ရခိုင်၊ ထား၀ယ်ကနေ မလေးရှားသွားမယ့် မြန်မာတွေ ထိုင်းမှာ အဖမ်းခံရ

ဆောင်ခလာ၊ မေ-၂၆-၂၀၂၂
မျိုးဆက်(VOM)

မလေးရှားမှာ အလုပ်ရမယ်ဆိုပြီး ပွဲစားတွေကတဆင့် ချိတ်ဆက်ပြီး သွားဖို့ကြိုးစားတဲ့ မြန်မာ၂၆ ဦးဟာ ထိုင်းတောင်ပိုင်း ဆာဒုံးခရိုင်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တွေ၊ လှည့်ကင်းနဲ့ နယ်မြေခံရဲတပ်ဖွဲ့တွေပူပေါင်းအဖွဲ့ဟာ မေ ၂၆ ရက် နံနက် ၄ နာရီ ၃၀ မိနစ်မှာ ဆာဒုံးအကောက်ခွန်ဂိတ်အနီးကတောအုပ်ထဲမှာ အမျိုးသား၊ အမျိုးသမီးတွေပါတဲ့ အဖွဲ့ကို တွေ့ရှိဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ ၂၆ ဦးအနက် အမျိုးသား ၁၇ ဦးပါ၀င်ပြီး အမျိုးသမီး ကိုးဦးပါ၀င်ပြီး အားလုံးဟာ မြန်မာနိုင်ငံကလာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ သူတို့ကို ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုပြုဖို့အတွက် ဆားဒုံးရဲသခန်းကို ခေါ်ဆောင်သွားကြပါတယ်။

သူတို့ဟာ ရခိုင်၊ ထား၀ယ်နဲ့ အခြားမြို့နယ်တွေကနေ မလေးရှားကိုသွားဖို့ ထွက်ခွာလာကြတာဖြစ်ပြီး မေ ၁၉ ရက်မှာ ခြေလျင်လျှောက်ပြီး Prachuap Khiri Khan ပြည်နယ်ထဲကို မေ ၂၁ ရက်မှာ ရောက်ရှိခဲ့ကာ တောအုပ်ထဲမှာ ပုန်းအောင်းနေခဲ့တယ်လို့ မြန်မာလုပ်သားတွေက စကားပြန်ကတဆင့် ပြောပါတယ်။

ဒီလိုမလေးရှားကိုသွားဖို့အတွက် တယောက်ကို ဘတ်ငါးသောင်းစီ ပွဲစားကိုပေးခဲ့ရပြီး အချို့တော့ မလေးရှားက စက်ရုံတွေမှာ အလုပ်ရမယ်လို့ ပွဲစားတွေက ကတိပေးခဲ့ပြီး အချို့ကတော့ ဘယ်မှာ အလုပ်ရမယ်ဆိုတာ မသိကြဘူးလို့ဆိုပါတယ်။ ဖမ်းဆီးခံရသူအများစုကတော့ ပွဲစားကို ပေးဖို့ပိုက်ဆံတွေကို ချေးငှားခဲ့ရတယ်လို့ ပြောဆိုပါတယ်။

Ref: Bangkok Post
Photo:Bangkok Post
#voiceofmyanmar #VOM #ဆောင်ခလာ

Related posts

Leave a Comment

VOM News

FREE
VIEW