စတစ်ကာကန်ပိန်းပြုလုပ်လို့ ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားတဲ့ အမျိုးသားရေးသမား ၂ ဦး ပြန်လည်လွတ်မြောက်

 နိုဝင်ဘာ  ၃-၂၀၂၀
ရှိုင်းအောင်- ညီသစ် (VOM)
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၃လမ်း နဲ့ ၂၆လမ်းထောင့်မီးပွိုင့်မှာ မန္တလေးမြို့ရှိ အမျိုးသားရေးသမားများစုပေါင်းပြီး ဒီကနေ့မနက်ပိုင်းက ‘အမျိုးဘာသာ သာသနာ စောင့်ရှောက်သူကို မဲပေးကြမည်’စာတန်းပါတဲ့ စတစ်ကာတွေကို လမ်းသွားလမ်းလာတွေဝေတဲ့ စတစ်ကာကမ်ပိန်းပြုလုပ်ခဲ့တဲ့အတွက် ခေါင်းဆောင် ၂ ဦးကို အမှတ် ၅ စခန်းက ခေါ်ဆောင်သွားပြီး မနက် ၁၁ နာရီခွဲမှာ ပြန်လည်လွှတ်ပေးလိုက်ပါတယ်။
“လောလောဆယ်တော့ ကိုယ်ရေး အချက် အလက်စစ်ဆေးပြီး ပြန်လွှတ်လိုက်တာ နောက်မှ ဖမ်းမယ်၊ မဖမ်းကတော့ မသေချာသေးဘူး” လို့ စတစ်ကာကမ်ပိန်းပြုလုပ်လို့ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဦးနိုင်က ပြောပါတယ်။
အဲ့ဒီနေရာတွေမှာ ပြုလုပ်နေတဲ့ အမျိုးသားရေးသမားတွေကို သက်ဆိုင်ရာနယ်မြေရဲစခန်းက ခေါ်ဆောင်ထိန်းသိမ်းမှုပြုလုပ်ခဲ့ပြီး လက်ရှိအချိန် မည်သည့်ရဲစခန်းကို ခေါ်ဆောင်သွားတယ်ဆိုတာကို အတိအကျမသိရသေးပါဘူး။
အဲ့ဒီကမ်ပိန်းကို အမျိုးသားရေးသမားများက မန္တလေးမြို့ရှိ လူစည်ကားရာနေရာတွေဖြစ်တဲ့ ၇၃လမ်းနဲ့ ၂၆လမ်းထောင့်၊ ၆၆လမ်းနဲ့ ၂၆လမ်းထောင့်၊ ၁၉လမ်းနဲ့ ၆၂လမ်းထောင့် မီးပွိုင့်တွေမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Related posts

✕
VOM News

FREE
VIEW