ရန်ကုန် မတ် ၁၊ ၂၀၁၉
TGH(vom)
မတ်လ တစ်ရက်နေ့မှာ စတင်ဖွင့်လှစ်တဲ့ အောင်ဘာလေ သိန်းတစ်သောင်းခွဲထီဆုကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်မှာရှိတဲ့ တောင်နီလေးကျောင်းတိုက်၊ အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းမှ ဆရာတော် ဦးစန္ဒိမာက ဆွတ်ခူးသွားတယ်လို့ အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းမှ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမော်က ပြောပြပါတယ်။
“မနက် ၉ နာရီလောက်က ထီသမားက ပေါက်တယ်လို့ လာပြောလို့ အမတို့လိုင်းပေါ်တင်လိုက်တယ်။ ဘုန်းဘုန်းကတော့ ပရဟိတလုပ်ငန်းကို ဒီထက်ပိုပြီး တော့ အောင်မြင်အောင် လုပ်ဆောင်နိုင်သွားတာပေါ့။ နေပြည်တော်က ဒီနားပတ်ဝန်းကျင်မှာပဲထိုးတာပါ။ အမတို့လည်း ပြောမပြတတ်အောင် ဝမ်းသာတာပေါ့” လို့ ဒေါ်ဝင်းဝင်းမော်က VOM ကို ပြောပါတယ်။
အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းဟာ လက်ရှိမှာ မိမဲ့ ဖမဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို ပညာရေးအဓိက ပရဟိတလုပ်နေတာဖြစ်ပြီး ယနေ့အထိ ကျောင်းသားလူငယ် အရေအတွက် ၄၂၃ ယောက် ရှိနေပြီလို့ပြောပါတယ်။ ဒီထဲမှာ တက္ကသိုလ်ထိ သင်ကြားပေးနေတာရှိသလို လုပ်ငန်းခွင်ကို ဝင်ရောက်လုပ်ကိုင်နေတဲ့ သူတွေလည်း ရှိနေပြီလို့ ပြောပါတယ်။
အားလုံးက တောင်ပေါ်ဒေသက ဖြစ်ကြောင်းနဲ့ ရေရှည်အနာဂတ်မှာလည်း ကလေးတွေ ပညာရေးအတွက်အဓိက အထောက်အပံ့ပေးပြီး ဘဝကိုရပ်တည်နိုင်အောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ထီဆိုင်နာမည်က ကိုဝတုတ်ထီဆိုင်ပါ။ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်မှာဖွင့်ထားတာပါ။ ဆရာတော်ပေါက်တဲ့ထီလက်မှတ်က ဒီနေ့မနက်ခင်း ၀၇း၂၀ လောက်က ထိုးသွားတာပါ။ ထီလက်ကျန်ရွက်ရေ ၁၀၀၀ ပေါ့။ ဆယ်သိန်းကို ဆရာတော်ကို ကျွန်တော်က ငါးသိန်းနဲ့ရောင်းလိုတာဗျအဲ။ ဒီထဲကပေါတာ” လို့ ထီဆိုင်ပိုင်ရှင် ကိုဇော်သက် ခေါ် ကိုဝတုတ်က ပြောပြပါတယ်။