ထိုင်းအနောက်ပိုင်းနယ်စပ်ကို ဖြတ်ကျော်၀င်ရောက်တဲ့ မြန်မာ ၉၅ ဦး ဖမ်းဆီးခံရ

ဘန်ကောက်၊ စက်တင်ဘာ-၂၈-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနိုင်ငံအနောက်ပိုင်းနယ်စပ်ကို တရားမ၀င်ဖြတ်ကျော်၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၉၅ ဦးကို ထိုင်းအာဏာပိုင်တွေက စက်တင်ဘာ ၂၈ ရက်မနက်ပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။

ဒီနေ့မနက် ၃ နာရီမှာ ထောင်ဖဖန်ခရိုင် အဝေးပြေးလမ်းမကြီးပေါ်က စစ်ဆေးရေးဂိတ်မှာ အအေးခန်းကားနှစ်စီးကို တာ၀န်ရှိသူတွေက တားဆီးစစ်ဆေးရာမှာ မြန်မာနိုင်ငံသားတွေကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ ပထမကားရဲ့ နောက်ခန်းထဲမှာ ပုန်းပြီးလိုက်တာတဲ့ မြန်မာ ၂၁ ဦးနဲ့ ဒုတိယကားထဲမှာလိုက်လာတဲ့ ၁၈ ဦး စုစုပေါင်း ၃၉ ဦးကို တွေ့ရှိခဲ့ပြီး ထိုင်းလူမျိုးကားသမားနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

တချိန်တည်းမှာဘဲ သာခနွန်းမှာလည်း ထိုင်းနိုင်ငံထဲကို တရားမ၀င် ဖြတ်ကျော်၀င်ရောက်လာတဲ့ မြန်မာ ၄၃ ဦးပါအဖွဲ့ကို စိုက်ခင်းထဲမှာရှိနေချိန် ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းမိတဲ့မြန်မာတွေဟာ မလေးရှားမှာ အလုပ်လုပ်ဖို့ အတွက် ပွဲစားတွေကို ဘတ်ခြောက်သောင်းစီပေးခဲ့ရတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့မနက် ရှစ်နာရီကလည်း မြောင်ခရိုင်အတွင်းမှာ တရားမ၀င်မြန်မာရွှေ့ပြောင်းလုပ်သား ၁၃ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့အားလုံးကို သက်ဆိုင်ရာ ရဲစခန်းတွေကို လွှဲပြောင်းပေးထားပြီး အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ရှိနေပါတယ်။

Ref:Bangkok Post
Photo:Bangkok Post

#voiceofmyanmar #VOM #ထိုင်းမှာမြန်မာတွေအဖမ်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW