ကမ္ဘာပေါ်မှာ ပထမဆုံးစူဠာမဏိပတ္တမြားစေတီ ကရင်ပြည်နယ်မှာ တည်ထားကိုးကွယ်မယ်

နိုဝင်ဘာ ၂၈-၂၀၂၀
သူရိန်(VOM)

ကမ္ဘာပေါ်မှာ ပထမဆုံးစူဠာမဏိပတ္တမြားစေတီကို ကရင်ပြည်နယ်မှာ တည်ထားကိုးကွယ်မယ်လို့ ကမ္ဘာလုံးကျောင်းတိုက် အနန္တမေတ္တာအခမဲ့ဆေးခန်း ဦးဆောင်ဆရာတော် ဥုးဝါသေဌက မိန့်ကြားပါတယ်။

” ဦးဇင်း ကရင်ပြည်နယ်မှာ ပတ္တမြားစေတီတည်မှာပါ၊ အကောင်အထည်စဖော်တာကတော့၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၀ ရက်ကတည်းကပါ။ အခုဆိုရင်တစ်ဆယ်မှာဆိုရင် နှစ်ရာခိုင်နှုန်းလောက်တော့ပြီးနေပြီ၊ သူက အသေးစိတ်လက်ဝင်တာကိုး၊ အခုတော့ တော်တော်များများ မတည်ထားတယ်။ ကျောက်တွေကတော့ စေတီတစ်ဆူစာ ပြည့်စုံသလောက်ဖြစ်နေပြီ။ ပတ္တမြားစေတီကတော့ ကမ္ဘာမှာ ဒီတစ်ဆူပဲရှိမယ်၊ မန္တလေးမှာတော့ကျောက်စိမ်းစေတီရှိတယ်။ ကျောက်တွေကို နားကပ်ပုံစံမျိူးလုပ်ပြီးတော့ စေတီမှာစွန့်မယ်၊ ဦးဇင်းတို့ရွှေတိဂုံဘုရားမှာရွှေဆိုင်းကပ်သလို အဲ့ဒီလိုမျိူး နားကပ်တို့ လက်ကောက်တို့ လက်စွပ်တို့လုပ်ပြီးတော့မှ စေတီမှာကပ်မှာလေ”လို့ ကမ္ဘာလုံးကျာင်းတိုက်အနန္တမေတ္တာအခမဲ့ဆေးခန်းဦးဆောင်ဆရာတော် ဥုးဝါသေဌက ကမိန့်ကြားပါတယ်။

စူဠာမဏိပတ္တမြားစေတီကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရတနာဒီပ အမှတ်-၉ ရပ်ကွက်၊ ရှင်ဖြူရှင်လမ်းရှိ ကမ္ဘာလုံးကျာင်းတိုက်အတွင်းမှာ အနန္တမေတ္တာအခမဲ့ဆေးခန်းဦးဆောင်ဆရာတော် ဥုးဝါသေဌက တည်ထားကိုးကွယ်မှာဖြစ်ပါတယ်။

စေတီရဲ့ ဉာဏ်တော်ဟာ ၁၈ ပေခွဲရှိပြီး စေတီတစ်ဆူလုံးကို မိုးကုတ်ကကျောက်တွေနဲ့တည်ထားမှာဖြစ်ပြီး ကုန်ကျစရိတ်မှာ အနည်းဆုံး သိန်းသုံးသောင်းကျော်ခန့်မှန်းထားကာ အားလုံးပါဝင်လှူဒါန်းနိုင်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ကရင် #စူဠာမဏိပတ္တမြားစေတီ

Related posts

Leave a Comment

VOM News

FREE
VIEW