မြန်မာ့အရေး ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့ အာဆီယံအဖွဲ့ အလွတ်သဘော ဆွေးနွေးမယ်

ကွာလာလမ်ပူ၊ မေ ၈-၂၀၂၂
မျိုးဆက်(VOM)

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုဖြေရှင်းဖို့ ရည်ရွယ်ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အပြည့်အဝအကောင်အထည်ဖော်ရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေဟာ မေ ၁၁ ရက်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားမယ်လို့ မလေးရှာနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အဲဒီဘုံသဘောတူညီချက်တွေကို မြန်မာအာဏာပိုင်တွေက အကောင်အထည်ဖော်မှုအားနည်းတာကြောင့် အခုလို အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ စီစဥ်ရတာဖြစ်ကြောင်း Datuk Seri Saifuddin က ပြောပါတယ်။

ဥပမာအားဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒေါက်တာ Noeleen Heyzer ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ခန့်အပ်ခဲ့ပေမယ့် မြန်မာအာဏာပိုင်တွေက အသိအမှတ်မပြုရသေးကြောင်း သူက ထောက်ပြပြောဆိုပါတယ်။

ဒီလိုအခြေအနေမှာ ဘုံသဘောတူညီချက်တွေကိုအကောင်အထည်ဖော်ဖို့ အဟန့်အတားဖြစ်လာမှာကို မိမိတို့စိုးရိမ်မိကြောင်း မေ၇ ရက်မှာပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်း တခုမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ တည်ငြိမ်မှုပြန်လည်ရရှိရေး ရည်ရွယ်တဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ အာဆီယံခေါင်ဆောင်တွေနဲ့ နစက ဥက္ကဌတို့အကြား သဘောတူခဲ့ကြပါတယ်။

Ref: Straits Times
#voiceofmyanmar #VOM #ကွာလာလမ်ပူ

Related posts

✕
VOM News

FREE
VIEW