ကမ္ဘောဇတိုင်းသတင်းဌာနက တာဝန်ခံအယ်ဒီတာအပါအဝင် ၄ ဦး ဖမ်းဆီးခံရ

မတ် ၂၅-၂၀၂၁
နေနန်းနွယ် (VOM)

တောင်ကြီးမြို့အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ ကမ္ဘောဇတိုင်းသတင်းဌာနရဲ့ တာဝန်ခံ အယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဥဦးတင်အောင်ကျော်နဲ့ စိုင်းစည်သူ (နေအိမ်အစောင့်) တို့ မနေ့ မတ်လ ၂၄ ရက် ညပိုင်းက ဟိုပုံးမြို့မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အယ်ဒီတာချုပ်ရဲ့ နေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအတွင်း ဖမ်းဆီးခံရသည့် သတင်းသမားစုစုပေါင်း (၄၈)ဦးနဲ့ သတင်းဌာနဆက်စပ်သူ (၂) ဦးရှိပြီဖြစ်ပြီး သတင်းဌာန (၅) ခုထုတ်ဝေခွင့် ပိတ်သိမ်းခံထားရကာ သတင်းဌာန(၁)ခုလည်း တရားစွဲဆိုခံထားရပါတယ်။

#VoiceOfMyanmar #VOM #ကမ္ဘောဇတိုင်းမ် #သတင်းထောက် #ဖမ်းခံရ

Related posts

VOM News

FREE
VIEW