ဟေတီနိုင်ငံရှိအကျဉ်းထောင်တစ်ခုမှ အကျဉ်းသားအားလုံး ထောင်ဖောက်ပြေး

ပို့အော့ပရင့်၊ ဖေဖော်ဝါရီ-၁၃

မျိုးဆက် (VOM)

ဟေတီနိုင်ငံတောင်ပိုင်းရှိ အကျဉ်းထောင်တစ်ခုမှ အကျဉ်းသားစုစုပေါင်း ၇၈ဦးလုံးဟာ ချုပ်နှောင်ထားရာမှ ထောင်ဖောက်ပြီး ဖေဖော်ဝါရီ ၁၂ ရက်က လွတ်မြောက်သွားတယ်လို့ ဟေတီရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ အနီးတစ်ဝှိုက်ရှိ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေအပေါ် အာရုံစိုက်နေချိန်မှည အကျဉ်းသားများဟာ အက်ကွင်အကျဉ်းထောင်ကနေ ထောင်ဖောက်ပြေးသွားတာဖြစ်ပါတယ်။

ယင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဟေတီအမျိုးသားရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ လူလေးဦးထက်မနည်းသေဆုံးခဲ့တဲ့ သမ္မတဂျိုဗွီနယ်မွိုက်စကို ဆန္ဒပြပွဲတွေရက်အနည်းငယ်ကြာပြီးနောက်မှာ ဒီလိုထောင်ဖောက်တဲ့ဖြစ်စဉ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

အကျဉ်းသားတွေဟာ ရေချိုးချိန်အတွက် ၎င်းတို့ကိုဖမ်းဆီးထားတဲ့ အခန်းတွေကနေ ကနဦးထွက်ခွာခဲ့ကြတယ်လို့ စုံစမ်းစစ်ဆေးရေးမှုး ရပ်ဖ်စတေန်လေဘရိုက်စ်က ဟေတီသတင်းစာတစ်စောင်ကိုပြောပါတယ်။

ထို့နောက်မှာတော့ အခန်းတွေအတွင်းပြန်လည်ဝင်ဖို့ ငြင်းဆန်ကြပြီး အကျဉ်းထောင်ပြင်ပနဲ့ ရဲကင်းစခန်းမှာ ဆန္ဒပြပွဲတစ်ခုက လူတွေကို ရဲတွေကအာရုံစိုက်ဖြေရှင်းနေချိန်မှာ အခွင့်ကောင်းယူပြီး ထောင်ဖောက်ပြေးခဲ့ကြတာလို့ ဆိုပါတယ်။

Ref: BBC

Photo : Getty Image

Related posts

✕
VOM News

FREE
VIEW