သေဒဏ်ပေးစီရင်မှုနဲ့ပတ်သက်ပြီး မြန်မာသံအမတ်ကို ဂျာမနီဆင့်ခေါ်ကန့်ကွက်

ဘာလင်၊ ဇူလိုင်-၂၉-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာ သေဒဏ်ပေးစီရင်မှုနဲ့ပတ်သက်ပြီး မြန်မာသံအမတ်ကို ဂျာမနီနိုင်ငံခြားရေး၀န်ကြီးဌာနက ဇူလိုင် ၂၉ ရက်မှာ ဆင့်ခေါ်ကန့်ကွက်လိုက်ပါတယ်။

ဒီလိုစီရင်မှုနဲ့ပတ်သက်ပြီး ဂျာမနီနိုင်ငံရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Petra Sigmund က သူ့ရဲ့တွစ်တာမှာ ဝေဖန်ရေးသားပြီးနောက် ဂျာမနီနိုင်ငံခြားရေး၀န်ကြီးဌာနက အခုလိုဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီရင်မှုနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနဲ့ သေဒဏ်ပေးမှုတွေကို ဆိုင်းငံ့ဖို့၊ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကို အဆုံးသတ်ဖို့သူက တိုက်တွန်းပြောဆိုထားပါတယ်။

ဒီလိုကွပ်မျက်မှုကြောင့် လွန်စွာထိတ်လန့်တုန်လှုပ်မိကြောင်း၊ မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ ဒီမိုကရေစီမျှော်မှန်းချက်တွကို အာဏာပိုင်တွေက မထီမဲ့မြင်ပြုတာကို ပြသရာရောက်တယ်လို့ ဂျာမနီနိုင်ငံခြားရေး၀န်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအကြီးအကဲ၊ လုံခြုံရေးကောင်စီ၊ အီးယူ၊ အမေရိကန်နဲ့ အခြားနိုင်ငံတွေက ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။

Ref:Malay Mail
Photo: Getty Images
#voiceofmyanmar #VOM #ဘာလင်

Related posts

Leave a Comment

VOM News

FREE
VIEW