ကရင်ပြည်နယ် ဝန်ကြီးဟောင်း၃ဦး တောင်ကလေးထောင်ကနေ ပြန်လွတ်လာ

စက်တင်ဘာ ၁-၂၀၂၂
VOM (GG)

ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံထားရတဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးဟောင်း ၃ဦး ဒီနေ့စက်တင်ဘာလ ၁ ရက်နေ့မှာ ထောင်ကနေပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။

” ပြစ်ဒဏ်စေ့ လွတ်ရက်ပြည့်လို့ပြန်လွတ်လာတာ။သူတို့ကို ဘားအံ တောင်ကလေးထောင်မှာ ထားတာ။ဒီနေ့ သူတို့ အဲ့ဒီကနေပဲလွတ်လာတယ် ” လို့ ဝန်ကြီးဟောင်းဦးဘိုဘိုမောင်ရဲ့မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။

ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင် အပါအဝင် လူ၀င်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဌာန ၀န်ကြီး ဦးမင်းကိုခိုင် ၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ခွန်မျိုးတင့် တို့ ပြန်လွတ်လာတာဖြစ်ပါတယ်။

အဲ့ဒီဝန်ကြီး ၃ ယောက်ကို ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလနောက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်​ပြီး အဲ့ဒီနောက် ၅၀၅ ( ခ) နဲ့တရားစွဲကာ ထောင် ၂ နှစ်ချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

NLD ပါတီဝင်တွေနဲ့ ဝန်ကြီးတွေ အများအပြား ဖမ်းဆီးခံခဲ့ရသလို သေဒဏ်ပေးခံရသူတွေလည်းရှိကြောင်း၊ တချို့ပါတီဝင်တွေ၊လွှတ်တော်အမတ်တွေ၊ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေလည်း တရားစွဲခံထားရတာကြောင့် အခုချိန်ထိ တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကရင် #၀န်ကြီး၃ဦး #ထောင်ကနေလွတ်

Related posts

Leave a Comment

VOM News

FREE
VIEW