ရွှေလီမြစ်ထဲကျတဲ့ SNLD ပါတီအောင်နိုင်ရေးကားက အမျိုးသမီး ၃ ယောက်အလောင်းတွေ့ပေမယ့် ကလေးရှာမတွေ့သေး

ရွှေလီမြစ်ထဲကျတဲ့ SNLD ပါတီအောင်နိုင်ရေးကားက အမျိုးသမီး ၃ ယောက်အလောင်းတွေ့ပေမယ့် ကလေးရှာမတွေ့သေး

အောက်တိုဘာ ၁၉-၂၀၂၀
နေနန်းနွယ်(VOM)

မူဆယ်မြို့နယ် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝန်းရံသူတွေပါဝင်တဲ့ ယာဉ်ငယ်တစ်စီးဟာ ကမ်းစပ်ကနေ အရှိန်လွန်ပြီး မြစ်အတွင်း ပြုတ်ကျသွားတာမို့ ကားအတွင်း စီးနှင်းလိုက်လာတဲ့ အမျိုးသမီး (၃) ယောက် သေဆုံးသွားကာ ကလေးကို ယခုထိ ရှာမတွေ့သေးဘူးလို့ ကယ်ဆယ်ရေးအဖွဲ့တွေဆီကသိရပါတယ်။

“ရေထဲကျသွားတဲ့ ၇ ယောက်ထဲမှာ (၅)နှစ်အရွယ် ယောက်ကျားလေးကတော့ အခုချိန်ထိရှာမတွေ့သေးပါဘူး၊ ညနေ ၃ နာရီခွဲလောက်မှာ အမျိုးသမီး ၃ ယောက်နဲ့ ကားကို ရှာတွေ့နိုင်ခဲ့ပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးတွေကို ဆေးရုံမှာ ရင်ခွဲစစ်ဆေးပြီး အခု သူတို့ အိမ်မှာ ထားလိုက်ပါပြီ။ ကလေးရဲ့ အမေကိုတော ယ့ အသက်ရှင်ရက် ကယ်နိုင်ခဲ့ပါတယ်” ဟု SNLD ပါတီရဲ့ မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းကျော်သိန်းက ပြောပါတယ်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေဟာ မန့်ဟီးရိုးမြို့ ဒေသခံပြည်သူတွေဆီကို ပါတီအောင်နိုင်ရေးသွားရောက်စဉ် အဆိုပါယာဉ်ငယ်သည် (ဇက်)မော်တော်မရောက်ခင် ကမ်းစပ်မှ အရှိန်လွန်ပြီး ရွှေလီမြစ်အတွင်းထိုးကျသွားခဲ့တာမှာ ယာဉ်ပေါ်ပါသူတွေထဲက ယာဉ်မောင်း ကျား(၁)ဦးနှင့် မ(၂)ဦး လွတ်မြောက်လာခဲ့ပြီး ကားထဲ ကျန်ခဲ့တဲ့ အမျိုးသမီး(၃)ဦး ပါသွားခဲ့ပါတယ်။ ကလေးငယ်(၁)ဦးတို့ကမူဆယ်မြို့မှ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဂရုဏာနာရေး

ဒေသခံလူမှုကူညီရေးအသင်းတွေက ရွှေလီမြစ်အတွင်း လှည့်လည်ရှာဖွေတာမှာ ညနေ ၃ နာရီခွဲ၀န်းကျင်က ကားတွင်း ကျန်ခဲ့တဲ့ အမျိုးသမီး ၃ ဦးနဲ့ ကားကို ဆယ်ယူနိုင်ခဲ့ပြီး ကျန်တဲ့ ကလေးကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရပါတယ်။

#SNLD #VOM #VOICEOFMYANMAR #ရွှေလီမြစ်

ဓါတ်ပုံ သံလွင်သွေးချင်း

Zawgy

ေ႐ႊလီျမစ္ထဲက်တဲ့ SNLD ပါတီေအာင္ႏိုင္ေရးကားက အမ်ိဳးသမီး ၃ ေယာက္အေလာင္းေတြ႕ေပမယ့္ ကေလးရွာမေတြ႕ေသး

ေအာက္တိုဘာ ၁၉-၂၀၂၀
ေနနန္းႏြယ္(VOM)

မူဆယ္ၿမိဳ႕နယ္ ရွမ္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီဝန္းရံသူေတြပါဝင္တဲ့ ယာဥ္ငယ္တစ္စီးဟာ ကမ္းစပ္ကေန အရွိန္လြန္ၿပီး ျမစ္အတြင္း ျပဳတ္က်သြားတာမို႔ ကားအတြင္း စီးႏွင္းလိုက္လာတဲ့ အမ်ိဳးသမီး (၃) ေယာက္ ေသဆုံးသြားကာ ကေလးကို ယခုထိ ရွာမေတြ႕ေသးဘူးလို႔ ကယ္ဆယ္ေရးအဖြဲ႕ေတြဆီကသိရပါတယ္။

“ေရထဲက်သြားတဲ့ ၇ ေယာက္ထဲမွာ (၅)ႏွစ္အ႐ြယ္ ေယာက္က်ားေလးကေတာ့ အခုခ်ိန္ထိရွာမေတြ႕ေသးပါဘူး၊ ညေန ၃ နာရီခြဲေလာက္မွာ အမ်ိဳးသမီး ၃ ေယာက္နဲ႔ ကားကို ရွာေတြ႕ႏိုင္ခဲ့ပါတယ္။ ေသဆုံးသြားတဲ့ အမ်ိဳးသမီးေတြကို ေဆး႐ုံမွာ ရင္ခြဲစစ္ေဆးၿပီး အခု သူတို႔ အိမ္မွာ ထားလိုက္ပါၿပီ။ ကေလးရဲ႕ အေမကိုေတာ ယ့ အသက္ရွင္ရက္ ကယ္ႏိုင္ခဲ့ပါတယ္” ဟု SNLD ပါတီရဲ႕ မူဆယ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးစိုင္းေက်ာ္သိန္းက ေျပာပါတယ္။

ရွမ္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဝင္ေတြဟာ မန႔္ဟီး႐ိုးၿမိဳ႕ ေဒသခံျပည္သူေတြဆီကို ပါတီေအာင္ႏိုင္ေရးသြားေရာက္စဥ္ အဆိုပါယာဥ္ငယ္သည္ (ဇက္)ေမာ္ေတာ္မေရာက္ခင္ ကမ္းစပ္မွ အရွိန္လြန္ၿပီး ေ႐ႊလီျမစ္အတြင္းထိုးက်သြားခဲ့တာမွာ ယာဥ္ေပၚပါသူေတြထဲက ယာဥ္ေမာင္း က်ား(၁)ဦးႏွင့္ မ(၂)ဦး လြတ္ေျမာက္လာခဲ့ၿပီး ကားထဲ က်န္ခဲ့တဲ့ အမ်ိဳးသမီး(၃)ဦး ပါသြားခဲ့ပါတယ္။ ကေလးငယ္(၁)ဦးတို႔ကမူဆယ္ၿမိဳ႕မွ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ ဂ႐ုဏာနာေရး

ေဒသခံလူမႈကူညီေရးအသင္းေတြက ေ႐ႊလီျမစ္အတြင္း လွည့္လည္ရွာေဖြတာမွာ ညေန ၃ နာရီခြဲ၀န္းက်င္က ကားတြင္း က်န္ခဲ့တဲ့ အမ်ိဳးသမီး ၃ ဦးနဲ႔ ကားကို ဆယ္ယူႏိုင္ခဲ့ၿပီး က်န္တဲ့ ကေလးကို ဆက္လက္ရွာေဖြေနဆဲျဖစ္ေၾကာင္း သိရပါတယ္။

#SNLD #VOM #VOICEOFMYANMAR #ေ႐ႊလီျမစ္ဓါတ္ပုံ သံလြင္ေသြးခ်င္း

 

Related posts

Leave a Comment

VOM News

FREE
VIEW