ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်တွေ ထိုင်၀မ်ကို အမေရိကန်ရောင်းချမယ်

ဝါရှင်တန်၊ စက်တင်ဘာ-၃-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်ဟာ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်တွေ ထိုင်၀မ်ကိုရောင်းချဖို့ စက်တင်ဘာ ၂ ရက်မှာ သဘောတူလိုက်ပါတယ်။

အဲဒီရောင်းချမှုမှာ ကျူးကျော်တိုက်ခိုက်မှုတွေကို ခြေရာခံဖို့ရေဒါစနစ်နဲ့ သင်္ဘောဖျက်ဒုံးကျည်၊ ဝေဟင်ပစ်ဒုံးကျည်တွေပါ၀င်ပြီး ကွန်ဂရက်မှာ မဲခွဲဆုံးဖြတ်ဖို့ လိုအပ်နေပါသေးတယ်။

၂၅ နှစ်တာကာလအတွင်း အမေရိကန်ရဲ့အဆင့်မြင့်ထိပ်တန်းတာ၀န်ရှိသူတစ်ဦးဖြစ်သူ အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီ ထိုင်၀မ်သို့ သွားရောက်ပြီးနောက်မှာ လက်နက်ရောင်းချမှုကို အမေရိကန်က သဘောတူလိုက်တာဖြစ်ပါတယ်။

ဒီကိစ္စအပေါ် တရုတ်နိုင်ငံက ကန့်ကွက်ထားပြီး လက်နက်ရောင်းချဖို့သဘောတူညီချက်ကို ရုပ်သိမ်းဖို့နဲ့ ဒီလိုမှမဟုတ်ရင် နောက်ဆက်တွဲအကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ သတိပေးထားပါတယ်။

အဲဒီသဘောတူညီချက်ဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးကို ဆိုးရွားစွာထိခိုက်စေလိမ့်မယ်လို့ တရုတ်နိုင်ငံဘက်က ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW