ဇန်နဝါရီ ၈ – ၂၀၂၃
GG (VOM)
မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ ၊ ကျေးရွာတရွာက နေအိမ်ပေါ်ကို လက်နက်ကြီးကျလို့ နေအိမ်ထဲက မိသားစုဝင် ၂ ယောက်သေဆုံးပြီး ၅ ယောက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဇန်နဝါရီ ၇ ရက်နေ့ ညပိုင်းမှာ သိမ်ဇရပ်မြို့နယ်၊ ဝင်းကံကျေးရွာထဲက နေအိမ်တအိမ်အပေါ် လက်နက်ကြီးကျရောက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေက အမျိုးသား ၂ ယောက်ဖြစ်တယ်လို့ သိရပါတယ်။
” ညက ၈ နာရီလောက်မှာဖြစ်တာလို့သိရတယ်။မိသားစုတွေကအိပ်နေပြီ အဲ့ဒီအချိန်လက်နက်ကြီးကျပြီး ၂ယောက်သေသွားတာ။ ကျန်တဲ့သူတွေလည်း ဒဏ်ရာရကြတယ်။ဆေးကုသမှုပေးနေတယ်သိရတယ်”လို့ သိမ်ဇရပ် ဒေသခံတဦးကပြောပါတယ်။
လက်နက်ကြီး ကျရောက်မှုကြောင့် သေဆုံးသူတွေကတော့ အသက် ၄၄ နှစ်အရွယ်ရှိ ကိုစိုးမင်းအောင် ဆိုသူနဲ့ အသက် ၄၂ နှစ်အရွယ်ရှိ ကိုဇော်မိုးလွင် ဆိုသူတို့ဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ ကလေး ၃ယောက်နဲ့ အဖွားအို ၊ နောက်ထပ် အမျိုးသမီး ၁ ယောက်တို့ဖြစ်တယ်လို့သိရပါတယ်။
ဒဏ်ရာရရှိသူ ၅ ယောက်လုံးကိုတော့ ဆေးရုံမှာ ဆေးကုသမှုပေးနေတယ်လို့သိရပါတယ်။
ဇန်နဝါရီလ ၆ ရက်နေ့ည ကလည်း ကျိုက်ထိုမြို့၊ လှည်းလမ်းကူးကျေးရွာက ရွာသားသုံးယောက်လည်း လက်နက်ကြီးထိမှန်ကာ ဒဏ်ရာရခဲ့တာကြောင့် ကျိုက်ထိုဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။
#voiceofmyanmar #VOM #သိမ်ဇရပ် #လက်နက်ကြီးကျ #လူသေဆုံး