တောင်ငူမှာ လေပြင်းတိုက်ပြီး အပင်လဲလို့ နေအိမ်ထဲအိပ်နေတဲ့ သားအဖ၂ယောက်သေပြီး အမေနဲ့သမီးလည်းဒဏ်ရာရ

ဇူလိုင် ၂၃-၂၀၂၃
GG (VOM)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ ကံတရာကျေးရွာမှာ ဒီနေ့ ဇူလိုင် ၂၃ ရက် မနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာပြီး လေပြင်းတိုက်လို့ နေအိမ်ထဲအိပ်နေတဲ့ မိသားစုလိုက် သစ်ပင်ပိကာ သားအဖ ၂ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်ထပ် အမေဖြစ်သူနဲ့ သမီးဖြစ်သူလည်း သစ်ပင်ပိတဲ့ ဒဏ်ရာကြောင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ အရေးပါ် ဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။

” ညက ၁ နာရီလောက်မှာ မိုးရွာ လေတိုက်တာမှာ အိမ်ဘေးက မန်းကျည်းပင်က အိမ်ပေါ်လဲကျပြီး သားအဖ၂ယောက်သေသွားတာ၊ ကံဆိုးလွန်းတာပါ။တစ်ရွာလုံးမှာ သူတို့အိမ်ပိသွားတာ။ သားအမိနှစ်ယောက်ကလည်း ဒဏ်ရာရတယ်။အမေက ခါးထိသွားတယ်။သမီးကလည်း မျက်နာထိတယ်၊ စိုးရိမ်စရာတော့မရှိတော့ပါဘူး။အခုအိမ်ကိုပြန်ရောက်နေပါပြီ “လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

သစ်ပင်ပိလို့သေဆုံးတဲ့ ဖခင်ကတော့ အသက် ၃၃ နှစ်အရွယ်ရှိ ဦးအောင်စိုးမိုးဆိုသူဖြစ်ပြီး သားဖြစ်သူကတော့ အသက် ၁၁ နှစ်အရွယ်သာရှိသေးတဲ့ မောင်အောင်ရဲလင်း ဆိုသူတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ မိခင်ကတော့ အသက် ၃၃ နှစ်အရွယ် မမာပိုဆိုသူဖြစ်ပြီး ၊သမီးဖြစ်သူကတော့ အသက် ၃ နှစ်အရွယ် မဇွန်ပွင့်ဖြူ ဆိုတဲ့ကလေး ငယ်တို့ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ သေဆုံးသူ သားအဖနှစ်ယောက် နာရေးကိစ္စကို ပြင်ဆင်လုပ်ကိုင်နေကြတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #တောင်ငူ #ဆလပြင်းတိုက် #သစ်ပင်ပိ #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW