ငါးဇွန်မြို့နယ်မှာ စွန့်ပစ်ထားတဲ့ အမျိုးသား ရုပ်အလောင်း ၄ လောင်းတွေ့

ဒီဇင်ဘာ ၂၅၊ ၂၀၂၂
SP (VOM)

မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ်၊ သားကျင်းကျေးရွာနဲ့ ရေဆင်းကျေးရွာသွား ကားလမ်းဘေးမှာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က အမျိုးသားရုပ်အလောင်း ၄ လောင်း စွန့်ပစ်ထားတာကို တွေ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” သေဆုံးသူတွေဟာ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသား ၄ ဦးဖြစ်ပြီး နောက်ကျောနဲ့ ရင်ဘတ်နေရာတွေမှာ ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ်”လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ ပတ်သက်လို့ ငါန်းဇွန်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” အမျိုးသား ရုပ်အလောင်း ၄ လောင်းတွေ့ရတယ် ၊ ဘယ်သူ ဘယ်ဝါတွေ ဖြစ်တယ်ဆိုတာ မသိရသေးဘူး ၊ အသက်ကတော့ ခန့်မှန်း ၄၀ ဝန်းကျင်ဖြစ်တယ် ၊ အဲ့ဒီ ရုပ်အလောင်းတွေနားမှာ မြေမြုတ်မိုင်း ၆ လုံး တွေ့ရတာကြောင့် သက်မဲ့လုပ် ရှင်းလင်းခဲ့ရတယ် ၊ ရုပ်အလောင်းတွေက ငါန်းဇွန် ပြည်သူ့ဆေးရုံမှာ ပို့ဆောင် စစ်ဆေးနေတယ်”လို့ ပြောပါတယ်။

မနေ့ ဒီဇင်ဘာ ၂၄ ရက်ကလည်း မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာမှာနေတဲ့ ဦးရန်အေး (၅၁)နှစ်ဆိုသူ ပစ်သတ်ခံရတဲ့ဖြစ်စဥ် ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ငါန်းဇွန်မြိုနယ် ညောင်လေးပင်ကျေးရွာနေ ဦးမင်းဆန်း ဆိုသူလည်း ဒီဇင်ဘာ ၂၃ ရက်က ဈေးဝယ်သွားတဲ့လမ်းမှာ ပစ်ခတ်ခံရတာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ငါန်းဇွန်

Related posts

Leave a Comment

VOM News

FREE
VIEW