မြောက်ဥက္ကလာပမှာ မီးလောင်မှုဖြစ်ပြီး နေအိမ် ၆ လုံးမီးထဲပါသွား

ဧပြီ ၅-၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ၂ရပ်ကွက်၊ သုမာလာ ၁၄လမ်းမှာ ဒီကနေ့ မနက် ၉ နာရီကျော်က မီး
လောင်ကျွမ်းမှုဖြစ်ခဲ့ပြီး နေအိမ်ခြောက်လုံး မီးလောင်တဲ့အထဲပါသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

မီးလောင်မှုဖြစ်စဥ်မှာ ကူညီငြိမ်းသတ်ခဲ့သူတစ်ဦးက “အိမ်တွေက ကပ်နေတာ လူနိူင်လို့ လူသာမနိူင်ရင် အကုန်လောင်မှာ၊ မီးသတ်ရော လူရောနိူင်လို့ ကံကောင်းတာ”လို့ ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ်၊ ၂ရပ်ကွက်၊ သုမာလာ ၁၄လမ်း မီးလောင်မှုဖြစ်ပွားရာကို မီးသတ်ဦးစီးဌာနက Level-2 အဆင့်နဲ့ မီးငြိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနက ညွန်ကြားရေးမှူးတဦးက ပြောပါတယ်။

“နေအိမ်ခြောက်လုံး မီးထဲပါသွားတယ် ခန့်မှန်းတန်ဖိုးက သိန်းသုံးဆယ်ဝန်းကျင်လောက်ပဲရှိမယ် “လို့ သူကပြောပါတယ်။

လက်တလောမှာ မီးလောင်ရတဲ့အကြောင်းအရင်းကို မီးသတ်ဦးစီးဌာနက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ၅ ရပ်ကွက်မှာလည်း ဒီကနေ့ မနက် ၁၂နာရီဝန်းကျင်က ကိုင်းတောမီးလောင်မှုဖြစ်ပွားခဲ့ပြီး မှော်ဘီမြို့နယ်၊ မြို့ချောင်းကျေးရွာအနီးမှာလည်း နေ့လယ် ၂ နာရီဝန်းကျင်က ကိုင်းတောမီးလောင်မှုဖြစ်ပွားခဲ့တာလည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #မြောက်ဥက္ကလာမီးလောင်မှု #နေအိမ်ခြောက်လုံးမီးထဲပါ

Related posts

Leave a Comment

VOM News

FREE
VIEW