ရန်ကုန်က barနဲ့စားသောက်ဆိုင်တွေမှာ Unplugged ဖျော်ဖြေမှု ပြန်ခွင့်ပြုပေမယ့် နေပြည်တော်မှာတော့ ပိတ်ထားဆဲဖြစ်

ဇူလိူင် ၇ – ၂၀၂၃
KT + GG (VOM)

ရန်ကုန်တိုင်းက Bar နဲ့ စားသောက်ဆိုင်တွေမှာ Unplugged သီဆိုဖျော်ဖြေမှု ရပ်ဆိုင်းထားတဲ့အပေါ် တာဝန်ရှိသူတွေက ဖျော်ဖြေခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီး နေပြည်တော်ကောင်စီနယ်မြေ မှာတော့ ဖျော်ဖြေခွင့်ရပ်ဆိုင်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်က Bar နဲ့စားသောက်ဆိုင်တွေမှာ ထည့်သွင်းထားတဲ့ Unplugged သီဆိုဖျော်ဖြေမှုကို ရပ်ထားဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက ဇူလိုင် ၅ ရက်နေ့ မှာ အသိပေးအကြောင်းကြားကာ ခံဝန်လက်မှတ်ထိုးခဲ့တာဖြစ်ပေမယ့် လက်ရှိမှာ ပြန်လည်ဆောင်ရွက်ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့သိရပါတယ်။

” တနေ့က ၅ ရက်နေ့မှာ အုပ်ချုပ်ရေးဘက်က အကြောင်းကြားတယ်၊ တီးဝိုင်းနဲ့ ဖျော်ဖြေတဲ့ Unplugged ကိုရပ်ထားဖို့ပေါ့၊ကျနော်တို့ကို ရပ်ခိုင်းထားတယ်ဆိုတဲ့အကြောင်း သိရှိကြောင်းကို လက်မှတ်ထိုးရတယ်။ဒါကြောင့် Unplugged တွေရပ်မယ့်အကြောင်း ကျနော်တို့အသိပေးခဲ့တယ်။ဒါပေမယ့် မနေ့ကပြန်ထည့်လို့ရကြောင်းထပ်သိရတယ်၊ဒါကြောင့် ပြန်ဖျော်ဖြေမယ့်အကြောင်း ကျနော်တို့လည်း အသိပေးတာပါ ” လို့ ရန်ကုန်၊ bar တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့ကြောင့် ရန်ကုန်က စားသောက်ဆိုင်နဲ့ Bar တွေမှာ Unplugged Show တွေကို ပုံမှန်အတိုင်း ပြန်လည်တင်ဆက် ဖျော်ဖြေမယ့်အကြောင်းကို သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နာကနေ အသိပေးထားတာကိုလည်း တွေ့ရပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာတော့ အခုချိန်ထိ Bar နဲ့ စားသောက်ဆိုင်တွေမှာ Unplugged Show တွေဖျော်ဖြေခွင့်ကို ပိတ်ထားဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်ထဲမှာတုန်းက လည်း Music Bar ၃ ခုကို လိုင်စင်ပိတ်သိမ်းခဲ့တယ်လို့သိရပါတယ်။

Unplugged Show ထည့်သွင်းချင်တဲ့ Bar နဲ့ စားသောက်ဆိုင်တွေဟာ ဖျော်ဖြေခွင့်လိုင်စင် လျှောက်ထားရဖွယ်ရှိတယ်လို့လည်း ကနဦးသတင်းတွေအရ သိရပါတယ်။

“အဓိက ကတော့ သတ်မှတ်ချက်နဲ့မညီလို့ပေါ၊ စားသောက်ဆိုင်လိုင်စင်နဲ့ဖွင့်ခွင့်ပေးထားတာ၊ ဖျော်ဖြေရေးလိုင်စင်မပါဘဲ Unplugged လုပ်ကြတယ် ၊စည်းကမ်းချက်နဲ့မညီဘူးပေါ့၊ ဒါကြောင့်ဖျော်ဖြေရေးလိုင်စင်လျှောက်ရမယ်၊လိုင်စင်လျှောက်ခိုင်းတဲ့သဘောဖြစ်မယ်ထင်တယ်၊ ဆိုင်တွေစည်းကမ်းသတ်မှတ်ချက်နဲ့မညီဘူး၊ဖျော်ဖြေရေးလိုင်စင်မရှိဘဲ KTV လို အလုံခန်းတွေလုပ်လို့ အဲ့ဒါကြောင့်ထင်တယ် ၊သူတို့ကလိုင်စင်ပြန်လုပ်ရမယ်။တကယ်လို့ Unplugged ထည့်မယ်ဆိုရင် ဖျော်ဖြေရေးလိုက်စင်ပါထည့်ပေါ့။နိုက်ကလပ်ဆန်ဆန်တော့ မလုပ်ရဘူးပေါ့ “လို့ နေပြည်တော်က စားသုံးသူတစ်ဦး ကပြောပါတယ်။

နေပြည်တော်က ဘားနဲ့စားသောက်ဆိုင်တွေကို သတ်မှတ်ချက်နဲ့အညီလုပ်ပြီးရင် ပြန်လည်ဆောင်ရွက်ခွင့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်နဲ့နေပြည်တော်အပြင် တာချီလိတ်၊ မွန်ပြည်နယ် စတဲ့မြို့နယ်တွေမှာလည်း KTV ၊ Bar ၊စားသောက်ဆိုင်တွေကို စစ်ဆေးတာတွေရှိနေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW