တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် ဖိနှိပ်ခံတောင်သူတွေ ဝတ်ပြုဆုတောင်းပွဲလုပ်

မန္တ​လေး၊ ​မတ်​ ၂-၂၀၁၉

ဟိန်းကို+မောင်တာရာ(VOM)

အကျဉ်းကျခံ တောင်သူတွေ လွတ်မြောက်ရေးနဲ့ ဖိနှိပ်ခံတောင်သူတွေအတွက် လယ်ယာမြေသိမ်းဆည်းခံတောင်သူတွေ က ဒီနေ့မနက်က  မန္တလေးမြို့ရှိ မဟာမြတ်​မုနိဘုရားကြီးမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ တံခွန်​တောင်သူလယ်သမား သမဂ္ဂများအဖွဲ့ချုပ်က​နေ ဦး​ဆောင်​ပြီး တောင်သူ ၁၀၀နီးပါးနဲ့ ဆုတောင်းပွဲပြုလုပ်​ခဲ့ပါတယ်​။ မြန်မာနိုင်ငံလုံးဆိုင်ရာ တံခွန် တောင်သူလယ်သမား သမဂ္ဂများအဖွဲ့ချုပ်ရုံး မန္တ​လေးတိုင်းဥက္ကဌ ကိုလင်းထင်စိုး က

 

“ဒီနေ့က ​တောင်​သူလယ်​သမား​နေ့ဆိုပြီး သက်​မှတ်​ခံရတဲ့​နေ့ဖြစ်​တယ်​၊ အမှန်​ဆိုရင်​ ဒီ​နေ့ဟာ မတ်​၂ရက်​ ၁၉၆၂ခုနှစ်​ ဦး​နေ၀င်း ဟာ အာဏာသိမ်းပြီး ပြည်​သူလူထုကို မတရားသဖြင့်​အုပ်​ချုပ်​ခဲ့တာ နှစ်​​ပေါင်း၅၇နှစ်​ပြည့်​တဲ့ ​နေ့တ​နေ့ဖြစ်​တယ် ကျွန်​​တော်​တို့ ​တောင်​သူလယ်​သမား​တွေက မတရားဖိနိုပ်​ချုပ်​ချယ်​ခံရတယ်​ ၊ မတရားသဖြင့်​​ထောင်​တွင်းအကျဉ်းချခံရတယ်​၊ မတရားသဖြင့်​တရားစွဲဆိုခံ​နေရတယ်​ ဒါ​တွေနဲ့ပက်​သက်​ပြီး​တောင်​သူလယ်​သမား​တွေရဲ့ဒုက္ခကို ​ပြေ​ပျောက်​​စေ​ဖို့အတွက်​ ဘုရားကိုလာ​ရောက်​ပြီး ဆု​တောင်းပွဲပြုလုပ်​ရခြင်းဖြစ်​ပါတယ်​” လို့ပြောပါတယ်​။

 

အဲဒီ ဆုတောင်းပွဲကို မန္တလေးတိုင်းအတွင်းက ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်၊ပြင်ဦးလွင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊စဥ့်ကိုင်မြို့နယ်၊သပိတ်ကျင်းမြို့နယ်၊ မတ္တရာမြို့ နယ်တွေက မှ တောင်သူလယ်သမားတွေ အပြင် စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်က လယ်ယာမြေသိမ်းဆည်းခံ တောင်သူတွေလည်းပူးပေါင်းပါဝင်တာကိုတွေ့ရပါတယ်။

 

အကျဉ်းကျခံတောင်သူလယ်သမားတွေ လွတ်မြောက်စေရေးအတွက် ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ တောင်သူတွေက မဟာမုနိဘုရားကြီးမှာ ဝတ်ပြုဆုတောင်းပြီး  ဘုရားကြီးအတွင်းရှိ ငါးကန်မှာ ငါး ၅၇ ကောင်ကိုလွှတ်ကာ ငါးစာ ၅၇ ခြင်း ကျွေးမွေးကုသိုလ်ပြု လုပ်ခဲ့ပါတယ်။

 

အကျဉ်းကျခံ တောင်သူတွေ ကို အစိုးရအနေနဲ့ အမြန်ဆုံးလွှတ်ပေးသင့်ပြီး သိမ်ဆည်းခံလယ်ယာမြေ ပြဿနာတွေကိုလည်း အမြန်ဆုံးဖြေရှင်းပေးစေလိုကြောင်း တက်ရောက်လာတဲ့ တောင်သူတွေက ပြောပါတယ်။

 

#voiceofmyanmar#ဝတ်ပြုဆုတောင်းပွဲ#အဖိနှိပ်ခံတောင်သူ#မန္တလေး#စစ်ကိုင်း#မဟာမုနိဘုရား

 

 

 

Related posts

✕
VOM News

FREE
VIEW