တရုတ်မှာ လူသန်း ၉၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံနေရ

ပေကျင်း၊ ဇန်နဝါရီ-၁၄-၂၀၂၃
မျိုးဆက်(VOM)

တရုတ်နိုင်ငံတစ်၀န်းမှာ လူသန်း ၉၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ ပီကင်းတက္ကသိုလ်မှ သုတေသီတွေက ခန့်မှန်းထားကြောင်း တရုတ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဒါဟာ တရုတ်နိုင်ငံလူဦးရေရဲ့ ၆၄ ရာခိုင်နှုန်းရှိကြောင်း သုတေသီတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကူးစက်မှုအများဆုံးပြည်အဖြစ် ဒေသခံ ၉၁ ရာခိုင်နှုန်းကူးစက်င်္ခံနေရတဲ့ ဂန်ဆုပြည်နယ်က ထိပ်ဆုံးမှာ ရပ်တည်နေပြီး အဲဒီနောက်မှာ ယူနန်ပြည်နယ်နဲ့ချင်ဟိုင်းပြည်နယ်တို့က ဒုတိယနဲ့ တတိယ အသီးသီးရပ်တည်နေပါတယ်။

တရုတ်နှစ်သစ်ကူးကာလမှာ နိုင်ငံရဲ့ကျေးလက်ဒေသတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လာမယ်လို့ တရုတ်ထိပ်တန်း ကူးစက်ရောဂါဗေဒ ပညာရှင်တဦးက သတိပေးထားပါတယ်။

နိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ကူးက်မှုလှိုင်း အထွတ်အထိပ်ဟာ နှစ်လမှသုံးလထိ ကြာမြင့်နိုင်ကြောင်း တရုတ်ရောဂါထိန်းချုပ်ရေးစင်တာ အကြီးအကဲဟောင်းက ပြောပါတယ်။

ဇန်နဝါရီ ၂၃ ရက်မှာကျရောက်မယ့် တရုတ်နှစ်သစ်ကူးမတိုင်မီ တရုတ်လူမျိုးသန်းပေါင်းများစွာဟာ သူတို့ရဲ့မွေးရပ်မြေတွေကို သွားရောက်နေကြပြီး ဒါဟာ ကပ်ရောဂါစတင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW