မြန်မာ့ပြောင်းဆန်တွေကို တရုတ်နိုင်ငံရဲ့၀ယ်ယူမှု မြင့်တက်နေ

ပေကျင်း၊ ဧပြီ-၂၃-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံက ပြောင်းဆန်တွေကို တရုတ်နိုင်ငံရဲ့၀ယ်ယူမှုဟာ မတ်လအတွင်းက မြင့်တက်ခဲ့ကြောင်း ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်တဲ့ တရုတ်အကောက်ခွန်အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ ပြောင်းတင်သွင်းမှုအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ မတ်လအတွင်း မြန်မာနိုင်ငံက ပြောင်းဆန် ၁၆၄၀၈ တန်တင်သွင်းခဲ့ပြီး ယခင်နှစ်က၀ယ်ယူခဲ့တဲ့ တန်ချိန် ၂၅၃၀ ထက် ၆၄၀ ရာခိုင်နှုန်း တိုးလာကြောင်း အကောက်ခွန်အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက ပြောင်းတင်သွင်းမှုကို ဖေဖော်ဝါရီလအတွင်းက ပြန်လည် ခွင့်ပြုခဲ့ တာဖြစ်ပါတယ်။

၂၀၂၀-၂၀၂၁ ခုနှစ်အတွင်းမှာ အဝါရောင်ပြောင်းဆန် ၂ ဒသမ ၄၅ သန်း ထုတ်လုပ်ခဲ့တဲ့ မြန်မာနိုင်ငံကနေ ပြောင်းဆန် ၇၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ၀ယ်ယူခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ ယူကရိန်းဆီကနေလည်း ပြောင်းဆန်း၀ယ်ယူမှုဟာ မတ်လအတွင်း ၆၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ချိန် ၁ ဒသမ ၃၆ သန်းထိ တင်သွင်းခဲ့တယ်လို့ အကောက်ခွန်အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

Ref: Business Recorder
#voiceofmyanmar #vom #ပေကျင်း

Related posts

✕
VOM News

FREE
VIEW