ဂျပန်မှာ ခရီးသည်တင်လေယာဉ်နဲ့ ကမ်းခြေစောင့်တပ်လေယာဉ် တိုက်မိတာကြောင့် လူငါးယောက်သေဆုံး

 

တိုကျို၊ ဇန်နဝါရီ-၂-၂၀၂၄

မျိုးဆက်(VOM)

ဂျပန်နိုင်ငံမှာ ကမ်းခြေစောင့်တပ်လေယာဉ်နဲ့ ဂျပန်လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်တို့ တိုက်မိပြီး လူငါးယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကမ်းခြေစောင့်တပ်လေယာဉ်နဲ့ တိုက်မိတဲ့ ခရီးသည်တင်လေယာဉ်ဟာ တိုကျိုမြို့ ဟာနီဒါလေဆိပ်မှာ မီးလောင်မှုဖြစ်ခဲ့ပေမယ့် ခရီးသည်နဲ့ လေယာဉ်အမှုထမ်းတွေအားလုံးကို ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။

ခရီးသည်တင်လေယာဉ်ဟာ ဟော့ကိုင်းဒိုးရှိ နယူးချီတသွိုဆီလေဆိပ်ကနေ ဟာနီဒါလေဆိပ်ကို ပျံသန်းတဲ့ ခရီးစဉ်အမှတ် ၅၁၆ ဖြစ်ပြီး ကလေးငယ်ရှစ်ယောက် လေယာဉ်အမှုထမ်း ၁၂ ယောက်အပါအဝင် လူ ၃၆၇ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ခရီးသည်တင်လေယာဉ်နဲ့ တိုက်မိခဲ့တာဟာ ကမ်းခြေစောင့်တပ်အမှုထမ်း ခြောက်ယောက်လိုက်ပါသွားတဲ့ MA722 အမျိုးအစားလေယာဉ်ဖြစ်ပြီး လေယာဉ်မှူးက ခုန်ထွက်နိုင်ခဲ့ပေမယ့် ကျန်အမှုထမ်းငါးယောက် သေဆုံးခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီလေယာဉ်ဟာ ပြီးခဲ့တဲ့နေ့က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်နဲ့ပတ်သက်ပြီး နီဂါတာစီရင်စုကို ကူညီရေးပစ္စည်းတွေပို့ဖို့ သွားရောက်မယ့်လေယာဉ်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:NHK

Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW