Q ဝင်နေရတဲ့သူတွေ ဆန္ဒမဲလက်မှတ်ကို ကိုယ်တိုင်ကိုင်ပြီး ပေးပိုင်ခွင့်ရမှာမဟုတ်

နိုဝင်ဘာ ၂- ၂၀၂၀
ရှိုင်းအောင် (VOM)

၂၀၂၀ ရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိတဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကနေ စက်တင်ဘာ ၅ ရက်အတွင်း သက်ဆိုင်ရာမြို့နယ်တွေမှာ Quarantine ဝင်နေရတဲ့သူတွေ ဆေးရုံတက်နေရသူတွေဟာ ကျန်းမာရေးအရ ဆန္ဒမဲလက်မှတ်တွေကို ကိုယ်တိုင်ကိုင်ပြီး ပေးပိုင်ခွင့်ရမှာ မဟုတ်ပါဘူး။

စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသော်တာထက် က ပြောပြတာကတော့ “ သတ်မှတ်ထားတာတော့ သက်ဆိုင်ရာ ဝန်ထမ်းကလည်း သက်ဆိုင်ရာ အကာအကွယ်ဝတ်စုံနဲ့သွားရမှာပေါ့၊ မဲပေးမယ့်သူတွေကတော့ မဲပြားကို ကိုင်ပြီးပေးခွင့်တော့ မရှိဘူး၊ ဥပမာ မောင်ဖြူပေးမယ်ဆိုရင် မဲလက်မှတ်ကိုပြမယ် သူ့ရှေ့မှာပဲ ခပ်ဝေးဝေးပေါ့ ဘယ်ဟာကိုထည့်မယ်ဆိုရင် တံဆိပ်တုံးထုပေးရမှာပေါ့ ပြီးရင်စာအိပ်ထဲထည့်ပြီး ကြိုတင်မဲသိမ်းပေါ့၊ ဒီလူကတော့ မဲကြီးကိုကိုင်ပြီးပေးလို့မရဘူး၊ ဆေးရုံမှာလည်းအဲ့လိုဘဲ ဆေးရုံတက်နေတဲ့ Positiveတွေကလည်း သက်ဆိုင်ရာဝန်ထမ်းကနေမှ ဘယ်ဟာကိုပေးမလဲ မဲကောက်တဲ့သူက ဒီလူဆန္ဒပြုတာကိုမှ ပြီးရင်သူ့ကို ဒါဆိုတာကို ပြမှာပေါ့ ဒီအတိုင်းမှန်ပါလားဆိုပြီးတော့ အဲ့လို Process နဲ့သွားမယ်လို့သိရတယ် ကော်မရှင်က လူနှစ်ယောက်ပါမယ် ကျန်းမာရေးဝန်ထမ်းပါမယ်” လို့ ပြောပါတယ်။

Q ဝင်နေရတဲ့သူတွေ အကုန်လုံးကတော့ ကြိုတင်မဲပေးရမှာ အဓိကကတော့ ထွေအုပ်နဲ့ UEC က ပေါင်းလုပ်တာဖြစ်ပြီး Q center မှာက ဆေးရုံနဲ့စင်တင်အပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုပဲပေးတာဖြစ်ပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သက်ဆိုင်ရာ နယ်မြေအလိုက် Q ဝင်နေတဲ့သူ စာရင်းအရ ကြိုတင်မဲလိုက်လံကောက်ခံမှာဖြစ်ပါတယ်။

မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးရှိန်ဝင်းကို ဆက်သွယ်မေးမြန်းရာမှာတော့ “အစိုးရအဖွဲ့က Q center မှာရှိတဲ့ အကြီးကဲတွေဆီက စားရင်းတွေရပြီးတော့ ကြိုတင်မဲပေးနိုင်အောင် လုပ်နေပါတယ် Q center မှာရှိတဲ့ ဘယ်လောက်တက်နေပါတယ် ကြိုတင်မဲပေးခွင့်ပြုပါဆိုရင် သူ Q center စိုက်တဲ့ မြို့နယ်ကော်မရှင်ခွဲကို ပို့ရတယ် အဲ့မြို့နယ်ကော်မရှင်ခွဲက မဲဆန္ဒနယ်ပြင်ပနဲ့ မဲဆန္ဒနယ်အတွင်း ဆိုပြီးစားရင်းပြုစုပြီးတော့ ကြိုတင်မဲပေးနိုင်အောင် ဆောင်ရွက်နေတာပါ”လို့ ပြောပါတယ်။

မန္တလေးမြို့ ကုတင် ၃၀၀ ဆန့် လေ့ကျင့်ရေးဆေးရုံက လူနာတွေကို ဆက်သွယ်မေးမြန်းကြည့်ရမှာတော့ “ရယက တွေက တော့ စာရင်းလာကောက်သွားတယ်၊မှတ်ပုံတင်နဲ့ နေရပ်တွေပြောရတယ်၊ ခုထိမဲတော့မပေးရသေးဘူး ၊ ဘယ်လို မဲပေးရမယ် မပေးရဘူးဆိုတာ သေချာမသိသေးဘူး”လို့ ပြောပါတယ်။

ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ “Q center မှာရှိတဲ့သူတွေ မဲပေးခွင့်မဆုံးရှုံးအောင် ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ၂ ရက်လောက်က လာပြီးတော့ ဆန္ဒမဲပေးတဲ့ဟာလုပ်ပြီးထုတ်ထားပါတယ်၊ နောက်ထပ် ထပ်လာတဲ့ဟာကိုလည်း ထပ်လုပ်ဖို့ စီစဉ်ထားပါတယ်၊ ကျန်းမာရေးအရ ညွှန်ကြားချက်အတိုင်း အပြည့်အစုံဝတ်ပြီး မဲစားရင်းယူထားပါတယ်” လို့ ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ Covid-19 Positive case ၅၃၄၀၅ ဦးရှိပြီး၊ သေဆုံးသူ ၁၂၅၈ ဦး၊ ရောဂါပျောက်ဆုံးလို့ ဆေးရုံဆင်းခွင့်ရသူ ၃၄၁၈၉ ဦး၊ Covid-19 Positive အတည်ပြုလူနာ ၁၉၂၁၆ ဦးသာကျန်ရှိတော့တယ်လို့ ကျမ္မာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့စာရင်းအရသိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို (VOM) က Email ကနေတဆင့် Q ဝင်နေရတဲ့သူတွေနဲ့ Covid-19 Positive case တွေ မဲပေးခွင့်မဆုံးရှုံးအောင် ဘယ်လိုတွေစီစဉ်ထားတယ်ဆိုတာကို ဆက်သွယ်မေးမြန်းထားပေမယ့် တုံ့ပြန်မှု မရသေးပါဘူး။

#VOM #VoiceofMyanmar #Election #ရွေးကောက်ပွဲ #UEC #Qဝင်နေသူမဲပေးရေး

Related posts

Leave a Comment

VOM News

FREE
VIEW