ႔ လမ္းေခ်ာ္တာေတြရွိလို႔ ကုန္းလမ္းနဲ႔ မသြားလာပဲ ေရလမ္းေၾကာင္းကို အဓိကအားထားျပီး သြားလာေနရတာျဖစ္ပါတယ္။

မႏွစ္က ျမစ္ေရအေျခအေနေၾကာင္႔ ခရီးသည္တင္ ေရယာဥ္လိုင္းေတြ ပိတ္ထားတာကို ေတြ႔ၾကံဳခဲ႔ရသူ ခရီးသည္တစ္ဦးေျပာျပတာက “ ခရီးသြား ခရီးလာဆိုတာ စရိတ္စကကို ခ်င္႔ခ်ိန္တိုင္းထြားျပီးး ယူခဲ႔ၾကတာေလ ၊ ေရယာဥ္လိုင္းေတြပိတ္ေတာ႔ မံုရြာျမိဳ႕ေပၚမွာ တည္းခိုေနထိုင္ စားေသာက္ေရး ကိစၥေတြအားလံုး အခက္အခဲၾကံဳရတယ္ ၊ ေနာက္ေတာ႔ ပါလာတဲ႔ပစၥည္းေတြကို ရရာေစ်းနဲ႔ေရာင္းခ်ျပီး အဲ႔ဒီဒုကၡကို ေျဖရွင္းခဲ႔ရတယ္ ကေလး ေတြပါတဲ႔ ခရီးသြား မိသားစုဆိုရင္ ေတာ္ေတာ႔ကို ခက္ခဲၾကပါတယ္ ” လို႔ ေျပာပါတယ္။

ခ်င္းတြင္းျမစ္ေရရဲ႕ မံုရြာျမိဳ႕ စိုးရိမ္ေရမွတ္ ၁၀၀၀ စင္တီမီတာ အထက္ေက်ာ္လြန္ ေရာက္လာတာနဲ႔ ေရယာဥ္ေျပးဆြဲသြားလာမႈကို ကန္႔သတ္ပိတ္ထားမွာ ျဖစ္ပါတယ္။

ဒီကေန႔ ၾသဂုတ္ ၁၈ရက္ မနက္ပိုင္း ျမစ္ေရတိုင္းထြာခ်က္အရ မံုရြာျမိဳ႕ရဲ႕ ခ်င္းတြင္းျမစ္ေရအမွတ္ဟာ ၉၁၈ စင္တီမီတာ ျဖစ္ျပီး ေနာက္ႏွစ္ရက္အတြင္းမွာ အဲ႔ဒီေရအမွတ္ထက္ ျမွင့္တက္လာဖို႔ အေျခအေနမွာရွိတယ္လို႔ ခန္႔မွန္းထားတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #မံုရြာ

Related posts

Leave a Comment

VOM News

FREE
VIEW