ရုရှားသမ္မတပူတင်ရဲ့ အပစ်အခတ်ရပ်စဲရေးကမ်းလှမ်းချက် ယူကရိန်းပယ်ချ

မော်စကို၊ ဇန်နဝါရီ-၆-၂၀၂၃
မျိုးဆက်(VOM)

ရုရှားသမ္မတပူတင်ဟာ ဇန်နဝါရီ ၆ ရက်ကစပြီး ယူကရိန်းရှေ့တန်းစစ်မြေပြင်မှာ ၃၆ နာရီကြာ အပစ်အခတ်ရပ်စဲဖို့ ကာကွယ်ရေး၀န်ကြီးကို အမိန့်ပေးလိုက်ပါတယ်။

ရုရှားစံတော်ချိန် ၁၂ နာရီမှာစတင်သက်၀င်မယ့် အဲဒီအပစ်အခတ်ရပ်စဲံရေးဟာ ရုရှားသြသိုဒေါ့ခရစ်စမတ်နဲ့ တိုက်ဆိုင်နေပါတယ်။

ပူတင်က သူ့ရဲ့အပစ်အခတ်ရပ်စဲရေးကို လက်ခံဖို့ယူကရိန်းကို တိုက်တွန်းခဲ့ပေမယ့် ယူကရိန်းဘက်ကတော့ ချက်ချင်းပယ်ချခဲ့ပါတယ်။

ဒီအပစ်အခတ်ရပ်စဲရေးဟာ ယူကရိန်းစစ်ဘက်ရဲ့အသာစီးရနေမှုကို ရပ်တန့်ဖို့ကြိုးစားမှုအဖြစ် ရြှု့မင်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးကပြောပါတယ်။

ရုရှားဟာ ဒီအပစ်အခတ်ရပ်စဲရေးကို ကာဗာလုပ်ပြီး အရှေ့ပိုင်းဒွန်ဘတ်စ်ဒေသမှာ ယူကရိန်းရဲ့ထိုးစစ်ကို ရပ်တန့်စေကာ ရုရှားတပ်တွေနဲ့ လက်နက်ကိရိယာတွေ ပိုမိုရွှေ့ပြောင်းဖို့ ဆန္ဒရှိနေတယ်လို့ သူကပြောပါတယ်။

ရုရှားဘက်ကတော့ ဒီအပစ်အခတ်ရပ်စဲရေးဟာ သြသိုဒေါ့ဘုရားကျောင်းအကြီးအကဲရဲ့ ပန်ကြားချက်အတိုင်း သမ္မတက အမိန့်ပေးခဲ့တာလို့ ဆိုပါတယ်။ ရုရှားသြသိုဒေါ့ ဘုရားကျောင်းအကြီးအကဲ Patriarch Kirill ဟာ ခရစ်စမတ်ကာလအတွက် အပစ်အခတ်ရပ်စဲရေးကို ယခင်ကတည်းက တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဂျူလီယန်ပြက္ခဒိန်အရ ရုရှားသြသိုဒေါ့ဘုရားကျောင်းဟာ ဇန်နဝါရီ ၇ ရက်မှာ ခရစ်စမတ်နေ့ကို ကျင်းပကြပါတယ်။

ယူကရိန်းက သြသိုဒေါ့ခရစ်ယာန်အချို့ကတော့ ခရစ်စမတ်နေ့ကို ဒီဇင်ဘာ ၂၅ ရက်ကျင်းပသူရှိသူသလို ဇန်နဝါရီ ၇ ရက်မှာကျင်းပသူတွေလည်းရှိပြီး နှစ်ရက်စလုံးဟာ အစိုးရရုံးပိတ်ရက်တြွေ့ဖစ်ပါတယ်။

Ref:BBC
#voiceofmyanmar #VOM #မော်စကို

Related posts

✕
VOM News

FREE
VIEW