ဇွန် ၊ ၁၀ -၂၀၂၃
SP (VOM)
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီးကျေးရွာမှာရှိတဲ့ ညောင်ပင်ကြီးနယ်မြေရဲစခန်းဟာ မနေ့ ဇွန် ၉ ရက် ညနေ ၆ နာရီဝန်းကျင်ခန့်က ပစ်ခိုက် တိုက်ခိုက်ခံရပြီး ၊ ရဲတပ်ဖွဲ့ဝင်တချို့ သေဆုံးဒဏ်ရာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ညနေ ၅ နာရီ ၄၅ မိနစ်ဝန်းကျင်လောက်မှာ တိုက်ပွဲ စဖြစ်တယ် ၊ ရဲစခန်းဝန်းကျင်မှာ ပစ်ခိုက်တိုက်တယ် ၊ ရဲစခန်းနားက လူနေအိမ်တွေ မီးလောင်ကုန်တယ် ၊ ၂ ဘက် လူအသေအပျောက်တွေရှိတယ်”လို့ ညောင်ပင်ကြီး ဒေသခံတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ညောင်ပင်ကြီး ရွာရှည်ရွာခံ တယောက် က ” ညောင်ပင်ကြီး ရဲစခန်းကို တိုက်ခိုက်ခံရတာဖြစ်တယ် ၊ ရွာရှည်ဘက်ကနေ ပစ်တာ ၊ ရဲတပ်သား ၃ ယောက်သေဆုံးတာလို့ ကနဦး သိရတယ် ၊ ရဲစခန်းအထဲကို ဝင်ပစ်တာဖြစ်တယ် ၊ ရဲစခန်းကို တိုက်တဲ့အဖွဲ့က Buffalo People Defense Force နဲ့ စစ်ကိုင်းပူးပေါင်းတပ်ဖွဲ့ (ULF) ဖြစ်တယ် ၊ အဲ့ဒီ အဖွဲ့ဘက်ကလည်း ကျဆုံးတာရှိတယ် ၊ ကိုဝေယံလင်း(ခေါ်) ရဲဘော်ဒိုလား ဝမ်းဗိုက်ကျည်ထိမှန်တာဖြစ်တယ် ၊ ညောင်ပင်ကြီး ရဲစခန်းနားကို ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တွေဖြစ်တယ် “လို့ ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ဆားလင်းကြီးမြို့နယ် လူမှုကွန်ယက်ပေါ်မှာ ဖော်ပြထားတာက Buffalo People Defense Force နဲ့ စစ်ကိုင်းပူးပေါင်းတပ်ဖွဲ့(ULF) တို့ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၀ ဦးထက်မနည်းသေဆုံးကာ စခန်းတစ်ခုလုံးမီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး BA 63 သေနတ် ၄ လက် ၊ MA သေနတ် ၁ လက်၊ စက်လက် ၁ လက်၊ ၇၉ ၁ လက် နဲ့ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆီး ရမိခဲ့တယ်လို့ ဖော်ပြထားတာကိုလည်း တွေ့ရတယ်။
#VOM #voiceofmyanmar #ဆားလင်းကြီး #ညောင်ပင်ကြီးရဲစခန်းတိုက်ခံရ