တနင်္သာရီက ထုံခါအကျဉ်းစခန်းမှာ တိုက်ပွဲဖြစ်လို့ နှစ်ဖက်အကျဆုံးရှိ

မေ ၈-၂၀၂၂ VOM (GG) တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စုရှိ ဆင်ဖြူရှင် ၄ ထုံခါအကျဉ်းစခန်းမှာ ဒီကနေ့ မေလ ၈ ရက်နေ့ မနက်အစောပိုင်းက နှစ်ဖက်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီပစ်ခတ်မှုမှာ အကျဉ်းစခန်းဘက်က ၃ ယောက်သေဆုံးခဲ့သလို ဒဏ်ရာရသူတွေရှိခဲ့ပြီး PDF ဘက်ကလည်း တစ်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ” မနက် ၅ နာရီလောက်မှာ နှစ်ဖက်ပစ်ခတ်ကြတာ။ PDF ဘက်က အရင်ဝင်စီးပြီးပစ်တာ။ နှစ်ဖက်အထိခိုက်ရှိတယ်လို့ကြားတယ်” လို့ ဒေသခံတဦးက ပြောပါတယ် ။ ထုံခါအကျဉ်းစခန်းကို မြိတ်ခရိုင် PDFတစ်ခုက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန်က မိနစ် ၂၀ လောက်ရှိခဲ့တယ်လို့သိရပါတယ်။ တနင်္သာရီ PDF အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲ့ မြိတ်ခရိုင် တပ်ရင်း(၂)ရဲ့ တပ်ခွဲတစ်ခုက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ကြောင်း၊ ဝင်ရောက်စီးနင်းခဲ့စဉ် မိနစ်(၂၀)ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကျဉ်းစခန်းဘက်က ၃ဦး…

Read More

ဘားအံအကျဉ်းထောင်က နိုင်/ကျဉ်း ၆၀ကျော် ထောင်ပြောင်းရွှေ့ခံရလို့ ထောင်ဆူမှုဖြစ်ပွားခဲ့

မေ ၈-၂၀၂၂ GG + KK (VOM) ကရင်ပြည်နယ် ၊ ဘားအံအကျည်းထောင်က နိုင်ငံရေးအကျဉ်းသား ၆၀ ကျော်ကို ဒ်ီနေ့ မေလ ၈ ရက်နေ့ မနက်ပိုင်းမှာ တာဝန်ရှိသူတွေက ထောင်ပြောင်းရွှေ့မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အကျဉ်းသားတွေဟာ ထောင်ပြောင်းရွှေခံရမှုကို ဆန္ဒပြတဲ့အနေနဲ့ လမ်းတလျှောက်လုံး ကားပေါ်ကနေ သွေးသစ္စာသီချင်းဆိုကာ ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” မနက် ၆ နာရီကျော်လောက်ဖြစ်မယ်၊မနက်ကဆိုင်ရှေ့ကနေ ကားနဲ့ဖြစ်သွားတာတွေ့လိုက်တယ်၊ ဘားအံထောင်ထဲကလည်း အိုးခွက်တီးပြီး ဒို့အရေး ဒို့အရေးဆိုပြီး ဆန္ဒထပ်ပြနေတယ်လို့ သိရတယ် ” လို့ ဘားအံဒေသခံတဦးကပြောပါတယ်။ ဘားအံအကျဥ်းထောင်ဖြစ်စဉ်ဟာ မှန်ကန်ပြီး လက်တလောအခြေအနေမှာ ငြိမ်သက်သွားပြီဖြစ်တယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးစောခင်အောင်မြင့်က VOM ကိုပြောပါတယ်။ “မှန်ပါတယ် မနက် ၈ နာရီလောက်ကဖြစ်တာပါ၊ ဆန္ဒပြတာရယ်လိုတော့မဟုတ်ဘူး၊ သူတို့တွေ ပန်းကန်ပြားတွေခေါက်ပြီး သီချင်းတွေဆိုကြတာ၊ အခုတော့အားလုံးအဆင်ပြေသွားပြီ”လို့…

Read More

ရေငုပ်သင်္ဘောက ပစ်ခတ်နိုင်တဲ့ ဒုံးကျည် မြောက်ကိုရီးယား ပစ်ခတ်၊ နျူကလီးယားစမ်းသပ်ဖို့ ပြင်ဆင်နေ

တိုကျို၊ မေ ၈ – ၂၀၂၂ မျိုးဆက် (VOM) မြောက်ကိုရီးယားဟာ ကိုးရီးယားကျွန်းဆွယ်အရှေ့ဘက်ကမ်းလွန်ပင်လယ်ထဲသို့ ရေငုပ်သင်္ဘောကနေပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနဲ့ဂျပန်တို့က ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးထားရှိမယ်လို့ ကတိပြုထားတဲ့ တောင်ကိုရီးယားသမ္မတသစ် Yoon Suk-yeol ရာထူးမတက်ခင် ရက်ပိုင်းအလိုမှာ အခုလို ပစ်လွှတ်စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုစမ်းသပ် ပစ်လွှတ်မှုဟာ နိုင်ငံတကာအသိုက်အဝန်းအတွက် လက်ခံနိုင်ဖွယ်မရှိတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဂျပန်အနေနဲ့ ကာကွယ်ရေး စွမ်းရည်ကို ဆက်လက် ခိုင်မာအောင် လုပ်ဆောင်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး Nobuo Kishi က သတင်းထောက်တွေကို ပြောပါတယ်။ မြောက်ကိုရီးယားဟာ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ဖို့ ပြင်ဆင်နေနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက သောကြာနေ့မှာ သတိပေးပြောကြားထားပါတယ်။ Ref: BBC Photo: Reuters #voiceofmyanmar…

Read More

မြန်မာ့အရေး ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့ အာဆီယံအဖွဲ့ အလွတ်သဘော ဆွေးနွေးမယ်

ကွာလာလမ်ပူ၊ မေ ၈-၂၀၂၂ မျိုးဆက်(VOM) မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုဖြေရှင်းဖို့ ရည်ရွယ်ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အပြည့်အဝအကောင်အထည်ဖော်ရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေဟာ မေ ၁၁ ရက်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားမယ်လို့ မလေးရှာနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အဲဒီဘုံသဘောတူညီချက်တွေကို မြန်မာအာဏာပိုင်တွေက အကောင်အထည်ဖော်မှုအားနည်းတာကြောင့် အခုလို အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ စီစဥ်ရတာဖြစ်ကြောင်း Datuk Seri Saifuddin က ပြောပါတယ်။ ဥပမာအားဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒေါက်တာ Noeleen Heyzer ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ခန့်အပ်ခဲ့ပေမယ့် မြန်မာအာဏာပိုင်တွေက အသိအမှတ်မပြုရသေးကြောင်း သူက ထောက်ပြပြောဆိုပါတယ်။ ဒီလိုအခြေအနေမှာ ဘုံသဘောတူညီချက်တွေကိုအကောင်အထည်ဖော်ဖို့ အဟန့်အတားဖြစ်လာမှာကို မိမိတို့စိုးရိမ်မိကြောင်း မေ၇ ရက်မှာပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်း တခုမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ တည်ငြိမ်မှုပြန်လည်ရရှိရေး…

Read More
VOM News

FREE
VIEW