အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဝါရှင်တန်မှာ မေလအတွင်း ကျင်းပမယ်

ဝါရှင်တန်၊ ဧပြီ-၁၇-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို လာမယ့်လအတွင်း ဝါရှင်တန်မှာ ပြုလုပ်မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

သမ္မတဂျိုးဘိုင်ဒင်ဟာ မေ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ အထူးထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်းပမယ်လို့ ဧပြီ ၁၆ ရက်မှာ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရဲ့ ထိပ်တန်းဦးစားပေးကတော့ အရှေ့တောင်အာရှဒေသမှာ ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖြစ် ရပ်တည်ရေးဖြစ်တယ်လို့ အိမ်ဖြူတော်ကဆိုပါတယ်။

အဲဒီထိပ်သီးဆွေးနွေးပွဲဟာ အင်ဒို-ပစိဖိတ်ဒေသအတွက် အမေရိကန်ရဲ့ ကတိက၀တ်ကို ထပ်လောင်းအတည်ပြုဖို့အတွက် အမေရိကန်ရဲ့ အားထုတ်မှုအဖြစ် တရုတ်နိုင်ငံက ရှုမြင်ထားပါတယ်။

မြန်မာ့အရေးအပါအ၀င် တောင်တရုတ်ပင်လယ်မှာဖြစ်ပွားနေတဲ့ တင်းမာမှုတွေနဲ့ပတ်သက်ပြီး တရုတ်နို်င်ငံဟာ အာဆီယံနိုင်ငံတွေနဲ့ သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ကြား တင်းမာမှုတွေနက်ရှိုင်းလာတာဟာ အာဆီယံအဖွဲ့အကြားကွဲလွဲမှုတွေရှိလာမှာကို အဖွဲ့၀င်နိုင်ငံတွေက စိုးရိမ်နေကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသတွင်းတည်ငြိမ်မှုကို မထိခိုက်စေတဲ့နည်းလမ်းနဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံအဖွဲ့ခေါင်းဆောင်တွေက အမေရိကန်ကို တိုက်တွန်းသွားဖွယ်ရှိနေပါတယ်။

Ref: NHK
Photo:AFP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW