အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်း

ဖနွမ်းပင်၊ မတ်-၁၀-၂၀၂၂
မျိုးဆက်(VOM)
 
ယခုလနှောင်းပိုင်းမှာ ကျင်းပဖို့စီစဥ်ထားတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေနဲ့ အမေရိကန်သမတ ဂျိုးဘိုင်ဒင်တို့အကြား ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ပြီး ကျင်းပမယ့်အချိန်ကို ပြန်လည်သတ်မှတ်သွားမယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ ရိုက်တာသတင်းဌာနသို့ ပြောပါတယ်။
 
“အဆိုပြုထားတဲ့ နေ့ရက်တွေမှာ အာဆီယံခေါင်းဆောင်တချို့ အစည်းအဝေး မတက်နိုင်လို့ နောက်ရက်ကို ရွှေ့ဆိုင်းလိုက်တာပါ” ဟု ဝန်ကြီး Prak Sokhonn က ပြောပါတယိ။ကမ္ဘောဒီးယားဟာ လက်ရှိအာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပါတယ်။
 
အစည်းအဝေးကို မတ်လ ၂၈ရက်နဲ့ ၂၉ ရက်တို့မှာ ကျင်းပသွားမယ်လို့ အမေရိကန်ဘက်က ကနဦးမှာ ကြေညာထားပါတယ်။
 
အစည်အဝေးမှာ ကပ်ရောဂါ ပြန်လည်ထူထောင်ရေး၊ ရာသီဥတုပြောင်းလဲမှု၊ ရင်းနှီးမြှုပ်နှံမှုနှဲ့ အခြေခံအဆောက်အအုံစတဲ့ ကိစ္စရပ် တွေအပြင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုလည်းဆွေးနွေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ဒီဇင်ဘာလမှာ ပြောဆိုခဲ့ပါတယ်။
 
အဲဒီအစည်းအဝေးမှာတော့ အာဆီယံမူအတိုင်း မြန်မာဘက်က နိုင်ငံရေးသမားမဟုတ်သူကိုသာ ဖိတ်ကြားသွားမှာဖြစ်တယ်လို့အမေရိကန်ကပြောပါတယ်။
 
Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

✕
VOM News

FREE
VIEW