မြန်မာဇာတ်လမ်းတွဲတွေ မရိုက်ကူးမီ ခွင့်ပြုချက်ရယူဖို့ သြဂုတ် ၁ ရက်ကစ ဆင်ဆာအဖွဲ့ကို တင်ပြရမယ်

ဇူလိုင် ၂၂-၂၀၂၃
MM(VOM)

မြန်မာဇာတ်လမ်းတွဲတွေ မရိုက်ကူးမီ ဇာတ်လမ်းခွင့်ပြုချက်ရယူဖို့အတွက် ဗီဒီယိုဆင်ဆာအဖွဲ့ကို လာမယ့် သြဂုတ်လ ၁ ရက်ကစတင်ပြီး တင်ပြရမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကထုတ်ပြန်ချက်အရ သိရပါတယ်။

ရုပ်မြင်သံကြားလုပ်ငန်း လုပ်ကိုင်သူတွေ၊ ထုတ်လုပ်ရေးတွေအနေနဲ့ မြန်မာဇာတ်လမ်းတွဲတွေ မရိုက်ကူးမီ ဇာတ်လမ်းခွင့်ပြုချက်ရယူဖို့အတွက် ဇာတ်လမ်းအကျဉ်းနဲ့ အခန်းစဉ်တွေကို ဇာတ်လမ်းတွဲ မရိုက်ကူးမီ ဗီဒီယိုဆင်ဆာအဖွဲ့သို့ ဩဂုတ် ၁ရက်ကစပြီး ကြိုတင်တင်ပြရမှာဖြစ်တယ်လို့ မနေ့ ဇူလိုင် ၂၁ ရက်က သတင်းထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။

”သက်ဆိုင်ရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အကြောင်းကြားလာတာကြောင့် အခုလို အစည်း အရုံးကထုတ်ပြန်တာပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်လို့ ဇာတ်လမ်းတွဲ ထုတ်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက” အလုပ် လုပ်ရတာ အရမ်းခက်ခဲသွားပြီ ၊ ဗီဒီယိုလောကရပ်တန့်သွားတဲ့အပြင် အခု ဇာတ်လမ်းတွဲ လောကပါ ရပ်တန့်သွားတော့မှာ သေချာ
သွားပြီ ၊ ဘာအခွင့်အရေးမှ မရှိတာ ၊ ဒီလိုစနစ်မရှိတာ ကြာပြီလေ”လို့ သူကပြောပါတယ်။

ဗီဒီယိုဆင်ဆာအဖွဲ့ကို တင်ပြမှုမရှိဘဲ ရိုက်ကူး ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို ဆင်ဆာ ကြည့်ရှု စစ်ဆေးခြင်း ဆောင်ရွက်မှာမဟုတ်ဘူးလို့လည်း အသိပေးချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဇာတ်လမ်းတွဲတွေ စတင်ရိုက်ကူး ထုတ်လုပ် တင်ဆက်ပြသခဲ့တဲ့ ၂၀၁၇ခုနှစ်လောက်က စတင်လို့ ဒီနေ့အထိ ဇာတ်လမ်းတွဲတွေနဲ့ပတ်သက်လို့ ဗီဒီယိုဆင်ဆာအဖွဲ့ကို အခုလိုကြိုတင်ခဲ့ရတာ မရှိခဲ့ဘူးလို့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတဲ့ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #ရုပ်ရှင်ဇာတ်လမ်းတွဲ #ဆင်ဆာကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW