ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦး၀င်းမြင့်တို့ ထောင် ၃ နှစ် ထပ်မံချမှတ်ခံရ

​စက်တင်ဘာ ၂-၂၀၂၂
Voice Of Myanmar(VOM)

ဒေါ်အောင်ဆန်းစုကြည်၊ ဦး၀င်းမြင့်နဲ့ ဦးမင်းသူတို့ကို ဒီကနေ့မနက်ပိုင်းမှာ ထောင်ဒဏ် ၃နှစ်စီချမှတ်ခံလိုက်ရတယ်လို့ နေပြည်တော်ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။

နေပြည်တော်ထောင်တွင်းအထူးတရားရုံးကနေ ဒီကနေ့မနက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က)နဲ့ တရားစွဲဆိုထားတဲ့အမှုကို ထောင်၃နှစ်စီ အမိန့်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က ထောင်ဒဏ် ၁၇နှစ် ချမှတ်ခံထားရတာဖြစ်ပြီး အခု အမှုနဲ့ဆိုရင် ထောင်ဒဏ် အနှစ် ၂၀ချမှတ်ခံထားရပြီဖြစ်သလို နောက်ထပ် အမှု ၈မှုကို ဆက်လက်ရင်ဆိုင်ရအုံးမှာဖြစ်ပါတယ်။

သမ္မတဦးဝင်းမြင့်ကတော့ အရင်က ထောင်ဒဏ် ၂နှစ်ချမှတ်ခံထားရပြီး အခု အမှုနဲ့ဆိုရက် ထောင်ဒဏ် ၅နှစ် ချမှတ်ခံထားရသလို နောက်ထပ် ဒေါ်အောင်ဆန်းစုကြည်စုကြည်နဲ့အတူ အဂတ်ိအမှု ၅မှုကို ဆက်လက်ရင်ဆိုင်ရအုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #ဦးဝင်းမြင့် #ဦးမင်းသူ #ထောင်၃နှစ်ချခံရ

Related posts

✕
VOM News

FREE
VIEW